Wednesday, January 2, 2013
နင့်အတွက်ငါ
အားပေးမည့်သူနင့်မှာ
ငါတစ်ယောက်ပဲကျန်ပါစေ၊
ငါဟာနင့်အတွက် ကမ္ဘာ့လူဦးရေ
တစ်ဝက်လောက်နဲ့ ညီမျှတယ်။
ကျန်တစ်ဝက်နဲ့ နင်ဖြေရှင်းနေရမယ့်ရက်တွေမှာ
ငါဟာ
နင့်ဘေးကရဲဘော်ရဲဘက်ကောင်းကြီးပေါ့။
နင်လဲရင်ငါထူ နင်ပူရင်ငါအေး
နင်အေးတော့ နင့်ဘေးမှာငါကွေး
နင့်ကိုနွေးထွေးစေဦးမှာပါ။
နင်လျှောက်မယ့်လမ်း၊ နင်ကြောက်တဲ့လမ်းမှာ
ငါဟာနင့်အတွက်
လမ်းလျှောက်တုတ်တစ်ချောင်းဖြစ်ခြင်ဖြစ်နေမယ် ၊
ဒါမှမဟုတ်
ပန်းကောက်တဲ့ ပလုတ်တောင်းဖြစ်ခြင်ဖြစ်နေမှာ။
နင့်ရဲ့ ဘဝစည်းစိမ်တွေအတွက်
ငါ့မှာ ဓနမီးအရှိန် မရှိပေမယ့်
ငါဟာ ဆီမီးအိမ်တလုံးဖြစ်ခြင်ဖြစ်နေမှာ
နင်ပြုံးရင်ငါပျော် နင်ပျော်ရင်ငါပြုံး
နောက်ဆုံး
နင်ရည်မှန်းတဲ့ပန်းတိုင်အဆုံးမှာ
ခတ်လှမ်းလှမ်းကနေ ငါပြုံးပြီး
ဂုဏ်ယူလို့ မဆုံးအောင်ရှိနေဦးမှာပါ။
ဒါပေမယ့်ဟာ..................။
နင်မရှိမယ့်ရက်တွေမှာ...
ကဗျာမဲ့ သွားမှာပါပဲလေ.....။
ဦးဦးမောင်။
( ၁၆ ဒီဇင်ဘာ ၂၀၁၂ )
0 comments: