Sunday, June 30, 2013

ရောမရောက် မေမေ့သား


ဒီ လေထုဟာ ပုဆိုးဝတ်လို့ မရဘူး
ဒီ တိုက်ခန်းဟာ ငါးပိရည်ကြိုလို့ မရဘူး
ဒီ မြစ်ဟာ ရေဆင်းကူးလို့ မရဘူး
ဒီ မြေကြီးဟာ ညှပ်ဖိနပ်စီးလို့ မရဘူး
ဒီ လူဟာ မင်္ဂလာပါပြောလို့ မရဘူး
ဒီ ကားဟာ လက်ယာကပ်မောင်းလို့ မရဘူး
ဒီ တရိစ္ဆာန်ဟာ လေးခွနဲ့ပစ်လို့ မရဘူး
ဒီ သစ်ပင်ဟာ ဖက်တွယ်တက်လို့ မရဘူး
ဒီ ဆိုင်ကယ်ဟာ ဦးထုတ်မပါပဲစီးလို့ မရဘူး
ဒီ အရက်ဟာ လမ်းပေါ်မှာသောက်လို့ မရဘူး
ဒီ ပန်းခြံဟာ ဆေးလိပ်သောက်လို့ မရဘူး
ဒီ သင်္ကြန်ဟာ ရေပက်လောင်းလို့ မရဘူး
လိုက်နာရပြီ......။
အဲဒီ လုပ်မရတာတွေ အားလုံး
အမေ့ဆီမှာ အကုန် လုပ်လို့ရတယ်လေ မေမေ...။
ဒါပေမဲ့
ဒီမှာ ဒီသားဟာ အမေ့သား
အမေ့သားဟာ အမေ့သား လုပ်လို့မရဘူးလို့
ရောမဥပဒေ ရှိခဲ့ရင်တောင် သား ချိုးဖေါက်မယ် ရဲရဲပဲ။    ။

သုအိုင်စံ
၀၁-၀၇-၂၀၁၃

0 comments: