Wednesday, July 31, 2013

အရာရာ

တစ်ယောက်နဲ့ တစ်ယောက်ကို အနိုင်ထိုးသတ်ရစဉ်က
လက်နှစ်ဖက်ကို အသုံးပြုခွင့် ရခဲ့ရင်
တစ်ယောက်နဲ့ နှစ်ယောက်ကို အပြိုင်ထိုးသတ်ရတဲ့အခါ
ဘာလို့ လက်လေးဖက် အသုံးပြုခွင့် မရတာလဲ
တချို့ငရဲဟာ ဘယ်လောက်နက်သလဲ သိဖို့
ခုန်ချကြည့်ဖို့ မလိုသလို
တချို့ကောင်းကင်ဘုံဟာ ဘယ်လောက်မြင့်သလဲ သိဖို့
ခုန်တက်ကြည့်ဖို့ မလိုပါ
လူ့ဘဝဟာ အတွေးအခေါ်ပဲ လိုတယ်/ အဲဒီလိုတာဟာ မလိုဘူး
မလိုအပ်ပေမဲ့ အပိုရနေတဲ့အရာတွေကို လိုအပ်တတ်လာတဲ့အခါ
အရာရာဟာ ယုံကြည်တာတွေကို မေ့ပစ်ကျောခိုင်းသွားမည်
ဒီနံရံတံတိုင်းခြားနေသလိုလို ဒီလလွင်ပြင်ရိုင်း တောက်ပနေသလိုလို
ဒီအသံလိုင်းဝါးနေသလိုလို ဂီတသံစဉ်လှိုင်း လျှောက်ပြနေသလိုလို
လိုနေလား ပိုနေလား နဂိုဝေဝါးသော တစုံတရာဟာ အရာရာ။   ။

သုအိုင်စံ
၃၁-၀၇-၂၀၁၃

0 comments: