Thursday, September 12, 2013

ဧရာဝတီမြစ်ထဲက နဂါးသတ်ပွဲ

(လူသားဟာ အရှင်သခင် ဖြစ်တယ် တဲ့
ကမ္ဘာမြေပြင်ဟာ ကျေးကျွန် ဖြစ်တယ် တဲ့
သဘာဝအရင်းအမြစ်ဆိုတာ သုံးစွဲပစ်ရမယ် တဲ့
သခင်ဘဝကောင်းစားရေး၊ ကျွန်ဘဝခေါင်းပါးပေးရမယ်) လို့
တရုတ်တို့ရဲ့ လူ့ဖြစ်တည်မှု အဘိဓမ္မာယုတ်က ဆိုထားတယ်။

ကိုယ့်အသားကိုယ်ဖဲ့စားကြတဲ့ တရုတ်ပြည်ထဲမှာ
အခု အသားတွေကုန်ပြီး အရိုးတွေ ပုံ ပုံ လာခဲ့ပြီ။

ကိုယ့်ပျားရည်ကိုယ်မဖွတ်တတ်တဲ့ မြန်မာပြည်ထဲမှာ
ပျားရည်တွေ ပြည်လုံးကျွတ် ပြည့်လျှံကျ တွေ့နေရသည်။

သစ်ပင်ပန်းမန်တွေ မရှိတော့တဲ့ တောတောင်ထဲမှာ
ဘယ်ပျားတစ်ကောင်မှ မနေထိုင်ကြတော့ဘူး မဟုတ်လား
ပျားရည်တွေ မရှိတော့တဲ့ အရပ်မှာ
ဘယ် ဝက်ဝံတစ်ကောင်မှ ဆက်မနေထိုင်ကြတော့ပါ။

ရိက္ခာကုန် ဟာနေတဲ့ တရုတ်ပြည်ရဲ့ ဆာလောင်မှုက
သဘာဝစွမ်းအင်ပြည့်နေတဲ့ မြန်မာပြည်ရဲ့ အစာအိမ်ကို လုပြီ
မြန်မာတို့၏ မိခင်သွေးကြော ပျားရည်မြစ်ကြီး ဧရာဝတီသည်
ခေတ်အဆက်ဆက် သိက္ခာဣနြေ္ဒရရ စီးဆင်းချိုမြ
ပိန်လှီနေတဲ့ ဝက်ဝံကောင်တွေက သွားရေ တမြမြ။

တရုတ်နဂါးဟာ
အလှကြွယ် ကချင်ကျောက်စိမ်းမလေးရဲ့ ပါးပြင်ကို စိတ်စမ်းနမ်းကြည့်တော့
တိုင်းရင်းသူမလေးက ပျော့ညံ့စွာ ရှက်ရွံ့ အားနာပြခဲ့မိတယ်
တန်ဖိုးရှိ ကြေးနီတောင်မလေးရဲ့ နို့သားကို စိတ်စမ်းကိုင်ညှစ်ကြည့်တော့
နိုင်ငံတော်က ပြတ်ပြတ်သားသား ပါးထမရိုက်ပဲ ယားရွလိုက်ခဲ့မိတယ်
ဓါတ်ငွေ့လျှံနေတဲ့ ရခိုင်မလေးရဲ့ ဗိုက်သားကို စိတ်စမ်းပွတ်သတ်ကြည့်လိုက်တော့
ကတိလွန်နေတဲ့ တိုင်းပြည်က ချွတ်သလိုလို လှန်သလို ပိုဟန် လိုဟန် ထုတ်ခဲ့မိတယ်
ကဲ..သိတယ်မဟုတ်လား..ဒီလောက်အနေအထားကို နဂါးက သိပ်နပ်တာပေါ့
အခုတော့ မိခင်ဧရာဝတီရဲ့ အဝမှာ နဂါးအမြီး လာ ထောက် တေ့ထားလိုက်ပြီ
တောက်...ဒီစောက်နဂါးက
ဖွဖွလေးစမ်းလိုက် ဆတ်ဆတ်လေးနမ်းလိုက်
ဖိဖိလေး နှစ်လိုက် အိအိလေး ညှစ်လိုက်
ဖီးလာအောင်ဆွယ်လိုက် စီးလာအောင်သွယ်လိုက်
(ငါတို့ တိုင်းပြည်၏ ခေါင်းဆောင်ဆိုးတွေရဲ့ အတတ်ဆန်းမှုတွေပေါ့)
တောက်...အခုနေ ဖြစ်လိုက်ကြလို့များတော့ကွာ၊
နှစ် ၄၀အရွယ်ခင်ပွန်းက ၈ နှစ်အရွယ်မယားကို
ကုလားလို လူသတ်ပစ်လိုက်သလိုထက် ဆိုးဝါးမလားပဲ
ဒါ လူသန်းထောင်ကျော် "ဖို" အနမ်းအား လူသန်း ၆၀ ကျော် "မ" ပါးပြင် မဆန့်တဲ့ကိစ္စပဲ
တစစီပေါက်ပြဲ အပြီးပဲ အသက်ထွက်သွားနိုင်တယ်
ဒါဟာ ဒေါသအိုးပေါက်ကွဲထိုးနှက်တိုက်ခိုက်သတ်ဖြတ်ရင် မှန်တဲ့ တရားပဲ
ဟေ့...လာ..ရှိ ရှိသမျှ ယိမ်းနွဲ့ပါးတွေ ဆွဲထုတ်လာကြစမ်း၊
ဟေ့...လာ..ရှိ ရှိသမျှ ငှက်ကြီးတောင် ဆွဲထုတ်လာကြစမ်း၊
ဟေ့...လာ..ရှိ ရှိသမျှ တိုက်ခိုက်ရေးဓါးတွေ ဆွဲထုတ်လာကြစမ်း၊
အားကြီးတဲ့ နဂါးအမြီးကို ညီညွတ်ဝိုင်းဖဲ့ ခုတ်ဖြတ်သတ်မယ်
တအားလည်လွန်းတဲ့ နဂါးလည်မျိုကို ဒီတခါ ညီညာ လှီးဖြတ်ပစ်မယ်
မြန်မာပြည်ကြီးရေ နိုးထတော့ ပြည်သူလူထုကြီးရေ နိုးထတော့
"ရာဇဝင်များရဲ့သတို့သမီး"၊ ငါတို့ရဲ့ မိခင်ကြီးကို ကာကွယ်ကယ်တင်ကြ
ကျူးကျော်လာတဲ့ တရုတ်တွေကို တန်ပြန်တိုက်ထုတ်ရှင်းလင်းကြစို့...တို့မြေ
ဒါတို့မြေ
ကမ္ဘာမကျေ မြန်မာပြည် ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်ဆိုင်တဲ့မြေ စွမ်းဆောင်ပါစို့လေ။   ။

သုအိုင်စံ
၁၂-၀၉-၂၀၁၃

0 comments: