တခုခုရဲ့ အတွေးများက ထုနဲ့ထည်နဲ့ အားပြင်းတယ်
တခုခုအတွက် အရေးအသားတခုရဲ့ နယ်က တအားကျဉ်းတယ်အတွေးအားက ထွက်ပြေးခဲ့ စကြဝဠာကျယ်သည့် အညွှန်းအတိုင်း သွားရောက်ခဲ့
ကဗျာတိုင်းပဲ ဖြစ်နေရတယ်။
အတွေးမကောင်းတဲ့ ကဗျာဟာ
ဈေးမကောင်းတဲ့ ဖာလိုပါပဲ
တဏှာဗိုလ်ကျချင်သူ များတယ်
ကဗျာအကောင်းတွေဟာ
ဖာအကောင်းလို ရှားခဲ့ရှာတယ်...။
ရသကို ဝတ်ပြီး ဒဿနပဲ ချွတ်ချွတ်
စကားလုံး စာသားတွေ
အားသုံး ရှာထားပေတဲ့ နိဗ္ဗာန်ဘုံပဲ
ဒါဟာ
တွေးဆချက်တွေကို
ထွေးထပ်ထည့်ထားတဲ့ တရိစ္ဆာန်ရုံ မဟုတ်ဘူး
စိတ်အတွင်းတွေးဆချက်ကို
အရိပ်နင်း ရေးစပ်ဖွဲ့ဆိုမဲ့ စကားလုံးတွေဟာ
အားလုံးသော ဘာသာစကားတွေမှာ ချို့တဲ့ အရေးအသားလို ရှားပါး
အဲဒီချို့ငဲ့အရေးအသားရဲ့အားများနဲ့အာနိသင်ကို ဆက်စည်းခြုံလျှက် ရေးဖွဲ့ပြီးရတဲ့ ကဗျာတိုင်းမှာ
ကဗျာ၏ ပင်ကိုယ် ဖွဲ့စည်းပုံနဲ့ သွေးလှည့်စီးပုံမှာ တသံ သံဟာ အမြဲလိုနေခဲ့မယ်
ဘယ်တော့မှ မရှိခဲ့တဲ့ အဲဒီအသံဟာ ဘာကီးနဲ့မှ ညှိလို့မရဘူးပေါ့
ဒါပေမဲ့ အတွေးထူးပြီးကြည့်ရုံသက်သက်နဲ့တော့ အနှစ်နဲ့ပုံသဏ္ဍာန်တူကို ကြားမြင်နိုင်ပေရဲ့...
ဒီ..စိတ်အတွေးလှိုင်းရဲ့ပုံတူဟာ ကဗျာတိုင်းထဲမှာ ပါးပါးလေးပဲ ပါလာခဲ့တော့တယ်။ ။
သုအိုင်စံ
၂၄-၀၈-၂၀၁၃
0 comments:
Post a Comment