Friday, October 11, 2013

အလောင်းဘုရား စစ်ဗျူ ဟာ

ရုတ်တရက်ဖြစ်
ရုတ်တရက်ပျက်
ရုပ်တရက်ကြောင့် ဖြစ်ရတဲ့ စိတ်နာမ်နဲ့ ရုပ်ဒြပ်ကား
ပြုတ်ကျသွားပြီး ဖြစ်ပေါ်လာစေတဲ့
တမှုန်တစ၏ တသက်တာအတွက် မြင့်မြတ်တဲ့ ဆုတန်ဘိုးများရှိတယ်
ဒုက္ခများပြီး ဟစ်ခေါ်ရှာနေတဲ့
တစုံတစ၏ တသက်စာအတွက် ညစ်ပတ်တဲ့ ဆူးဒဏ်ဆိုးများအပြည့်ပဲ
သုံညအတိ စကြာဝဠာရဲ့ အဆစ် ဆင့်ထပ်သွားတဲ့ နံရိုးများထက်
တကယ်ပဲ ရိုးသားလျှက် ပေါက်ဖွားတကယ်ရုပ်လုံးကြွလာသော
သဘာဝမေတ္တာတရားရဲ့စစ်မှန်မှုဟာ တရားဖြစ်သလား
သုံညအတိ စကြာဝဠာရဲ့ အဆင့်ဆင့် ထပ်ထားတဲ့ နံရိုးများအောက်
တကယ်လည်း ကြိုးစားလျှက် ပျောက်သွားကွယ်မြုပ်ဖုံးရရှာသော
ထာဝရသစ္စာတရားရဲ့ကျင်ကြံမှုဟာ မှားသင့်သလား
ထိုစဉ်းစားချက်ကို ငြင်းထားတဲ့အဆိုမှာ
ပထမဆုံးတွင် ပွင့်ထွက်ပြီး ဆက်လာဖို့ ခရီးတခုစာ လောဘရမ္မက်
မက်လုံးအားသစ်များစွာ ယာယီ ပေးခဲ့ပေ၏
ဘဝအဆုံးတွင် ဖြစ်ပျက်ပြီး ထွက်ခွာဖို့ အပြီးတခုမှာ ဒေါသအမျက်
အမုန်းအမှားသင့်သွားကာ ကမ္ဘာချီ  သွေးပျက်စေ၏
ပိုလေးနက်နေသည့် ဒသနကား
ရုပ်ဒြပ်များသည် စုတ်ပြတ်သွားပေမည်
စိတ်နာမ်များသည် ဗိဗ္မာန်မှားနေသည်ဟု
အချိန်အခါအလိုက်
ကျိန်စာတိုက်ထားတဲ့ အမြိုက်တရားအားလုံးတွင်
မနုသတိုက်သားအားလုံး အကျုံးဝင်သလို
ရှုပ်ပွအမှိုက်အများဆုံး စကြဝဠာကိုယ်တိုင် ပါဝင်နေခဲ့တယ်
မကြာခင် အရာရာမမြင်ပဲ နေမဲ့မယ်
မကြာခင် အာကာခွင်လည်း လေမဲ့မယ်
မကြာခင် ဗလာပြင်လည်း မြေမဲ့မယ်
မကြာခင် အဏ္ဏဝါပြင်ထဲ ရေမဲ့မယ်
ကဲ...နေခဲ့မယ်တွေ မနေခဲ့ဘူးတွေ မရှိတော့ဘူးလေ
ရုတ်တရက်အသိက ဆက်မနေသင့်လည်း
ရုပ်တရက်အရှိက ဆက်နေဖြစ်ဆဲ
ရုပ်တရက်ကြောင့် ဖြစ်ရတဲ့ စိတ်နာမ်နဲ့ ရုပ်ဒြပ်ကား
နှုတ်ထွက်သွားခွင့် လျှောက်မရတဲ့ ဗလာစာအုပ်ပဲ
ဘာတွေပဲလာလာ ရေးထဲ့ပါ
ဘာတွေလဲဗျာ အခုဖတ်ကြည့်တာ
စာသားပျက်ကာ အရှိတရားမဲ့သော စက္ကူ ရွက်ပါး
ရုပ်တရက်ကြောင့် ဖြစ်ရတဲ့ စိတ်နာမ်နဲ့ ရုပ်ဒြပ်ကား
ဆုတ်ဖျက်သွားခွင့် ဖောက်မရတဲ့ ဗလာစာချုပ်ပဲ
ဘာတွေပဲပါပါ မမေးနဲ့ဗျာ
ဘာအဖြေလဲရှာ တခုမှမရှိပါ
ဗလာသက်သက် ကတိစကားနဲ့သဘောတူချက်များ
စိတ်နာမ်နဲ့ ရုပ်ဒြပ်များဟာ
သိပ်နံတဲ့ အပုတ်အပွများပါ၊ စိတ်မမှန်တဲ့ ဥက္ကဌများပါ
သိပ်မခံတဲ့ အစုတ်အပြတ်များပါ၊ အဆိပ်ဆန်တဲ့ ပုဒ်မများပါ
အရိပ်သဏ္ဍာန်မဲ့ လုပ်ရပ်များပါ၊ အတိတ်ကံရဲ့ ဆုတ်ကပ်များပါ
သိပ်မတန်တဲ့ လုပ်ခများပါ၊ စိတ်ဈာန်မဲ့ မနုသများပါ
စိတ်နာမ်နဲ့ ရုပ်ဒြပ်များဟာ
သိပ်တန်တဲ့ ဒုက္ခတရားပါ၊ နိဗ္ဗာန်မဲ့ ဗုဒ္ဒတရားပါ
အရာရာတို့ အားလုံးတို့သည်
အဲဒီ အယုဒ္ဒယမြို့သားတွေလို ရက်ရက်စက်စက်သေလျှက်
အဲဒီ အယုဒ္ဒယမြို့ကြီးလို ပက်ပက်စက်စက်ကြေပျက်မှာပဲ
တချက်ပဲရှိသည်
အဲဒီ အောင်ဇေယျ ဆိုတဲ့ကောင်ကို လုပ်ကြံပစ်နိုင်တဲ့  ဒသန ကို ရှာရမည်

တောက်....ဒီကောင် လူ့စကြဝဠာထဲက တိမ်းရှောင်သွားခဲ့တာ ကြာပြီ။   ။

သုအိုင်စံ
၂၆-၀၈-၂၀၁၃

0 comments: