Wednesday, January 2, 2013

သက်မဲ့ပျိုးပင်

(၁)

ကျမရဲ့  တောင်ယာလေးလေ
ကောက်နှံ စိမ်းစိမ်းတွေ က
ယိမ်းကနေလိုက်တာများ
ကျမရဲ့ ပီတိ အဟုန်ကို ထွေးပွေ့ လို့ ပေါ့။

ဒီတောင်ယာလေးရဲ့  မျက်နှာပြင်ပေါ်က
ကျမရဲ့  နေ့ သစ်တိုင်းဟာ
တနှစ်စာဝမ်းဝဖို့ 
အခါလည် သားလေးဝမ်းဝဖို့ 
နဖူးကချွေး ခြေမကျခဲ့ရတယ်။

အို----ထာဝရဘုရား သခင်
ဒီတောင်ယာလေး မရိတ်သိမ်းမှီ
ရန်သူအမျိုး မျိုးဒဏ် မခရအောင်
အဖရဲ့  ကောင်းချီးတော်ဍ် လျှောက်ထားပါ၏။

(၂ )

တပ်မတော်စစ်ကြောင်းတွှေလာပြီတဲ့-----။

စပါးတင်းငါးဆယ်နဲ့  ကျပ်ငွေလေးထောင်
မပေးနိုင်တဲ့ ကျမယောက်ကျားခဗျာ
ဇနီးနဲ့  သားကိုတောင်နှုတ်မဆက်အားပဲ
အူယား ဖားယား ပေါ်တာပါသွား ရှာရဲ့  ။

အဲ့ဒီညက
ပေါက်ကွဲ သံတွှေတဝုန်းဝုန်းနဲ့ 
သေနတ်သံတွှေ ဆဲတော့
လှံစွပ်တကားကားနဲ့ စစ်သားတွေက
ဒါ---သူပုန်ရွာ ဆိုပြီး
ချေဖျက်မွှေနှောက်ကြပါလေရော ။

ကျမတောင်ယာလေးလဲ
စစ်ဖိနပ်အောက်မှာ-----
တညလုံးပဲစစ်သားတွှေက
ကျမတကိုယ်လုံးကို
အလီလီပွှေ့ ဖက်ကြ
သားလေးရဲ့  အဖေ
ပြန်ရောက်မလာတဲ့  ည ကပေါ့--။

(၃)

မျှော်လင့်ခြင်းအရိပ်
တောင်ယာထိပ်က စပါးပုတ်ကလေးလည်း
ပိုင်ရှင်ခဲ့ပြီ ။

တညတရံတော့
ဆံပင်ဖားဖား ဝတ်ရုံလွှားလွှားနဲ့ 
အမယ်အိုတယောက်
တောင်ယာပျက်ထဲ
ရောက်လာတတ်ရဲ့  ။

အို------
ကျမရဲ့ အသွေးကိုယူပါ
ကျမရဲ့  အသားကိုယူပါ
သားလေးကိုတော့ချမ်းသာပေးကြပါရှင်---။




ဇော်နောင်(ပအိုဝ်းမြေ)
ဒေါင်းအိုးဝေစာစောင်
၁၉၉၅ ၊ ဇွန်လ

ကျောင်းသားတပ်မတော် တပ်ရင်း(၆၀၁) ဟာ၊ ၁၉၉၉ ကာလမှာ မိမိတို့ ရဲ့  ဌာနေ ပအုဝ်းပြည်မှ ဌာနချုပ်ရှိရာ၊ ထိုင်း မြန်မာနယ်စပ်သို့်ချီတက်ခဲ့ပါတယ်။
ပွန်ချောင်း ကိုကျော်ပြီးတာနဲ့  ရန်သူစစ်အစိုးရရဲ့ ဖြတ်လေးဖြတ်ဆိုတဲ့ စစ်ဆင်ရေးကြီး ထဲမှာမီးလောင်တိုက်သွင်းခံ ခဲ့ရတဲ့ရွာတွေ ကိုရင်နင့်စွာတွှေ့ရပါတော့တယ် ။
မြန်မာ့တပ်မတော်ဟာ ယောက် ကျား ဆိုပေါ်တာ၊မိန်းမမုဒိန်း တွေ့  တာအကုန်ယူ၊ ရွှာကိုမီးရှို့  တာ ကျွှန်တော်တို့  သက်သေအဖြစ်ဒီနေ ရာမှာရှိနေပါတယ်။ မြို့ ပြ ပြည်သူများ သိရှိ စေရန် ဒီကဗျာကိုရေးသား တာပါ။ မျှဝေခံစား ကြပါ။

0 comments: