Wednesday, March 27, 2013

"ကမ္ဘာမကျေဘူး" ကိုဆိုလိုက်တဲ့အခါ ငါ ကြက်သည်း ဖြန်းဖြန်း ဖြန်းဖြန်း မထတော့တာ ကြာပြီ

ငါတို့ဟာ
ဖြောင့်မှန်တဲ့ သွေးသစ္စာပရပိုဒ်ထဲမှာ
ဖောက်ပြန်တဲ့ ခွေးအကျင့်မြှာစရိုက်လည်းပါတာကို မမြင်နိုင်ခဲ့ဘူး
ဟစ်တလာ အာဏာမရူးခင်က ဓမ္မဓိဌာန်ကျတဲ့ ပန်းချီကားတွေ ဆွဲပြခဲ့ရဲ့.....
စစ်မှန်တဲ့ ယုံကြည်ချက်နဲ့ ပျိုးခက်ပွင့် အုတ်မြစ်ချ စမ်းရေစီးဆင်းလာ
ပွင့်အံလျှက် ဂုဏ်တည်ဖွဲ့တဲ့ မျိုးဆက်သစ် အလုပ်မြင့်မြတ် လမ်းမြေခရီးပြင်းမှာ
တော်လှန်မြေကမ္ဘာတည်ခဲ့ ခက်ခဲစွာရင်ဆိုင် နေ့ရက်ကြမ်းများရှင်းလျှက်
အဖော်မှန်တွေဟာချီတက် လက်တွဲကာယှဉ်ပြိုင် ရှေ့ဆက်လှမ်းသွားရင်းနဲ့
ဆေးသားစပ်ညီ အထူအပါးမှန်တဲ့ ပန်းချီတစ်ချပ် လှပသီဖြာဝင့်ထည်ဖို့
မွေးဖွားရပ်တည် လူသားဆန်တဲ့ ဒီဘဝခဏ မျှတညီညာတင့်တယ်ဖို့
ကျောသားရင်သား မခွဲခြားပဲ တန်းတူမြဲ ကိုယ်ထူကိုယ်ထဆင်နွဲ ဝိုင်းဝန်းဖေးမအပြန်အလှန်
သဘောထားအမြင်များ ကွဲပြားလည်း လမ်းတူထဲ အလိုမတူ၊အလိုမကျရင်လည်း ဝိုင်းဝန်းတွေးကြအမှန်အကန်
ပုဂ္ဂလိကဆန္ဒအကြံဥာဏ်များ ဆွေးနွေးထားခဲ့ခြင်းအား အမြန်အဆန်ဦးစားပေး တိုးတက် လန်းသစ်ရေးရှာ 
အလုပ်တိကျမြန်ဆန်သွားရေး အလေးထားလျှက်စဉ်းစား မှန်ကန်ထူးခြားရေး တိုးချဲ့ လမ်းဖွင့်ပေးကာ
ဒီလူတို့၏ နုနယ်ပျိုမျှစ်သော ဘဝရဲ့လှိုင်းတံပိုးလှော်ခပ်၊ကူးဆန့်ယိမ်းဖြာ ရင့်ကျက်လွန်းခြင်းအတွေ့အကြုံများရွှဲနင့်စဉ်
ပြည်သူတို့၏ ထုထည်လိုဖြစ်သော ဓမ္မနက်ရှိုင်းတန်ခိုးတော်မြတ်၊နူးညံ့ငြိမ်းစွာ ပွင့်လက်ထွန်းလင်းမွေ့ထုံတရားထဲနစ်ဝင်
ကမ္ဘာပတ်ပြီး အရာရာတတ်ကျွမ်းကျင်တဲ့ ရေပေါ်ဆီခေတ်ပညာရှင် မြို့ပြ ရဲဘော်များက သခင်အနားမလာပဲ အောင်နက်လိုဟစ်
ရွာမှာငတ်ပြီး အခါခါဘဝလမ်းစဉ်ပျက် အဖြေမျှော်ရည်လင့်လာစဉ် တချို့ကလွဲချော်သွားရ တမင်အမှားရှာမြဲ တကောင်ကြွက်လိုဖြစ်
လမ်းစစ်လမ်းမှန်ထက် တော်လှန်ရေးနဲ့ဒဏ်ရာခရီးသွားရဲ့ ဘဝပေးဆပ်အရင်းအနှီးက မြန်မြန်မသေသော် အဝေးလွင့်ဘေးသင့်ရှာ
နန်းသစ်နန်းစံမဲ့ တော်လှန်ရေးလက်ကျန်ဆရာကြီးများရဲ့ အမြတ်ဈေးဖြတ်ခြင်းနည်းက အမှန်အကန်ငွေပေါ် သူဌေးဖြစ်ရေးခေတ်မှာ
ဟစ်တလာ အာဏာမရူးခင်က ဓမ္မဓိဌာန်ကျတဲ့ ပန်းချီကားတွေ ဆွဲပြခဲ့ရဲ့
ဖောက်ပြန်တဲ့ ခွေးအကျင့်မြှာစရိုက်လည်းပါတာကို မမြင်နိုင်ခဲ့ဘူး
ဖြောင့်မှန်တဲ့ သွေးသစ္စာပရပိုဒ်ထဲမှာ
ငါတို့ဟာ

သုအိုင်စံ
၂၇-၀၃-၂၀၁၃

0 comments: