Tuesday, January 8, 2013

စေ့စပ်ရေးပွဲများ (၁)

မိနစ် ၉၀ မှာ သုံည သုံည
အချိန်ပိုမှာလည်း ဂိုးမရ
ပယ်နယ်တီ ကန်ရတော့မဲ့ပွဲ
(တစ်ကောင်ကောင် လဲတော့မှာမှန်ပေမဲ့ ဒိုင်ဘက်လိုက်ထားတယ်)
ဒါမျိုး ကြုံရ ကြည့်ရတာ မကောင်းပေမဲ့ဗျာ
ကိုယ်ကိုယ်တိုင် ကစားသမား ဖြစ်နေတဲ့အခါ
ကိုယ် လောင်းထားတာက တော်လှန်ရေးတစ်ရပ်
ကြည့်စမ်း...ယုံကြည်ချက်အလံတော်ဟာ ရင်တဆတ်ဆတ်တုန်လျှက်
သူပုန်ခေါင်းဆောင်ကြီးများ ပြေးကန်လိုက်ထဲ့လိုက်တယ်... ဘားတန်းပေါ်ကို။   ။

သုအိုင်စံ
၀၈--၁-၁၃

0 comments: