ရန်သူတော့လဲနေပါပြီ
နောက်တစ်နေ့ခရီးဆက်ဖြစ်တော့
ဝင်းမောင်းရွာကြီးကို ဆက်ရောက်လာတယ်။
အဲဒီကနေ နောက် တစ်နေရာကို
ခရီးဆက်တော့ ထုံးစံအတိုင်း
တဲအိမ် နှစ်လုံးသုံးလုံးလောက်နဲ့
တစ်စုဖြစ်နေတဲ့ နေရာလေးမှာ
တစ်ထောင့်နား ထမင်းစားကြတယ်။
အဲဒီမှာ ကရင်တပ်က တပ်ထောက်အရာရှိ
အဖိုးကြီးတစ်ယောက်နဲ့ ဆုံကြတယ်။
စကားပြောလည်း ကောင်းသလို
ဖော်ရွေမှုကလည်း မပြည့်ပေါ့။
ကျနော်တို့ တော်လှန်ရေး အကြောင်း၊
န၀တ အကြောင်းတွေကို အတော်လေးကြာအောင်
ပြောဖြစ် ဆွေးနွေးဖြစ်တယ်။
ကျနော်တို့ မပြန်ခင် သူက အားပေးစကားပြောတယ်။
“ကဲ… ကိုမြတ်ရေ။ ရန်သူကတော့
လဲနေပါပြီကွ” တဲ့ ကျနော် အတော်သဘောကျသွားတယ်။
သူ့ဆီက နောက်ဆက်တွဲ စကားကို
မကြားရခင်အထိပေါ့။ သူ ဆက်ပြော
တာက “ငါတို့က မထနှိုင်သေးလို့ပါကွ”
တဲ့။ ကောင်းရော နှစ်ယောက်စလုံးလဲနေတာပါလား။
ဟားဟား။ အဲဒီလို။
အထူးသင်တန်းမှူး ဆရာမှတ်ကြီး
၉၃ မှာ တပ်ရင်းအရာရှိတွေရယ်
စစ်ဆင်ရေးဌာနဆိုင်ရာတွေက
အရာရှိတွေအားလုံးလိုလို အဘ
(ဒု-ဗိုလ်မှူးကြီးအေးမြင့်)
ဦးဆောင်ပြီးပေးတဲ့ စစ်ဦးစီးသင်တန်းအပတ်စဉ်
၁/၉၃ ကိုတက်ကြရတယ်။ အဲဒီ သင်တန်းမှာ
ခုနကပြောတဲ့ ဗမာ့တပ်မတော်က
စစ်သားဟောင်းကြီးတွေပါပါလာတယ်။
နှုတ်ခမ်းမွှေးရိပ် ရမယ်ဆိုရင်
စစ်သင်တန်းမတက်ဘူးတို့ဘာတို့
အကန့်အသတ်တွေကို ညှိနှိုင်းပြီးတဲ့အဆုံး
သင်တန်းစ တယ်။ တပ်မှူးတွေတပ်အပ်တဲ့
ပညာတွေဆိုတော့ တကယ် ပညာရပါတယ်။
အဲ.. နားတဲ့အချိန်တွေမှာဆို
ရင် အချင်းချင်းနောက်ကြပြောင်ကြနဲ့
ပျော်စရာပါ။ ဆရာမှတ်ကြီးက
အဲဒီသင်တန်းမှာ ကျနော်တို့လို
သင် တန်းသားအနေနဲ့ သင်တန်းတက်တာ။
ကိုမှတ်ကြီး (ဆရာမှတ်) က တစ်နေ့
စစ်ရေးပြနားတဲ့အချိန် သေနတ်နဲ့
“မင်းတို့မသိသေးဘူး။ ငါ ကြားပျောက်
သင်တန်း ကောင်းကောင်းပေးလို့ရတယ်”
လို့စကားစပြီး တစ်ဆက်ထဲ သူ့ဘာသာအမိန့်ပေး၊
သူ့ဘာသာ တစ်နှစ်သုံးလေးဆိုတဲ့အမှတ်စဉ်ေ တွကို
ရွတ်ပြီး လုပ်ပြ တယ်။ “သေနတ်ထမ်း”
တစ်နှစ်သုံးလေး..တစ်။ သေနတ်ပုခုံးပေါ်ကို
ပုံမှန်အတိုင်းထမ်းတင်တယ်။
“ပစ်ခတ် ရန်အသင့်” တစ်နှစ်သုံးလေး…
တစ်။ သေနတ်ကို ပုခုံးပေါ်မှာ
အရှည်လိုက်နောက်ပြန် ပစ်ခတ်ဘို့ပုံစံ
ယူ လိုက်တယ်။ နောက်ပြီး သေနတ်မောင်းကွင်းထဲကို
ပြောင်းပြန်ကိုင်ထားတော့
လက်ညှိုးအစား လက်မထည့် ထားတယ်။
“နောက်လှည့်” တစ်နှစ်သုံးလေး…
တစ်။ ပုံမှန်အတိုင်း နောက်ဖက်ကိုလှည့်တယ်။
“ပစ်” ပါးစပ်ကပစ်လို့ပြောပြီးတာနဲ့
သူသေနတ်နောက်ပြန်ထမ်းပစ်ရင်း
ထွက်ပြေးနေတယ်။ ခင်ဗျားဟာက
ထွက်ပြေးတာကြီးဘဲဆိုတဲ့ ရဲဘော်တစ်ယောက်ရဲ့အပြောကို
ဆရာမှတ်ကြီးက ငါပြောသားဘဲ
‘ကြား ပျောက်’ သင်တန်းပါဆို၊
ကြားတာနဲ့ တခါတည်း ပျောက်သွားရမှာလေတဲ့။
ဆရာမှတ်ကြီးကလည်း အကြပ် ကြီးတွေထဲကတစ်ယောက်ပေါ့။
ဓားဂွင်မှာ သူ့အကြပ်မခံရတဲ့သူမရှိသလောက်ပဲ။
ဆရာမှတ်အလှည့်
နောက်ပိုင်းဗဟိုဆေးရုံမှာ
ကချင်လွတ်မြောက်ရေးတပ်မတော်
KIA က ရဲမေတွေတစ်ချို့ ဒေါက်တာမြင့်ချို
ဆီမှာ သင်တန်းလာယူကြတယ်။
ချောချောလေးတွေများတယ်။ ၀၀ကြီးလည်း
တစ်ယောက်ပါတယ်။ ၀၀ အမျိုးသမီးရဲ့နာမည်က
မဒါ တဲ့။ ရဲဘော်တွေက ချောချောလေးတွေနားမှာ
မယောင်မလည်လုပ်ရင်း ခိုးခိုး
ကြည့်နေကြတယ်။ ၀၀ကြီးလား။
သူ့ကိုတော့ အဆင်မသင့်ရင်
ကိုင်ပေါက်ခံရမှာစိုးလို့လားမသိ ဘူး
ဘယ်သူ မှရဲရဲမကြည့်ကြဘူး။
အဲဒီရက်ထဲ ဗဟိုက မြစ်ဆုံဝန်းကျင်မှာ
အရေးပေါ်စစ်ကြောင်းထုတ်ဖို့
ဆင့်တော့။ ဗဟို ပတ်ဝန်းကျင်က
တပ်ရင်းတပ်ဖွဲ့တွေအပြင် ဗဟိုလုံခြုံရေးတပ်ကရဲဘော်တွေပါ
ထုတ်ပြီး တပ်စုနှစ်စုစာ လောက်
ရှေ့တန်းကို လွှတ်လိုက်ကြတယ်။
ဆရာမှတ်လဲ ပါတာပေါ့။ သူတို့ရှေ့တန်းရောက်နေတဲ့အချိန်
ဆရာမှတ်ကြီးကတော့ တစ်ခါတစ်ခါ
အကြောင်းကိစ္စလေးတွေနဲ့ ဗဟိုကို
ပြန်ပြန်ရောက်လာလေ့ရှိတယ်။
ရှေ့တန်းပြန်ရောက်တဲ့အခါ
ဗဟိုကအခြေအနေအပြင် ဆေးရုံမှာရှိနေတဲ့
ကချင် ဆေးမှူးကောင်မလေးတွေရဲ့
အကြောင်းကိုလည်း ဖောက်သည်ချလေ့ရှိတယ်တဲ့။
သူက ဗဟိုကိုပြန်ခါနီးပြီဆိုရင်
ဆေးရုံဘက်ကို အမြဲ လှည့်ဝင်တတ်ပြီး
ကောင်မလေးတွေနဲ့ ရင်းနှီးအောင်ပေါင်းထားတယ်။
ရှေ့တန်းတောင်ကုန်းပေါ်က ရဲဘော်
တွေအတွက် စိတ်ဓာတ်မြှင့်တင်ရေး
အစီအစဉ်အနေနဲ့ ရှေ့တန်းကရဲဘော်တွေကို
သူဗဟိုကို ပြန်ဆင်းရ တော့မယ်ဆိုရင်
ကြိုပြီး “ဟေ့ကောင်တွေ။ ငါမနက်ဖြန်
ဗဟိုကိုသွားမှာနော် မင်းတို့မှာစရာရှိရင်မှာ
ပေးစရာ ရှိရင် အခုထဲက ကြိုပြင်ထား။
ဆေးရုံကိုလည်းရောက်မယ်။ စာရေးချင်ရင်
အခုရေးထားနော်။ နောက်မှ နောင်တမရနဲ့”
ဆိုပြီးပြောလေ့ရှိတယ်။ ရဲဘော်တွေလည်း
စိတ်ဝင်စားတဲ့ ကောင်မလေးတွေကို
စာရေးတဲ့ သူကရေးပေါ့။ ဆရာမှတ်ကတော့
တကယ့်ရဲဘော်ကောင်းကြီး စာတွေကို
ကောင်မလေးတစ်ဦးချင်းစီကို
လိုက်ပေးတဲ့အပြင် “မင်းတို့
စိတ်ကူးမလွဲနဲ့။ ငါတို့ရဲဘော်လေးတွေ
ရှေ့တန်းမှာ တကယ်ဒုက္ခရောက်ကြတာ။
ဦးမှတ် သဘက်ခါလောက်ပြန်မယ်။
သူတို့အတွက် ပေးစရာရှိရင်ပေးလိုက်”
နဲ့ တကယ့်ကို ကူညီရှာတယ်။
တစ်နေ့ ရှေ့တန်းကိုသွားခါနီး သူ့တပ်ရင်းက
ရဲဘော်တစ်ယောက်က ဆရာမှတ်
ကျနော့ကို ဒီစာလေးကို ဟို၀၀နဲ့
မဒါကြီးကို ပေးပေးပါလား။
ကိုမှတ်က ဟာ… ကောင်းတာပေါ့။
သူလည်း ချစ်စရာကောင်းပါတယ်
ကွ။ နဲနဲဝလို့ပါဆိုပြီး အဲဒီစာကိုယူသွားတယ်။
ထုံးစံအတိုင်း စာတွေပေးအပြီး
ကောင်မလေးတွေအားလုံးကို ရှေ့တန်းရဲဘော်တွေရဲ့
ပင်ပန်းဆင်းရဲချို့တဲ့မှုလေးတွေ ကို
ထုံးစံအတိုင်း မမောနှိုင်မပန်းနှိုင်
ပြောပြတယ်။ အဲ… ရှေ့တန်းကို
ပြန်တက်မယ်လုပ်တော့ သူက ထုံးစံအတိုင်း
ဆေးရုံဖက်လှည့်ပြီး ကောင်မလေးတွေကို
ကျနော်အခုပြန်တော့မှာ ပေးစရာရှိရင်
တခါတည်းထည့်ပေးလိုက် မှာစရာရှိရင်လည်း
မှာလိုက်ပေါ့။ ကျန်တဲ့ ကောင်မလေးတွေတော့
စာတွေပေတွေပါးလားမပါးလား၊
အမှာစကားတွေပါးလားမပါးလားမသိဘူး ။
မဒါက ဆရာမှတ်လှေပေါ်တက်ခါနီးနောက်ကလှ မ်းခေါ်တယ်
“ဆရာမှတ်” “ဂရုစိုက်သွားနော်”
တဲ့။ ဆရာမှတ် လည်း ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးလှေပေါ်တက် လာပြီးမှ
သူပြန်စဉ်းစားတယ်။ မဒါက ဒါမျိုး
သူ့ကို တစ်ခါမှ မမှာဖူးပါဘူး။
ထူးထူးခြားခြားပေါ့။ ဟိုရောက်တော့
ပေးစရာရှိတာတွေပေး။ ပြောစရာရှိတာတွေပြောပြီးတဲ့
အခါ။ မဒါအတွက်စာပါးလိုက်တဲ့
ရဲဘော်က ဆရာမှတ်ကြီး။ ကျနော်ပေးခိုင်းလိုက်တဲ့
စာကိုပေးဖြစ်လားတဲ့။ ဟာကျိန်းသေပေးတာပေါ့
ဆိုတော့ အဲဒီရဲဘော်က ဒါဆို
မဒါက ဆရာမှတ်ကြီးကို မပြန်ခင်
ဘာပြောသေးလဲ တဲ့။ အင်… သူပြောတော့ပြောတယ်ကွ။
နေဦး အဲ.. ငါလှေပေါ်မတက်ခင်
ဂရုစိုက်သွားဖို့မှာတယ်လေ။
အဲဒီ ရှေ့တန်းရဲဘော်တွေ တဟားဟားထရယ်ကြတယ်။
တကယ်တော့ အဲဒီရဲဘော်ပေးလိုက်တဲ့စာက
မဒါ အတွက်ရီးစားစာတော့မှန်တယ်။
အောက်က ဆိုင်းထိုးထားတာက
မှတ်ကြီးတဲ့။ နောက်တော့မှ
ဆရာမှတ် ကြီး နှပ်ချခံလိုက်ရပြီဆိုတာ
ရိပ်မိသွားပြီး “မအေပေးတွေ
ငါပါဆေးရုံမသွားရဲတော့ဘူး။
လူကြီးကိုနောက် စရာလား.. လခွီး”
တဲ့။
ပြင်ဆင်ရေး
ရှေ့တန်းကို စစ်ကြောင်းလွှတ်မှာဖြစ်ဖြစ်၊
စစ်ကြောင်းရှိတဲ့နေရာကို
ပို့ပေးဖို့အစီအစဉ်ရှိရင်ဖြစ်ဖြ စ်၊
လက်နက် နဲ့ စက်ကရိယာတွေကို
စစ်ဆေးစမ်းသပ်ရလေ့ရှိတယ်။
တရက် ကျနော် စစ်ရုံးချုပ်မှာ
ရှိနေတုန်း ရဲဘော်တစ် ယောက်နဲ့
ကိုခင်ထွန်းကြည်တို့ ရှေ့တန်းစစ်ကြောင်းအတွက်
ပေးလိုက်မယ့် ဝေါကီတော်ကီ
စကားပြော အိုင်ကွန်စက် နှစ်လုံးကို
စမ်းနေကြတယ်။ ကျနော်က စမ်းသပ်နေတဲ့
စက်တစ်လုံးကို လက်ထဲမှာကိုင်ထား
တဲ့ ကိုခင်ထွန်းကြည်ရဲ့ဘေးမှာ။
နောက်ထပ်စက်တစ်လုံးနဲ့ရဲဘော်က
အောက်ဖက် ခပ်ဝေးဝေးကို လှမ်း
ထွက်သွားပြီး စက်ဖွင့်ပြီး
စကားပြောနေကြတာ။
“ကြားလား၊ ကြားလား၊
အသံဘယ်လောက်ရလဲ” ဟိုဘက်ကရဲဘော်အော်နေတဲ့အသံ
စက်ထဲက ပြန်ထွက်လာတယ်။ “ကြားတယ်၊
ကြားတယ်၊ အသံ ၄-၅ ရတယ်။ အဲဒီမှာ
အသံဘယ်လောက်ရလဲ”
“အင်း… ၃-၄ လောက်တော့ရတယ်။
နဲနဲ ခပ်လှမ်းလှမ်းကို ဆက်လျှောက်လိုက်။
ရထားဖြစ်လား”
“ရထား” အဲဒီလို စက်စကားတွေပြောပြီး
စမ်းသပ်နေကြတာပေါ့။ စက်သံကလည်း
တဂွိဂွိနဲ့ပေါ့။
ဟိုဘက်က ရဲဘော်ဆီက
“ကြားလား၊ ကြားလား အသံဘယ်လောက်ရလဲ
အကြောင်းပြန်” ဆိုတဲ့အသံ ကြားရပြန်ပြီ။
ကျနော်လည်း နားစွင့်ကြည့်လိုက်တယ်။
ကိုခင်ထွန်းကြည်က ကျနော့ဘက်ကို
လှည့်ပြုံးပြပြီး “ကြားတယ်၊
ကြားတယ်၊ အပြင်မှာ အော်နေတဲ့အသံအတိုင်းကိုကြားတယ်”
တဲ့။ ကျနော် အောက်ကို ငုံ့
ကြည့်လိုက်တော့ ဟိုရဲဘော်က
ရုံးရှေ့ပြန်ရောက်နေပြီ။
အပေါ်နဲ့အောက်နဲ့အော်နေတာ
စက်သံတွင်မဟုတ် ဘူး သူလှမ်းအော်နေတာကို
အပြင်ကအတိုင်းသားကြားနေရတာလေ။
ဘာပဲဖြစ်ဖြစ် စစ်ထဲမှာသုံးတဲ့
ပစ္စည်း တွေက အရေးထဲအကြောင်းထဲကျမှ
ပျက်နေလို့မဖြစ်ဘူးလေ။ အစစ
စိတ်ချရအောင် လုပ်ကြရတာပါဘဲ။
လူနာနဲ့ လူနာစောင့်
တပ်ရင်းမှာ ငှက်ဖျားခပ်ပြင်းပြင်းထိထားတာ
ကျနော်တွင်မဟုတ်ဘူး ကျနော့ထက်ဆိုးတဲ့
ရဲဘော်တွေလည်း ရှိသေးတယ်။
ကျနော့ထက် လေးငါးနှစ်ကြီးတဲ့
ကိုအောင်ဝင်းကြီးရယ်၊ ကျနော့ထက်
အသက်ကြီးတဲ့ စစ် တပ်က သေနတ်နဲ့အတူပြေးလာတဲ့
ရဲဘော်သံချောင်းရယ်ပေါ့။
ဝမ်ခခံစစ်အတွေ့အကြုံရှိတဲ့
ကိုအောင်ဝင်းနဲ့ ကျနော်ရှေ့တန်းကပြန်အတက်
တစ်လမ်းလုံးဖျားလာတဲ့ ကိုသံချောင်းက
တစ်ခါတစ်ခါ ကြောင်နေတတ်ကြ
တယ်။ ကိုအောင်ဝင်းက တပ်ရင်းမှာ
ညညမအိပ်ဘဲနဲ့ ဘားတိုက်အောက်မှာ
တစ်ညလုံးရပ်ပြီး အပြင်ဘက်
ကို ကြည့်ကြည့်နေတာ လေးငါးရက်ဖြစ်လာတော့
ဗဟိုဆေးရုံကိုပို့လိုက်ရတယ်။
ကျနော်လည်း နောက် တန်းမှာ
လူနာစောင့်လွှတ်ဘို့ အဆင်အပြေဆုံးဖြစ်တာက
ကိုသံချောင်းကို ကိုအောင်ဝင်းအတွက်
လူနာ စောင့်အနေနဲ့ ထည့်ပေးလိုက်တယ်။
ဆေးရုံမှာ ကိုအောင်ဝင်းအတွက် အာရုံကြောနဲ့ပတ်သက်တဲ့ဆေးတွေ
ပေးတယ်။ အချိန်နဲ့သောက်ရတဲ့ဆေး
တွေဖြစ်လို့ လူနာမသောက်မှာစိုးလို့
ဆေးမှူးအမျိုးသမီးရဲဘော်တွေကို ယ်တိုင်
လိုက်ပြီးတိုက်ကြတယ်။ ထုံးစံအတိုင်း
ကိုအောင်ဝင်းက ညရောက်ရင်
သူ့ရဲ့လူနာကုတင်ကထပြီး မအိပ်ဘဲ
ဆေးရုံနံရံကနေ တစ်ည လုံး အပြင်ကိုကြည့်နေတာပေါ့။
ပထမတစ်ရက်နှစ်ရက်တော့ ကိုသံချောင်းက
လူနာကုတင်ပေါ်ကိုခေါင်း တင်ပြီး
ထိုင်ခုံပုပေါ်မှာအိပ်တယ်။
တစ်ရက် ကိုအောင်ဝင်းကိုကြည့်လိုက်တော့
မအိပ်ဘဲအပြင်ကို ထွက်ငေး
နေပြန်တော့ သူလည်း လူနာအိပ်တဲ့ကုတင်ပေါ်တက်ပြီး
အိပ်တော့တာပေါ့။ ဟုတ်တယ်လေ။
လူနာက အိပ်မှမအိပ်တာ။ အိပ်ခိုင်းလို့လည်း
မရဘူးတဲ့။
အဲ…. နောက်တစ်နေ့ မနက် ၈ နာရီလောက်
ဆရာဝန်တွေ ဆေးမှူးတွေ ရောင်းလှည့်လာတော့
လူနာတွေ ကို ဆေးလိုက်တိုက်ရင်း
ကုတင်ပေါ်မှာ အိပ်နေတဲ့ ကိုသံချောင်းကိုတွေ့တော့
နှိုးကြတယ်။ ကိုသံချောင်းက
ဘာလဲလို့ပြန်မေးတော့ ဆေးမှူးတစ်ယောက်က
“ဆေးသောက်ရမယ်” လို့ပြောတယ်။
ကိုသံချောင်းက “ဘယ်မှာလဲ၊
ပေး…” ဆိုပြီး ဆေးတွေယူသောက်ပစ်လိုက်တော့
ဆေးရုံထဲမှာရှိနေတဲ့ တခြားလူနာတွေ၊
လူနာစောင့်တွေအားလုံး ၀ါးကနဲဝိုင်းရီကြတယ်။
သူကခပ်တည်တည်ဘဲ ပြန်တောင်အိပ်နေလိုက်သေးတယ်
တဲ့။ တကယ့်လူနာဖြစ်တဲ့ ကိုအောင်ဝင်းက
အဲဒီအချိန်အထိမအိပ်သေးဘဲ
အပြင်ကို ငေးကြည့်ကောင်းနေ
တုန်း။ ကျနော် နောက်တစ်နေ့
ဆေးရုံရောက်တော့ ဆေးမှူးရဲမေတစ်ယောက်က
ကိုမြတ်တို့တပ်ရင်းက ရဲဘော်တွေက
ဘယ်လိုတွေလဲ၊ လူနာစောင့်ဖို့
တစ်ခြားလူမရှိတော့ဘူးလားနဲ့
စကားစပြီး ဖြစ်ပုံကိုပြန်ပြော
ပြမှ သိရတာ။ ကိုအောင်ဝင်းကြီးလဲ
အနောက်နိုင်ငံတစ်ခုကို ဒုက္ခသည်အနေနဲ့
သွားနေပြီး ဆုံးသွားပြီလို့
ကြားတယ်။
မှားတဲ့အခါလည်း
KNU တပ်မဟာ (၃) မှာ အထူးဒေသအနေနဲ့
တပ်ရင်းတွေပေါင်းထားတဲ့ ကျောင်းသားအထူးစစ်ကြောင်း
အင်အား ၈၀ လောက်နဲ့အတူ ရှေ့တန်းကိုဆင်းရပြန်တယ်။
အဲဒီအချိန်မှာ အဲဒီဒေသရှေ့တန်းတွေမှာ
ABSDF က စစ်ကြောင်းတစ်ချို့ စလှုပ်ရှားနေကြပြီ။
အရင်က လွှတ်ထားတဲ့ စည်းရုံးရေးစစ်ကြောင်းတွေက
များသော အားဖြင့် အသက်ကြီးကြီးသမားတွေဆိုတော့
ကျနော်တို့ ကျောင်းသားတပ်မတော်ရဲ့
နုပြိုတဲ့ရဲဘော်လေး တွေကို
ဒေသခံလူထုကို ခေါ်ပြဖြစ်သွားတာပေါ့။
နို့မို့ တစ်ချို့ကရင်အဖွားကြီးတွေ
ရှေ့တန်းမှာ ကျနော်တို့ အထဲက
သက်ကြီးပိုင်းရဲဘော်ကြီးတွေကို
လာကြည့်ပြီး မှတ်ချက်ပေးသလို
အမြဲဖြစ်နေတော့မှာ။ အဲဒါက
“တို့က ကျောင်းသားဆိုလို့လာကြည့်ပါတယ်။
နှုတ်ခမ်းမွှေးတောင် ဖြူနေပြီတဲ့”။
ဒါက ၈၈ အပြီး ဖွဲ့စည်း လိုက်တဲ့ကျောင်းသားတပ်မတော်ရဲ့ ထူးခြားမှု။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
(ကျောင်းသားတပ်မတော်) မှာ အသိပညာရှင်အတတ်ပညာရှင်ပေါင်းစုံ ၊
အသက်အရွယ်ပေါင်းစုံ၊ လူတန်းစား
ပေါင်းစုံနဲ့ လူမျိုးဘာသာပေါင်းစုံပါတယ်။
ကျောင်းသားနာမည်အောက်မှာ
အားလုံးဟာ နုပျိုတက်ကြွနေကြ
တယ်။
ကျနော်နဲ့ပါလာတဲ့
အင်အားကို ကျောက်ကြိုးဒေသက
ဒေသခံရွာသားတွေကို ပထမလျှို့ဝှက်ထားတဲ့
အနေ နဲ့ ရောက်ရောက်ခြင်း အနီးဝန်းကျင်က
တောင်ကြောတစ်ခုပေါ်မှာ နေရာချပေးထားတယ်။
ကျနော်နဲ့သိတဲ့ အနီးဝန်းကျင်ကရွာသားတွေက
ကျောက်ကြိုးကို ဆင်းလည်ဖို့ဖိတ်တော့
ကျနော် ရွာသားတွေနဲ့ လိုက်သွား
ပြီး သူတို့နဲ့အတူထမင်းစားဖြစ်တယ်။
ကျနော့ကိုသိကြတဲ့ ရွာသားတွေ
ရဲဘော်တွေက သတင်းမကြားဘာ
မကြား ရောက်လာတဲ့ ကျနော့ကို
ဝမ်းသာအားရနှုတ်ဆက်ကြတယ်။
အထူးစစ်ကြောင်းနဲ့အတူရှိနေတဲ့
တပ်ရင်း ၂၀၉ တပ်ရင်းမှူး ကိုသိန်းဆန်းနဲ့တွေ့တော့
သူ့အဖွဲ့အတွက် ယူခဲ့တဲ့ ၄၀
မမ လောင်ချာသေနတ်ကို သူ့ကိုလွှဲပေးလိုက်တယ်။
ကျနော်အဲဒီမှာရှိနေတုန်း
လုံခြုံရေးအတွက်ကိုင်ထားဖို့
မောင်းခလုတ်တိုတိုနဲ့ ကျည်ငါးတောင့်သာ
ထည့်ပစ်လို့ရတဲ့ ၃၈ မမ စပယ်ရှယ်
အေးဂျင့် သေနတ်အတိုကိုလည်း
ကိုသိန်းဆန်းက ကျနော့ကိုပေးထားတယ်။
နောက်တစ်နေ့မနက်ပိုင်း ရန်သူစစ်ကြောင်းတစ်ခု
ဝင်လာတယ်ကြားရတယ်။ ဂျိန်းကနဲ
မိုင်းကွဲသံလည်း ကြားလိုက်ရတယ်။
သူတို့က နွားအုပ်ကိုတွေ့တော့
ရှေ့ကမောင်းပြီးတက်လာတာ နွားတစ်ကောင်မိုင်းထိသွားတာ။
ကျနော်လည်း အဲဒီဒေသက ဗဟိုဦးဆောင်ကော်မတီဝင်
ကိုစိုင်းမြင့်သူရဲ့ လုံခြုံရေး
တာဝန်ယူရမယ့် အဖွဲ့ထဲပါတာဆိုတော့
အနောက်ဖက် လုံခြုံတဲ့နေရာကို
ဆုတ်ကြရတယ်။ တစ်ပြိုင်တည်း
အလုပ်လာလုပ်စားကြတဲ့ ရွာသားတွေကိုလည်း
ဘေးကင်းရာ ပို့ပေးကြရတယ်။
နောက်ပြီး တပ်တွေအားလုံး
ရန်သူလာနှိုင်လောက်တဲ့ လမ်းကြောင်းတွေမှာ
နေရာခွဲပြီး နေရာယူထားကြတယ်။
ညနေ အတော်စောင်းသွားတဲ့အထိ သေနတ်သံလည်း
မကြားဘာမကြားဆိုတော့ ကိုမြင့်သူက
သူ့အနားက ၂၀၉ တပ်ရင်း ရဲဘော်နှစ်ယောက်ကို
အခြေအနေသွားကြည့်ခိုင်းလိုက်တယ် ။
အဲဒီနေရာက ကျောက်ခဲတုန်း
ကျောက်ခဲတွေများတယ်။ အပင်
ပင်စည်သေးသေးတွေလဲ ဟိုနားဒီနား
ပေါက်နေတာရှိတယ်။ ၆ နာရီဝန်း
ကျင်ဆိုတော့ မှောင်နေပြီ။
သူတို့ဖြည်းဖြည်းချင်းကပ်သွာြး ကရင်း
အပင်စုရဲ့အောက်မှာ မီးဖိုပြီး
စကားပြော နေကြတဲ့အသံကို ကြားရတယ်။
အသေအချာနားစွင့်ကြည့်တော့
ဗမာလိုပြောနေကြတာ။ ရွာသားတွေကို
ပြေးခိုင်းထားတာ ဒီနေရာမှာ
ရွာသားတွေရှိတာ မဖြစ်နှိုင်ဘူး၊
ရန်သူဘဲဖြစ်ရမယ်ဆိုပြီး ကျနော်တို့ရဲဘော်ထဲ
က တစ်ယောက်က လက်ထဲက ၄၀ မမ လောင်ချာသေနတ်နဲ့
ထုထဲ့လိုက်တယ်။ လူပြေးသံအော်သံ
တွေလည်း ကြားတယ်။ သူတို့လည်းပစ်ပြီးတာနဲ့
ရန်သူဝရုန်းသုန်းကားဖြစ်နေပြီဆိုပြီး
အသာလေး ပြန်ဆုတ် လာကြတယ်။
အဲဒီတစ်ညလုံးအေးအေးဆေးဆေးပါဘဲ။
မနက်ကျတော့ ရန်သူက ရွာကိုလှမ်းကြည့်တော့
အရမ်းတိတ်ဆိတ်နေတော့ မသင်္ကာဖြစ်ပြီး
ပြန်ဆုတ်သွား တယ်လို့ သတင်းရတယ်။
အဲဒါကပြဿနာမဟုတ်ဖူး နေ့လည်ကျတော့
ရွာသားတစ်ချို့က ကျနော်ရွာထဲ
ဆင်းတဲ့အချိန် လာပြီးပြောတယ်။
ရွှေကျင်ဖက်က လေဖြတ်နေတဲ့လူတစ်ယောက်ကို
ထမ်းရွှေ့ဖို့ မလွယ်လို့ ရွာသား
၂ ယောက်လောက် အဲဒီညနေက သစ်ပင်မှာပုခက်ဆွဲပြီး
မီးဖိုပေးနေတုန်း စစ်တပ်က
ဝင်ပြီး လက် နက်ကြီးနဲ့ထုတာ
လေဖြတ်နေတဲ့လူပါထပြေးသွားတာ
ရွာကိုပြန်အရောက်ပဲတဲ့။ အဲဒီ
လေဖြတ်တဲ့လူပါ အလန့်တကြားထပြေးရင်း
ပြန်ကောင်းသွားတယ်ဆိုဘဲ။
ကျနော်လည်း အဲဒါကျနော်တို့
ရဲဘော်တွေလုပ်တာ လို့ လျှောက်ပြောပြီး
ကျေးဇူးတင်ခံဖို့မလုပ်ကောင်းတာ နဲ့
ဟုတ်လားဆိုပြီး ဆပ်ဆိတ်ဆိတ်နေရတယ်။
နောက်တော့ ကိုမြင့်သူက အရမ်းလုပ်လာတဲ့
သူ့ရဲ့ရဲဘော်တွေကို တိတ်တိတ်ကျိတ်ဆူပါလေရော။
ကျနော် တို့ကြားထဲမှာ အလွဲတွေလုပ်မိတိုင်း
ခေတ်စားတဲ့စကားတစ်ခုရှိတယ်။
အဲဒါက “မှားတဲ့အခါလည်း များပေ
မပေါ့” တဲ့။ သိတယ်မဟုတ်လား
ကာတွန်းအောင်ရှိန်ရဲ့ ဇတ်လိုက်ကျော်ကြီး
ဦးရှံစားရဲ့ လက်သုံးစကားကို
ပြန်လည်ဆန်းသစ်ထားတာလေ။
0 comments:
Post a Comment