Thursday, January 3, 2013

အိမ်ကြက်ပွဲများ

အိမ်ကြက်ပွဲများ (၃)

မင်းက ငါ့ ရန်သူ
ငါက မင့် ရန်သူ
ငါတို့၂ခုလုံးက သူတို့ရန်သူ
သူတို့က ငါတို့ကို ရန်မမူဘူး
သူတို့ကိုပြပြီး ငါတို့က အကြံတူခဲ့တယ်
သူတို့က အလံထူပြီး အပြတ်ငြင်းပယ်ပေမဲ့
သူတို့ကို အကြံတူပြီး ချနင်းနေခဲ့တယ် ငါတို့
ငါတို့ရဲ့ပယောဂက သူတို့အသုဘဖြစ်သွားတဲ့အခါ
ငါတို့ မသာပို့ မသွားဘူး
ငါတိုရဲ့ ဈာပန သူတို့လာကြတယ်
သူတို့က ပြည်သူအများစု ကြည်ဖြူတရားနဲ့ ထုတည်ထားတယ်
ငါတို့က ရန်သူအမှားစု အကြံတူအားနဲ့ စုချည်ထားတယ်
ငါတို့က အမုန်းတရားဝါဒနဲ့ အရှုံးများပိုခဲ့တယ်
သူတို့က နှလုံးသားဝါဒနဲ့ အပြုံးများချိုခဲ့တယ်
ငါတို့ ကျဆုံးမှ ဖြစ်မယ်လို့ ဝန်ခံပေးစမ်းပါ
သူတို့ ဘဝအပြုံးလှ တင့်တယ်ဖို့ ရှင်သန်ရေးလမ်းမှာ။   ။

သုအိုင်စံ
၀၃--၁-၁၃


အိမ်ကြက်ပွဲများ (၄)

သေနတ်နှစ်လက်ကြား သွေးပွက်များ ရွဲ-ပေ-ကျံ-နစ်-လျှက်
ဘဝပျက်သွားတယ် ကျေးလက်သား လဲ-သေ-ကျန်-ရစ်-ခဲ့
ကျည်ဆံနှစ်တောင့်ရဲ့ဆုံရပ်မှာ ပြည်ထောင်စုအလံတော်ဟာ စုတ်ပြတ်သတ်နေ
အရပ်သားမြေဇာပင်တွေရဲ့အသုဘ ဘယ်စစ်သားခပ်ကျွဲနှစ်ကောင်မှ ပေါ်မလာကြပေ။ ။

သုအိုင်စံ
၀၃-၀၁-၁၃

1 comments:

Unknown said...

တရုတ်ကြီးရေ
အမြောက်ဆံ ၃ လုံး ကျတော့ ထအော်တယ်
သစ်တောကြီး တွေ ကြတော့
သဘာဝဓါတ်ငွေ့ သိုက်ကြီးကျတော့
လျှပ်စစ် ဓါတ်အားတွေ သတ္ထုသိုက်ကြီးတွေ
မင်းအပေါ်ကျ ခဲ့တာတွေ မင်းဘာသံ မှမထွက်ခဲ့ဘူး
မင်းမွေးစား သားတွေ အတွက် စိတ်ပူလို့လား
မီးစာတစ်ဖက် ရေမှုတ် တစ်ဖက်နဲ့ ငါတို့တွေကို
ကောင်းကြိုး မင်းမပေးခဲ့ ပါဘူး
စီးပွါး ရှာတဲ့နေရာမှာ ရိုးသား သန့်ရှင်းရတယ်
မင်းက ဝိသမ လောဘသက်သက် ငါတို့နိုင်ငံကို
အမှိုက်ပုံ လို သဘောထားတာ