Thursday, March 28, 2013

အိုး မိုင်ဒီးယား မမ


စစ်ဖိနပ်သံတွေဟာ မြို့ထဲမှာ ဆူညံ နေတယ်
အသားမည်းမည်းတွေ ၊အသားဖြူဖြူတွေ၊ အသားမဖြူ့တဖြူတွေ
ဟိုစပ်စပ် ဒီစပ်စပ် ပါသူတွေ ၊ ဟိုရပ်ကြည့် ဒီရပ်ကြည့်
ဟိုဟာထလုပ် ဒီဟာထလုပ် ၊ ဟိုယောင်ယောင် ဒီယောင်ယောင်
အဲဒါနဲ့ပဲ မမဟာ ထထကြွကြွ မရှိနိုင်လောက်အောင် ရွဲ့စောင်းသွားရရှာ
မြို့ထဲကို လော်ရီကားကြီးတွေ စနစ်တကျ မောင်းဝင်လာတာ
မြို့ထဲကို မီးတုတ်တစ်ရာလောက် စုပုံပြီး မှောင်ခိုသွင်းလိုက်တာ
မြို့ထဲမှာ လူပေါင်းထောင်ဂဏန်း ခဏခြင်း မျက်လှည့်ပြခံရကာ အိမ်တွေပျောက်ကုန်တာ
အခိုက်အတန့်အတွင်းမှာ အ၀တ်တွေ ပြောင်းလဲကာ
သတင်းမီဒီယာတွေဟာ သွေးစော်တွေနံကုန်တယ်
ရပ်ကြည့်နေကြတဲ့ လက်နက်ကိုင်တွေဟာ ဒီတစ်ခါ အကြမ်းမဖက်တော့
ဖြည်းဖြည်းလေးပဲ ကြည့်ရင်းနဲ့ ကြည့်လိုဝမှ ဖက်တော့ မမဟာ အကြမ်းပတမ်းကို တုန်လှုပ်
သိပ်ကြောက်သွားသလား မမ ဒီတစ်ခါ ဘောင်းဘီချွတ်တာ အမှန်ကြီးချစ်လို့ပါ ဆိုပီး
ဗိုလ်နာဇီဟာ အကြမ်းဖက်၊ ကမ္ဘာကြီးမှာ အကြမ်းဖက်တော့ ဒီမှာလည်း
မှီသလောက်လေး ခပ်ကြမ်းကြမ်းဖက်ရတာပါဆိုတော့ကာ
မေတ္တာသုတ်လေးဟာ မီးလောင်ပြာကျသွားရရှာ။
အံသြစရာပဲ အင်တာနက်လိုင်းတွေ မြန်ဆန်နေသေးတယ်
ကိုယ်လည်း ကျေးဇူးတင်တယ် မမ ။ တစ်ယောက်နဲ့တစ်ယောက် ဆဲရတာ
ဘာနဲ့မှ လဲလို့မရနိုင်တဲ့ သည်းခံခွင့်လွှတ်မှုတွေမဟုတ်လား။
ဟိုနားမှာ မမအတွက် အမဲဖျက်မယ့် ကိစ္စ
ဒီနားမှာ  မမကို မြောင်းထဲပို့မယ့် ကိစ္စ
“အိုး...မမ ဒီမှာလေ ချချချချ ဖြစ်နေပြီ
အိုး...မမ လူမှန်တွေ လက်မြှောက်ရတဲ့ ရောဂါပါ”
မမ ရဲ့ သားဟာ ခေါင်းငုံ ခြေစုံရပ်ကာ အသက်ဝိညဉ်တွေတောင် တကယ် ပျောက်ပျက်ပြီ
ဒီကောင် ချစ်တာ ရင်ထဲက ထိလား.....................
မမ ဟာ စစ်ဖိန့ပ်သံတွေအောက်ကို ပြန်ကာ ခဏရောက်သွား
အပြစ်အခတ် ရပ်တော့လည်း ဆဲရတာပေါ့ မမ
ဆဲကြဆိုကြ သတ်ကြပျော်ကြမှာ မမဟာ မြို့ကောင်းကြီးကနေ ထဟောင်းခဲ့ရ
မမ ဟာ ပိဋိကတ်သုံးပုံကို ပူဇော်ခဲ့သူ မိန်းမကောင်းလေး
မမ ဟာ ကိုအာရန်ကျမ်းကို ရွတ်ဖတ်ခဲ့သူ အမျိုးကောင်းသမီးလေး
မမ ဟာ သမ္မာကျမ်းစာကို ယုံကြည်ခဲ့သူပေါ့
မမ ဟာ အစဉ်အလာအရ နတ်လည်း ကိုးကွယ်ခဲ့ဖူးတယ်
မမ ဟာ လမ်းချင်းမတူတာနဲ့ လူချင်းချတာကို ခံရ
ဖက်ဆစ်တော်လှန်ရေးကြီးမှာ ဘာသာမတူ လူမျိုးမတူ တွေ စုပေါင်းပြီး
တော်လှန်ခဲ့တဲ့ လူမျိုးရေး မခွဲခြားသူ မမ။
မမ ဟာ လွိုင်ဇာကို လမ်းလျှောက်နေပေမယ့်
မမ ဆီမှာ အသားအရောင်လေးတွေ မတူတာလေးတွေကို စက်ဆုပ်နေသ၍
မမ ဟာ ငြိမ်းချမ်းသာယာချမ်းမြှေ့အေးမြချစ်စရာကောင်းတဲ့ တိုင်းပြည်ကို မတည်ဆောက်နိုင်။
ဟိုယောင်ယောင် ဒီယောင်ယောင်တွေဟာ မမကို ခြေချနင်း
မမဟာ ဟိုလူမျိုး ဒီလူမျိုးတွေကို ဘေးဖယ်ထုတ်တယ်ဆိုပီး
ဟိုကမ္ဘာက လက်ညှိုးထိုး ၊ မမဟာ နေရင်းထိုင်ရင်း ဇာတ်ကြမ်းတိုက်နေတဲ့ ပုဏ္ဏကလို့
သောက်ပြော သောက်ဆို ခံနေရတာ သောက်ကျိုးနည်းကြီးကွယ်။
မမ လုပ်သမျှတွေဟာ မမလုပ်နေတာကြီး မဟုတ်ပါ
မမ ဆိုသည်မှာ စာမတတ်ပေမတတ် မမ ၊ စာပေကျွမ်းကျင် မမ ၊
ဈေးကွက် စီးပွားရေး မမ မှသည် စီးပွားရေးပိတ်ဆို့ မမ
ထိုမှ တဖန် ပွင့်လင်းမြင်သာ မမ အဲဒီရောက်တော့မှ
ပွင့်ပွင့်လင်းလင်း အလုပ်တွေ ပေါက်ကရ လုပ်ပြရှာတဲ့ မမ။
မမ ဟာ စစ်ဖိနပ်သံတွေနဲ့ စစ်ခရာတွေ ညံနေတုန်းက ငြိမ်နေရှာတယ်
မမ ဟာ လစ်မယ်ထင်တာနဲ့ ထထဂွမ်းရော မမ အကြမ်းဖက်တယ်ဆိုပီး
ပတ်ဝန်းကျင်က မမ ကို အfuckကြမ်းကြတော့မယ်။ အိပ်နေရာက ထပါ မမ။
နားတွေ ဖွင့်ပါ ၊ စာအုပ်တွေ ဖတ်ပါ ၊ အလုပ်သစ်လုပ်ပီး အလစ်သုတ်ချင်စိတ် လျှော့ပါ။
မမ စာမဖတ် ပေမဖတ် လို့ စာမတတ် ပေမတတ် ရင်
အရှုပ်သစ်ကြောင့် အစုတ်ဖြစ်မှာပေါ့ မမ ။
ငြိမ်းချမ်းရေး ပန်းခင်းထဲမှာ ပျော်မွှေ့မယ် ဒါပေါ့ မမ ။



မောင်မြတ်သူ

0 comments: