ဘယ်ခြေထောက်မှ
မွေးမွေးချင်း ဖိနပ်နဲ့ မကန်တတ်ဘူး
ဘဝဆိုတာ ကျင့်ရတယ်
ဓမ္မဆိုတာ စစ်ရတယ်
ဘော်လုံးဆိုတာ လုံးရမယ်
ဒီကမ္ဘာလောကမှာ ဘော်လုံးတစ်လုံးပဲရှိရမယ်
ဘော်လုံးဟာ (၀၀၀)အောင်စ လေး၊ (၀၀၀)လက်မ ကျယ်
ဘော်လုံးတစ်လုံးမှာ အဓိပ္ပါယ် ၂ခုပဲ ရှိရမယ်
တယောက် ယောက် ရရင်ရ၊ မရရင် သရေကျမယ်
ပွဲအစမှာ ခြေ ၂ချောင်းပါသူ ၁၁ယောက်ပဲ ရှိရမယ်
အပြေးမသန်များ စိတ်မမှန်သူများ ဘယ်ဒိုင်မလုပ်ရ
ခရာမှုတ်ရင် စ၊ ခရမှုတ်ရင် ရပ်၊ မနာခံရင် ပြစ်ဒဏ်ကျ
ကဲ...ဒီဘဝမှာ
တစ်လုံးပဲရှိသည်
ရမှ ဖြစ်မည်
ဝိုင်းလုကြပြီ
၂ဝါကဒ် ၁နီ၊ ၁နီ ၁ယောက်ထုတ်
ဒိုင်က ဒိုင် အလုပ်လုပ်မယ်
အနည်းဆုံးတော့ မိနစ် ၉၀ပဲ
ဒီပွဲမှာ
၂ဝါနဲ့ တယာက်ပြီး တယောက် ထွက်သွားပြန်ပြီ
၁နီနဲ့ တယောက်ပြီး တယောက် ထွက်သွားပြန်ပြီ
ဒါပေမဲ့ နှစ်ဖက်စလုံးစီ အချိုးညီ တစ်ဂိုးစီပဲ
ကွင်းလယ်ထဲ လူ ၃ ယောက်ပဲ ကျန်တော့သည်
ဒီအချိန်မှာ
ဘယ်ခြေဟာ ဂိုးလွဲထားပေမဲ့
ဘယ်ခြေပဲဆက်သွင်းသွားမှ အနိုင်ဂိုးရမှာ
ဟော..ဘယ်ခြေဟာ အနီကဒ်ထိသွားပြန်ပြီ
ဒီအချိန်မှာ
ညာခြေဟာ ကိုယ့်ဂိုးကိုယ် သွင်းထားပေမဲ့
ညာခြေပဲ ဆက်ကစားမှ နောက်တန်းတောင့်မှာ
ဟော...ညာခြေဟာ ခြေခေါက်ကြွက်တက်သွားပြန်ပြီ
တစ်သင်းလုံးမှာမှ
ကစားသမားတစ်ယောက်ပဲရှိတော့တဲ့အသ
ပြစ်ဒဏ်ချမဲ့ခရာကိုမှုတ်တော့မဲ့
ရုတ်တရက်ယိုင်လဲပုံကျသေဆုံး
ပြေးခုန်နေတဲ့ဘော်လုံးဟာ
ဘားတန်းအောက်က
တိုင်ထောင့် စည်းလယ်တည့်တည့်ပေါ်မှာ ရပ်သွား
ကစားသမားတွေရော ပရိသတ်ကြီးပါ တိတ်ဆိတ်ဆွံ့အ
စိတ်များစွာထဲမှာ ဘာစိတ်ထားမှ မရှိကြတဲ့ ခဏလေး
အတွေးများစွာထဲ ဘာအတွေးမှ မရှိကြတဲ့ ခဏတာ
ဘဝဟာ အ နေရတာ အရသာပဲ။ ။
သုအိုင်စံ
၂၉-၀၃-၂၀၁၃
Saturday, March 30, 2013
အမှတ်တမဲ့ အ နေ လျှက်တစ်ပျက်အလှတွေ ဘဝပျက်ခဏ သရေ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment