ဗိုင်းရပ်စ် တစ်ကောင်ဟာ
အရပ်ရှိလား အတောင်ရှိလား
အလှရှိလား အရောင်ရှိလား
အစရှိလား အဆုံးရှိလား
ဘဝရှိလား နှုန်းရှိလား
ကိုယ်ရှိလား စိတ်ရှိလား
ဂျိုရှိလား အဆိပ်ရှိလား။
ဗိုင်းရပ်စ်တစ်ကောင်ကို
ဗိုင်းရပ်စ်တစ်ကောင်လို့ပဲ မှတ်ထားလိုက်ပါ
ကိုယ့်ကွန်ပြူတာကို ဖျက်မဲ့ကောင်ပေါ့။
အဓိပ္ပါယ်ဆိုတာ
အဆိပ်စပ်နည်းလည်း ဖြစ်နိုင်သလို
အဆိပ်သတ်နည်းလည်း ဖြစ်နိုင်တာပဲ
ဒီခေတ်ထဲမှာ၊ ဒီစစ်ပွဲမှာ၊
ထိမှန်မှ ထပ်ကွဲ ဖြစ်ပေါ်တဲ့ ကျည်ဆံတွေချည်းပဲ
ခင်ဗျားမှာလည်း မသိပဲ ကိုးကွယ်လိုက်ရတဲ့ ဘုရားတစ်ပါး ရှိနေတယ်
ဟား ဟား ဟား။ ။
သုအိုင်စံ
၁၈-၀၁-၁၃
Sunday, January 20, 2013
ယုံကြည်ခြင်း
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment