Tuesday, March 19, 2013

နိုင်ငံရေးမယ်မြန်မာ

ပြည်သူ့ အိမ်မက်တို့အား
အိမ်ဖျက်ဖို့ အတည်ပြု လိုက်ပြီ
ဘဝသွေး လောင်းစိုက်ခဲ့တဲ့ နိုင်ငံ့သံလွင်ပင်က
အဆိပ်ဆေးပေါင်းခ လန်းပေါ်ပွင့် နန်းတော်သစ်မှာ
မိစ္ဆာအသက်သွေးသိုက်ကိုမှ
ရိက္ခာဆက်ပေးလိုက်သတဲ့လား အရိယာထိပ်ထားရယ်
မယုံနိုင်စရာ အသိသညာ နိမ့်ပါး ကွယ်-ကွာ-သုန်း
စာလုံးပေါင်းသွားရမှာက (လူထုအတွက်)
စာလုံးပေါင်းမှားရတာက (လူတစ်စုအတွက်)
အနှစ် နှစ်ဆယ် လမ်းကြမ်းရဲ့ ဖိနပ်ပါးနှစ်ဖက်....စွန့်ရစ်ခဲ့ပြီ
အပြစ်စင်ကြယ် လန်းဆန်းတဲ့ သနပ်ခါးနှစ်ကွက်...ချွတ်ပစ်ခဲ့ပြီ
ပုလ္လင်မြတ်ဆီ ဘုရင်မကြွချီလာသည့်အလား စိတ်မာန်သွင်း ဟိတ်ဟန်ခင်း
အတိတ်ရဲ့ရန် လူတစ်စုရဲ့ မကောင်းဆိုးဝါးများနဲ့ ရည်ငံ
အနှိပ်စက်ခံ လူထုရဲ့ အကြောင်းအကျိုးများကို ဖီဆန်
သူမ ပစ်ခွာ မုန်းသွားသော မူလ သစ္စာ အပြုံးအား
ငရဲပန်းအဆိပ် ခပ်ထူထူသုံး အမြဲတမ်း မိတ်ကပ်ဖြူဖြူဖုံးထားလိုက်တော့တယ်။   ။

သုအိုင်စံ
၁၉-၀၃-၂၀၁၃

0 comments: