ရှုံးထွက်ပွဲမှာ
အနိုင်ဂိုးကို သွင်းပေးခဲ့တာ နံပါတ်(၁၀)
ကယ်တင်ရှင်ကြီးပဲ။
နောက်တစ်ပွဲမှာ
အနီကဒ်ယူပေးလိုက်တာလည်း သူပဲ
စောက်တလွဲကောင်ကွာ။
နောက်တစ်ပွဲမှာ
အဝါ၂ကဒ် ယူပေးလိုက်တာလည်း နံပါတ်(၁၀)
ဒီကောင်ဟာ ဖဲသေကြီးပဲ။
နိုင်တက် ရှုံးတက်ပွဲမှာ
အချောင်အနိုင်ဂိုးသွင်းပေးတာလည်း နံပါတ်(၁၀)
ကဲ...ဘယ်သူဟာ ကျေးဇူးတင်ရကောင်းမှန်း သိခဲ့ပါသလဲ။
နိုင်ထွက် ရှုံးထွက်ပွဲမှာ
နံပါတ်(၁၀)ဟာ အလှဆုံး အနိုင် ၂ ဂိုးသွင်းပေးခဲ့တယ်
ကဲ..ဘယ်သူဟာ ဂုဏ်ယူရကောင်းမှန်း သိခဲ့ပါသလဲ။
ဘော်လုံးသမားဆိုတာ ဘော်လုံးလိုပဲ
ပရိသတ် ဝိုင်းကန်တဲ့ ဒဏ်ကို ကြံ့ကြံ့ခံထား
ကိုယ့်ကိုယ်ကိုယ် လေမလျော့အောင်လုပ်ထားလည်း ခဏပါပဲ....
လူဟာလည်း သားရေပွဲတွေ အများဆုံးနဲ့ ပင်စင်ရသွားတဲ့ တိုက်စစ်မှူးပါ
ဒေးဗစ်ဘက်ကမ်းရဲ့ ညာခြေဟာ
ရပ်နေတဲ့ ပစ်မှတ်ကို ရပ်နေတဲ့ ဘော်လုံးနဲ့ ကိုက်(၅၀)ကနေ ကန်ရင်
တချက်မှ မလွဲဘူး၊ ကန်ချက်တိုင်းထိမှန်လေရဲ့
ဒါပေမဲ့ ဘဝဘော်လုံးပွဲမှာက
ရပ်နေတဲ့ ဘော်လုံးမရှိသလို၊ ရပ်နေတဲ့ ပစ်မှတ်လည်း မရှိဘူး မဟုတ်လား
အားလုံးဟာ အချိန်နဲ့ နေရာနဲ့ ပြေးလွှား လှုပ်ရှား ကစားကြ
နားမရတဲ့ အသက်ရှူခြင်း
ဘော်လုံးလို လေတင်းနေမှ ဂိုးသွင်းနိုင်မယ် မဟုတ်လား
ဘော်လုံးကစားသမားတိုင်းဟာ ပရိတ်သတ်ကြီးထဲမှာပျောက်ဆုံးသွားရ
ဘော်လုံးပရိသတ်ကြီးတိုင်းဟာလည်း ကွင်းလယ်ခေါင်မှာပျောက်ဆုံးသွားကြ
ကမ္ဘာဟာ နောက်ဆုံးမှာ ဘောလုံးကွင်းလို ပက်လက်ကြီးလန် အထီးကျန် ထားပစ်ခံရတာပဲ
ကန်သူမဲ့ဘော်လုံးတစ်လုံးစကြဝဠာထဲမှာ ခုန်ဆွ ခုန်ဆွ လွင့်နေရှာတယ်
အဲဒီမှာ ဂိုးတိုင်မရှိဘူး...။
သုအိုင်စံ
၀၉-၀၂-၁၃
Saturday, February 9, 2013
ကြေးကြီးပေးဝယ်ထားတဲ့ကောင်တွေရောက်မှ၊ ကလပ်က ဖလားနဲ့ လွဲ လွဲနေရတယ် ဘဝထဲ။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment