Sunday, April 14, 2013

ဘော်လုံး

ပြန်ကန်ထွက်ဖို့
အကန်ခံခဲ့တယ်
ထိရင် ချမှာပဲ
ငြိရင် သတ်မှာပဲ
လူကို အရိုး/အသား ထိုးဖယ်ခွဲဖို့
လူကို ရိုးသားစွာ ကိုးကွယ်မြဲပဲ
လူတောထဲမှာ လူချောလည်း လုပ်တယ်
အနူတောထဲမှာ လူပေါလည်း ဟုတ်တယ်
မကန်နဲ့ ၊ထုတ်ပယ်ချင်လား ရတယ်
အကြံနဲ့ ချုပ်ချယ်ရင်တော့ လီးပဲ
ရှုပ်တယ် ဒီခရီးကိုပဲ ပြန်ပြန်ပတ်နေရ
ဒီပွဲကို ဒီနည်းနဲ့ပဲ ပြန်ပြန်စနေရ
ဒေါသများ အံ လျှံပြည့်နေပေမဲ့
မပြောပြအားလို့ ပြန် ပြန် ကွေ့နေရတယ်
ကြည့်ပါဦး ဂိုးရသွားတော့ လူသားအားလုံး
ပွဲပြီးလို့ ပစ်ထားခံရတော့ ငါက လူဘော်လုံး
အတွေးအခေါ်မှာ
အတော်ဆုံးကောင်တွေနဲ့ပဲ ဆွေးနွေးချင်ပေမဲ့
အပျော်သုံးပွဲတွေမှာလည်း ရင်းရဲတဲ့ကောင်ကွ
ဒေါင်ကျကျ ပြားကျကျပဲလေ
အမြဲလုံးနေအောင်တော့ အမြဲလေတင်းနေခဲ့တယ်။  ။

သုအိုင်စံ
၁၄-၀၄-၂၀၁၃

0 comments: