Tuesday, January 8, 2013

ကျည်ဆံစကားများ


အဖိုးကောင်းဘွိုင်ကပြောတယ်
၆လုံးပြူး ၆ တောင့် ဆုံလည်
တစ်တောင့်စီထွက်တယ် ဂျမ်းမဖြစ်ဘူး။

အဖေကောင်းဘွိုင်ကပြောတယ်
(9mm)  (.45) လက်ကိုင်သေနတ်
အထွက်မြန်ပေမဲ့ ဂျမ်းဖြစ်တတ်တယ်။

ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့ ဆိုတဲ့စကား
စက်သေနတ်နဲ့ ပစ်ခတ်နေတဲ့ သားကောင်းဘွိုင် ကြားနေရရဲ့
ခေတ်က ဂျမ်းမဖြစ်ပေမဲ့ အတွဲလိုက်မထိ၇င် အတွဲလိုက်လွဲတယ်

ဘုရားသခင် ပစ်လိုက်တဲ့ကျည်တစ်တောင့်
လူဟာ သူ့ဘဝအဓိပ္ပါယ်ကို သူပြေးဖောက်တယ်။   ။

သုအိုင်စံ
၀၈-၀၁-၁၃

0 comments: