ဒီပွဲမှာ---
အစားခံရမဲ့အကွက်က ၁၂ ကွက်တောင် ရွှေ့ရမှာဗျ
ကျနော့်မှာက ရဲဘော်ပွန်း ၈ ကောင်ပဲ ရှိတယ်လေ
(ဒါများကွာ..ပါဝါတွေ ချရင်းလိုက်ပေါ့)
မရဘူးဗျ
အဲဒီကောင်တွေက ခေါင်းဆောင်ငကြောက်တွေ...။
(ရွှေ့ကွာ...အစားခံရမဲ့အကွက်...စဉ်းစားမနေနဲ့...)
မဟုတ်ဘူး
ဒီကိစ္စပြီးရင် နှစ်ဆပြန်စားနိုင်ဖို့ ပိုစဉ်းစားရမယ်ဗျ
အခု ကျနော် စဉ်းစားနေတာက
ဘုရင်သေလို့ တိုင်းပြည်မပျက်ရင်
ဘုရင်ကို ချကျွေးပစ်လိုက်ရင် ကောင်းမလားလို့
ပြည်သူတွေကတော့ ကောင်းစားသွားမယ်လေ....။
(မင်းဟာက
ဘုရင်ကိုယ်တိုင်
သူ့ကိုယ်သူ ကိုင်ရွှေ့ရမဲ့အကွက်ကြီး
သိပ်ပြီး အိမ်မက်ဆန်လွန်းတယ်...။)
စစ်တုရင်လောကမှာ
အဲဒီအကွက်က တကယ်ပြောင်မြောက်ပေမဲ့
လူ့လောကမှာ
အဲဒီအကွက်က ကွယ်ပျောက်နေလျှက်ပဲ
မရင်းရဲတဲ့အကြောက်တရား၊ အရာရာကို နန်းသိမ်းထားတယ်။ ။
သုအိုင်စံ
၂၉-၀၁-၁၃
Tuesday, January 29, 2013
ခေါင်းဆောင်များ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment