Friday, May 31, 2013

သံတူကြောင်းကွဲ

၁ ကနေ ၁၂ နာရီ ထိ

ငါ ပိုင်သည့်အရာ။

၁ ကနေ ၁၂ နာရီ ထိ
မင်း ပိုင်သည့်အရာ။

ဒါဆို (ငါ=မင်း) ပေါ့။

ဒါပေမဲ့
ငါက နေ့အလင်း
မင်းက ညအမှောင်
ဒါဆို (ငါ> < မင်း) ပေါ့။

သံတူကြောင်းကွဲကို
ပြောင်းပြန်လှန်လိုက်တဲ့အခါ
ကြောင်းကွဲသံတူ ပဲ ဖြစ်လာတာပဲ။

ဟိုဟာ ဒီဟာ အရောင်မခွဲခြားပါဘူး
လူဆိုသည်မှာ တစ်ကောင်ထဲသမားတွေပါ
နာရီက လည်နေတော့
သူ့အလှည့် ကိုယ့်အလှည့် ရှိတာပေါ့
နေဝင်သွားတဲ့အသက်ဟာ နေထွက်လာဖူးတဲ့မနက်ပဲ
အကြံတူခေါင်းကွဲတဲ့ အတွေးအခေါ်တွေနဲ့
စက္ကန့်ရဲ့အရွေ့ပေါ်
ဖြစ်ပေါ်ခဲ့လေသမျှ ရင့်ရော်ပျက်ကြွေကျတယ်။   ။

သုအိုင်စံ
၃၀-၀၅-၂၀၁၃

0 comments: