Tuesday, January 8, 2013

ဖားစည်ပျက်သံစဉ် နဲ့ ကျွဲဂျိုအက်ဂီတ


အရောင်မှိုင်းပြီ
သင်တိုင်းနီသည်
ဒုံးယိမ်းဝိုင်းထဲ
မျက်ရည်၇ွဲစို
လဲပြိုအလံ
ကျွဲဂျိုသံအက်
ဖားစည်ပျက်သံစဉ်
ခလံတောင်ဝှေးပင်ခြောက်များနှင့်
ပျောက်သွားတဲ့ ဘဝအဓိပ္ပါယ်များ
ဖိုးခွားအစ မောင်ကျော်အလယ် ဖထီးအဆုံး
တီးလုံးများ ပြီးဆုံးသွား ခရီးဆုံးပါး ဂီတသေ။

ကျွဲဂျိုကောက် မှုတ်၊
ဖားစည် ပုတ်တီး
နှစ် ၆၀ ကျော်မီး
တော်လှန်ခရီးလွှင့်
မျှော်လင့်ဖိုထိုး
လူမျိုးစု အဂ္ဂိယအိုးထဲက
ဗြဒါးခဲကြီးရေ....
အနှစ် ၆၀ ဆိုတာ
တော်လှန်ရေးရဲ့
ကလေးမျိုးဆက်များ ဆံဖြူသွားကျိုး
တုတ်ကောက်နဲ့
ဒိုးသွားရလောက်တယ် မဟုတ်လား
ရင်းထားတာတွေေ၇ွှမဖြစ်ခဲ့ဘူး
မဖြစ်ညစ်ကျယ်နဲ့ ပြေလည်ခဲ့တယ်
ဒီစေ့စပ်ရေးထဲ ချေးခဲကြီးဖြစ်လာ
နမ်းရှိုက်
တော်လိုက်ပြီ တော်လှန်ရေးကို...
လျှော်ကြေးမရခဲ့ ရဲဘော်ပေးဆပ်ခဲ့တဲ့
သွေး အသက် ဘဝတွေနဲ့ ဝေးခဲ့ရချိန်
အမေ့အိမ်တံခါးလာခေါက်သူသား
သူရဲကောင်းလား ပျော့ညံ့ရေးသမားလား
မကွဲပြားတော့တဲ့ အမေ့မျက်ရည်ကြား
ပစ်ထားခဲ့တဲ့သက္ကရာဇ်များစွာနဲ့
စစ်စားခဲ့တဲ့အလှညစ်များစွာနဲ့
ဓမ္မဖြစ်သွားတဲ့အပြစ်များစွာနဲ့
ရောယှက်ပြီးပေါင်းစပ်
ကျောင်းအပ်ရတော့မယ် ဒီငြိမ်းချမ်းရေးသားလေး
လူလိမ်လေးကို
အမှားများများ မာယာပိုပို
ဝိုင်းလိမ်ထားတဲ့တက္ကသိုလ်သို့....
ဒီငှက်တွေဟာ လေးခွနဲ့ပဲတန်လို့
လေးခွနဲ့ပစ်ချသွားတာပဲ
မုဆိုးဟာ လုံးဝ သေနတ်မသုံးရတော့
လုံးဝ ယမ်းနံ့မရလိုက်ဘူး
ထုတ်ချင်တဲ့အကိုင်း
ခုတ်ခိုင်း လိုက်ကြပြီလား
ထွက်ချင်တဲ့အရိပ်
ဖျက်ရိပ်ခိုင်း လိုက်ကြပြီလား
လန်းချင်တဲ့ပန်း
နွမ်းခိုင်း လိုက်ကြပြီလား
ကရင်တစ်ကျပ် ဗမာတစ်ကျပ်
အလွတ်ရပေမဲ့ မရွတ်တတ်တော့ဘူး
ကိုယ့်ခြံစည်းရိုး
ကိုယ်ပြန်ပြီးချိုးလိုက်တယ်
ကိုယ့်သုသာန်ကျယ်ဖို့အရေး...
သူပုန့်သွေးအစစ်
အနှစ် ၆၀
တော်လှန်နယ်ထဲ
ရဲရဲပေါက်ဖွား
ထိုယောက်ျားသည်
အိုခြောက်သွားပြီ
ဒီငြိမ်းချမ်းရေးထဲ
၆ပြားတန်အလံလေးပဲလွှင့်
ဖားအံတက္ကသိုလ်အသစ်ဖွင့်မယ်
၆ပြားတန်ပညာရေးနဲ့
၆ပြားတန်ကျောင်းဆောက်
ယောက်ျားဟောင်းကြီးကား
အားနွဲ့နွမ်းလွင့်
ပါမောက္ခအဖြစ် ဧကစာရီကျင့်ခဲ့ပြီ။

သုအိုင်စံ
၀၈-၀၁-၁၃

0 comments: