skip to main |
skip to sidebar
စက်ဘီးပေါ်တွေမှာ
ရွက်စိမ်းဝေဖြာနေတဲ့ ပင်ကိုယ်အလှအပများ။
ဆိုင်ကယ်တွေပေါ်မှာ
ယိုင်ပျယ်သွားလေတဲ့ ပင်ကိုယ်ဒဿနတရား။
စက်ရဲ့အားနဲ့သွားတဲ့ကမ္ဘာဟာ
စက်ပျက်သွားတဲ့အခါဖျားပါလေရော။
ဘိန်းအစွမ်းနဲ့ စိမ်းလန်းခဲ့ရင်တော့
ဘိန်းမရရင် မစိမ်းမြနိုင်တော့ဘူးပေါ့
စက်တစ်စင်းက အသက်ပြင်းပြင်းရှူထုတ်လိုက်တဲ့
မီးခိုးတွေ ကြီးစိုးနေတဲ့ လေထုကို ရှူရှိုက်နေရတာ ဘယ်သူလဲ
စက်ကို ဖန်တီးတဲ့ လူပဲ ဖြစ်နေတယ်
အတတ်ဆန်းလွန်းနဲ့ ဥယာဉ်မှာ
ဘဝပန်းဟာ ပွင့် ပွင့် ချင်း နွမ်းနေရှာတယ်။ ။
သုအိုင်စံ
၂၀-၀၁-၁၃
0 comments:
Post a Comment