တစ်… နေရာယူ
နှစ်… အသင့်ပြင်
သုံး…. ကျည်ဆန်ထည့်
လေး…. မောင်းတင်
ငါး…… ပစ်နိုင်ပြီတဲ့…
အိမ်နောက်ဖေးက တောအုပ်အတုထဲမှာ
ကလေးတွေ စစ်တိုက်တမ်းကစားနေတယ်။
(ခင်ဗျားတို့ရောမြင်မိကြရဲ့မဟုတ်လား…)
ကျနော်တို့ရဲ့ ဓာတုလက်နက်တွေကို
မဖျက်သိမ်းခင်
ကလေးကစားထုတ်လုပ်တဲ့စက်ရုံတချို့ကို
မီးတင်ရှို့ပစ်ကြရအောင်…ဆိုတာ ။ ။
သစ်ကောင်းအိမ်
(၁၉ ၉ ၅)
(ရယ်သံများရဲ့နောက်တနေ့ကဗျာစာအုပ်မှ..)
Thursday, January 3, 2013
မီးလျှံများရဲ့ မြစ်ဖျား
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment