ထိုင်း
၁၉၉၅ မှာ ထိုင်းနိုင်ငံထဲမှာ
တာဝန်ထမ်းဆောင်ရတယ်။ ထိုင်းနိုင်ငံဆိုတာက
ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံ
တစ်ခုပါ။ ထိုင်းနိုင်ငံထဲမှာ
အဲဒီအချိန်က နယ်စပ်မှာ သွားလာနေခဲ့တဲ့အချိန်
သောင်ရင်းမြစ်၊ သံလွင်မြစ်တွင်း
က လှေပေါ်ကလှမ်းကြည့်ရင် ကျနော်တို့
မြန်မာနိုင်ငံဖက်ကမ်းက သစ်တောတွေက
စိမ်းစိုနေပြီး ထိုင်းဖက်
က သစ်တောတွေက ၀ါခြောက်ခြောက်လိုလို
မြင်ရတယ်။ နယ်စပ်မြို့လေး
မဲဆောက်ကို တောခိုခါစအချိန်
က ရောက်ဖူးတဲ့အချိန်မှာ မဲဆောက်က
မြန်မာနိုင်ငံထက်သာသလိုရှိတယ်လို့
ထင်ရတယ်။ ဇင်းမယ် (ချင်းမိုင်)၊
ဘန်ကောက်တို့ဖက်ကို ရောက်မှ
လူနေမှုစနစ်အရမ်းကိုကွာခြားသွား ပါလားလို့
သဘော ပေါက်ရတော့တယ်။ ၂၄ နာရီ
ရေမီးအပြည့်အစုံရှိတယ်။ အားအားယားယား
လူတွေကို အနှောက်အယှက် ဖြစ်အောင်
ဧည့်စာရင်းတွေ လိုက်မစစ်ဘူး။
အခြေခံပြည်သူတွေက ကျနော်တို့
မြန်မာလူမျိုးတွေလိုပဲ ဖော်ရွေ
သဘောကောင်းကြတယ်။ ဘာသာရေး၊
လူမျိုးရေး ခွဲခြားမှုတွေလည်း
မရှိဘူး။ ဒါကြောင့် ဒီနိုင်ငံမှာ
ကျနော်တို့ သွားလာနေထိုင်လို့
ရနေတော့ ထိုင်းနိုင်ငံရဲ့ကျေးဇူးတွေ
ကျနော်တို့အပေါ်မှာ ရှိလာတာပေါ့။
ရာမ (၉) ဘုရင် ဖူမစ်ဖွန်း
(ဘူမိဘော) က လက်ရှိထိုင်းနိုင်ငံရဲ့
ဘုရင်ဖြစ်ပြီး စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံး
တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်တယ်။
ထိုင်းလူမျိုးအများစုက သူတို့
ဘုရင်ကို သိပ်ချစ်ကြတယ်။
ဒီဘုရင်ကလည်း အခုလို အိုမင်းလာတာတောင်
တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေအတွက်
အမြဲတမ်းအလေးထားတဲ့ ပုဂ္ဂိုလ်
အဖြစ် ကြည်ညိုစရာ တွေ့ရတယ်။
သမိုင်းအရ မြန်မာတွေက ထိုင်းနိုင်ငံကို
သိမ်းပိုက်ခဲ့ဖူးတဲ့အတွက်
လူနည်းစုတစ်ချို့ကတော့ ခွဲခြားဆက်ဆံတာမျိုးရှိတယ်။
ဒါပေမယ့် ထိုင်းလူမျိုးတွေအားလုံးမှာ
တူညီတဲ့ အချက်ကတော့ သူတို့ဟာ
ထိုင်းနိုင်ငံသားဖြစ်တဲ့အတွက်
အတော်လေး ဂုဏ်ယူကြတယ်။ သူတို့နိုင်ငံမှာက
လူတွေရပ်တည်လုပ်ကိုင်စားသောက်နှိုင်လောက်တဲ့
အခွင့်အလမ်းတွေကို ဖွင့်ပေးထားတယ်။
သူတစ်ပါးကို မထိခိုက်နှိုင်တဲ့
လွတ်လပ်မှုကို လူတိုင်းအတွက်
ဖွင့်ပေးထားတယ်။ အစိုးရကလည်း
မတရားလုပ်တာ မရှိ သလို၊ လူထုကလည်း
မတရားလုပ်တယ်ထင်ရင် ချက်ခြင်း
တရားစွဲပိုင်ခွင့်တွေရှိနေတာတွေ့ ရတယ်။
ကျနော်တို့နဲ့ မတူကွဲပြားတဲ့
တိုးတက်လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုပါဘဲ။
ခိုးတာ၊ လိမ်တာ၊ ၀ှက်တာ တွေကို
သူတို့လူမျိုးအချင်းချင်းတောင်
ခွင့်မလွှတ်ဘူး။ ရာဇ၀င်ထဲက
ရန်သူတွေဖြစ်တဲ့ ကျနော်တို့
မြန်မာ လူမျိုးတွေကိုတောင်
ကျနော်တို့က သူတို့ကို ရိုးရိုးသားသားနဲ့
မှန်မှန်ကန်ကန်ဆက်ဆံရင် သူတို့ကလည်း
လေးလေးစားစားဆက်ဆံကြတာရှိတယ်။
ပညာနည်းတဲ့ သူတစ်ချို့ကတော့
မြန်မာဆိုရင် မျက်နှာထားက
အစပြောင်းသွားပြီး ခပ်ရိုင်းရိုင်း
နှိမ်ပြီး ဆက်ဆံတာမျိုးတော့ရှိနှိုင်တယ်။
ဒါပေမယ့် အဲဒါဟာ တစ်နိုင်ငံလုံးရဲ့
သဘောထားလို့ သတ်မှတ်လို့မရဘူး။
ဘယ်နေရာမဆို လူဆိုး၊ လူကောင်းရှိတာပါဘဲ။
ကျနော်တို့နိုင်ငံက
လူတွေက သူတို့ကို ‘ယိုးဒယား’လို့ခေါ်ကြတာကို
သူတို့ထဲမှာ သမိုင်းနားလည်တဲ့
သူတွေ က မကြိုက်ဘူး။ မကြိုက်ရတဲ့
အကြောင်းရင်းရှိတယ်။ ရှေးက
သူတို့ရဲ့ဘုရင်နန်းစိုက်တဲ့
နေရာကို အယုထိယ (အယုဒ္ဓယ) လို့အမည်ပေးထားတယ်။
အဓိပ္ပါယ်က ဘယ်သူမှ တိုက်ခိုက်သိမ်းပိုက်လို့
မရတဲ့ မြို့တော်ပေါ့။ အဲဒါကို
ကျနော်တို့ ဗမာဘုရင်တွေကို
သိမ်းပိုက်ပြီး ရှေ့က ‘အ’ကို
နမ်နှိမ်တဲ့အနေနဲ့ ဖြုတ်ပစ်ပြီး
သူတို့ကို ယုထိယ (ယုဒ္ဓယ) လို့
တောက်လျှောက်နှိမ်ပြီးခေါ်လာကြတာ
အားလုံးနှုတ်ကျိုးနေတဲ့အထိဘဲ။
အဲဒီကနေ အခေါ်အဝေါ်တွေပြောင်းလာပြီး
ယိုးဒယားဖြစ်သွားတယ်။ အဓိပ္ပါယ်က
သိမ်းပိုက်လို့ရတဲ့မြို့
(နိုင်ငံ) ဖြစ်သွားတာပေါ့။
ဒါကြောင့် ကျနော်က ထိုင်းနိုင်ငံ၊
ထိုင်းလူမျိုးလို့ပဲ သုံးနှုန်းပါတယ်။
အမှန်ကတော့ လူတစ်ဖက်သားမကြိုက်တဲ့
အခေါ်အဝေါ်အသုံးအနှုံးကို တစ်ခြားလူမျိုးတွေတင်မက
ကိုယ့်လူမျိုးအချင်းချင်း
အပေါ်မှာတောင် ကျနော်တို့အားလုံး
မသုံးသင့်တော့ပါဘူး။ ဒါမှ
တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်
ယုံကြည်လေးစားမှုတွေတည်ဆောက်ပြီး
အတူသွားနှိုင်မှာမဟုတ်လား။
ကျနော်တို့မှာ အခြေအနေက ရန်သူ
ရှိလာအောင်တွန်းပို့ပေးခဲ့ပေမယ့် 
မိတ်ဆွေကိုသာ လိုချင်ကြတာလေ။
အိမ်နဲ့အဆက်အသွယ်ရပြီ
၁၉၉၅ မှာ ကျနော့ညီမလေးတစ်ယောက်
နယ်စပ်ကိုရောက်လာတယ်။ ဖြစ်ပုံက
ကျနော် ပေါ့ပါးထဘက်မှာ အင်္ဂလိပ်စာသင်တန်းတက်နေတဲ့အချိန် က
တွေ့ခဲ့တဲ့ ညီမလိုခင်ရတဲ့
တိုင်းရင်းသူတစ်ယောက်က သူ
ပြည်တွင်းကို ပြန်တဲ့အချိန်မှာ
အိမ်အထိသွားပြီး ကျနော်နဲ့ဆက်သွယ်ပေးခဲ့တာ။
သူ့ကိုကျေးဇူးတင်ရပြန် တယ်။
ကျနော်နယ်စပ်မြို့တစ်ခုမှာ
ဆင်းပြီးတွေ့ရတယ်။ အဲဒီနေ့က
ညီမလေးက ကျနော်ထမင်းစားနေတော့
ထိုင်ကြည့်ရင်း မျက်ရည်တွေကျလာတယ်။
ဘာဖြစ်တာလဲလို့မေးတော့ သူက
“ကိုကြီး အိမ်မှာတုန်းက ငါးဟင်းမစားဘူးလေ။
ကိုကြီးက ငါးမှမကြိုက်ပဲ”
တဲ့။ ဟုတ်တယ်.. ကျနော်က ဘုရားစူးမြစ်ဝကျွန်းပေါ်သား။
ငါးကို ဟင်းချက်ထားရင် မကြိုက်ဘူး။
ကျနော် ထမင်းစားပွဲပေါ်မှာ
ငါးဟင်းတွေချည့်တွေ့ရင် ထမင်းမစားဘဲ
ထွက်သွားတော့ ဟင်းချက်ထားတဲ့
အမေနဲ့ညီမလေးတွေ မျက်နှာမကောင်းဖြစ်ကျန်ခဲ့ကြတာ
မှတ်မိသေး တယ်။ ကျနော်က ညီမလေးကို
“ဟဲ့… ဒီမှာတော့ ရှိတာစားရတာပေါ့။
မစားရင် ငတ်မှာ” လို့ ပြန်ပြောဖြစ်
တယ်။ ညီမလေးက ၉၂ မှာ အမေဆုံးပြီလို့ပြောတော့
ကျနော့စိတ်ထဲမှာ သိပ်မခံစားရဘူး။
လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက
အမေဆုံးခဲ့တာဖြစ်တာရော၊ ဒါတွေဖြစ်လာနှိုင်တယ်လို့
တွေးထားတာကြောင့် ရောပေါ့။
ဘယ်တတ်နှိုင်မလဲကွာ… သူဒီလောက်ပဲနေရမယ့်
ကံပါလာကိုးလို့ပဲ ညီမလေးကိုပြန်ပြောမိခဲ့
တယ်လေ။
မေမေက ကျနော်အိမ်က
ထွက်သွားပြီးကတည်းက ကျနော့ရဲ့
အင်္ကျီစုတ်၊ ဖိနပ်စုတ်ကအစ
သူ့သားကြီးနဲ့ ပတ်သက်တဲ့
ပစ္စည်းတွေကို သံသေတ္တာတစ်ခုထဲမှာ
ထည့်ပြီးသိမ်းထားတယ်တဲ့။
ကျနော့ကို သတိရတိုင်း ထုတ်ကြည့်ပြီးလွမ်းတတ်တယ်လို့ လည်း
ညီမလေးကပြောတယ်။ မေမေက နှလုံးရောဂါရှိတယ်လေ။
အမေ့ ရဲ့အမွေဆိုလို့ ကျနော်အိမ်ကထွက်သွားပြီးနောက်ပိုင်း
သူမဆုံးခင်အထိ ရေးသွားခဲ့တဲ့
ဒိုင်ယာယီလေးတစ်ခု ပဲ ကျန်ခဲ့တယ်။
ရိုးရိုးဗလာစာအုပ်လေးထဲမှာ
နေ့စွဲတွေတပ်ပြီး ကျနော့ကို
စကားပြောခဲ့တာပါဘဲ။ ဒိုင်ယာယီ
လေးရဲ့ မျက်နှာဖုံးမှာ ကျနော့နာမည်ကို
တတ်ထားပြီး ကျနော့ကို သတိရတိုင်း
စာထရေးလိုက်၊ ဘယ်သူမှ မမြင်အောင်
ဖွက်ထားလိုက်နဲ့ အမေ့အလောင်းမြေကျမှ
အမေ့အိပ်ယာရှင်းရင်းနဲ့ ဖျာအောက်
မှာတွေ့ခဲ့ကြ တာလို့ ညီညီမတွေက
ပြောတယ်။
ကျနော်အိမ်က ထွက်လာပြီးနောက်ပိုင်း
အိမ်နဲ့အဆက်အသွယ် လုံးဝမလုပ်ဖို့
ကြိုးစားခဲ့ပါတယ်။ တကယ် တော့
မိသားစုကို ကျနော့ကြောင့်
ဒုက္ခမရောက်စေချင်တာပါ။ ဒါပေမယ့်
အစိုးရအာဏာပိုင်တွေကတော့
ကျနော့ အိမ်ကို ကျနော်နဲ့အဆက်အသွယ်ရှိမရှိ
တစ်လကို အနဲဆုံး သုံးလေးခါ
သွားရှာကြတယ်တဲ့။ ကျွန်တော်
အိမ်ကထွက်လာပြီးနောက်ပိုင်း
အဲဒီလိုအနှောက်အယှက် ပေးမှုတွေကြောင့်
ညီညီမတွေလည်း အလုပ်တွေရလိုက်
အလုပ်ပြန်ပြုတ်လိုက်ဖြစ်ကုန်ြ ကတယ်။
အမေဆုံးပြီးနောက်ပိုင်း တစ်မိသားစုလုံး
တခြား မြို့ကိုပြောင်းနေကြတော့မှ
ရှာဖွေရေးဒါဏ်ကင်းကင်း လုပ်ကိုင်စားနှိုင်တော့တယ်လို့ြေ ပာကြတယ်။
အမွေ
ညီမလေးပြန်သွားပြီး လအနည်းငယ်အကြာမှာ
အဲဒီအမေ့ရဲ့ဒိုင်ယာရီစာအုပ်လေး ကို
ကျနော့ဆီကို ပို့ပေး လိုက်ကြတယ်။
စာအုပ်မျက်နှာဖုံးမှာ ကျနော့ကို
ကိုလိပ်မူထားတယ်။ တကယ်တော့
အဲဒီအရောင်လွင့်နေ ပြီဖြစ်တဲ့
ဗလာစာအုပ်လေးဟာ ကျနော်အများအတွက်
စွန့်လွှတ်ပြီး လုပ်ခဲ့ရတဲ့
ရလဒ်အဖြစ် အမေ့ဆီက ရတဲ့ အမွေအနှစ်ပါဘဲ။
ဟိုခေတ်က ကိုးတန်းလောက်အထိ
ပညာသင်ခဲ့ဖူးတဲ့ အမေလက်ရေးလေးတွေဟာ
အရင်လိုရှင်းပြီး လှနေတာပါဘဲ။
စာမျက်နှာ နှစ်မျက်နှာလောက်
ဖတ်ရင်း အမေ ကျနော့အပေါ်ထားတဲ့
မေတ္တာတရားကို တစိမ့်စိမ့်စဉ်းစားပြီး
မျက်ရည်ကျရတယ်။ ကျနော် ဆက်မဖတ်ရက်တော့သလို
ဆက် လည်း မဖတ်ရဲတော့ဘူး…။
နောက်မှ ကျနော် တဖြည်းဖြည်းချင်းဖတ်ယူရတယ်။
အမေ့လက်ရေးနဲ့ စာ ကြောင်းတိုင်းက
အမေကျနော့အပေါ်မှာ ဘယ်လောက်အထိ
ချစ်တယ်၊ တန်ဖိုးထားတယ်ဆိုတာကို
ပြောပြနေတယ်။ ကျနော့ဘ၀အတွက်
အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်လို့
ရင်ထဲကလှိုက်ပြီး ယူကျုံးမရ
လည်းဖြစ်ရတယ်။
တစ်ရက် အိပ်မက်ထဲမှာ
အမေက ကျနော့ အိပ်ယာဘေးမှာ စိုးရိမ်စိတ်နဲ့ငုံ့ကြည့်နေတာေ တွ့ရပြီး
လန့်နိုးလာ တော့ ကျနော့ကိုမျှော်နေခဲ့တဲ့
အမေ့အကြောင်းတွေးရင်း ကျနော်
ရှိုက်ကြီးတငင် ငိုချပစ်လိုက်မိတယ်။
အိမ် ကထွက်သွားပြီး သေသလား
ရှင်သ လားမသိရတဲ့သားတစ်ယောက်ရှိနေတဲ့
ကျနော့အမေ ဘယ်လိုခံစား နေခဲ့ရမလဲ။
ကျနော့လို အိမ်ကထွက်သွားတဲ့သားရှိတဲ့
အမေတွေ၊ ထောင်ကျတဲ့ သားသမီးရှိတဲ့
အမေတွေ ဒါမှမဟုတ် အခြားတစ်နည်းနည်းနဲ့
သားသမီးဆုံးရှုံးရတဲ့မိခင်တွေ
ရဲ့ရင်ထဲမှာ ဘာတွေရှိမလဲ။
ကျနော် ပိုပြီး ကိုယ်ချင်းစာတတ်လာတယ်။
အမေဟာ ကျွန်တော်တို့ သားသမီးတွေရဲ့
လက်ဦးဆရာပါ။ အမေ့ရဲ့သွန်သင်
လမ်းပြပေးခဲ့မှုတွေသာမပါရင်
ကျနော်တို့ ဘ၀ကို ဒီလိုသတ္တိရှိရှိ
ရင်ဆိုင်ဖြတ်သန်းဖို့ မလွယ်ကူနှိုင်ပါဘူး။
အမေ့ဒိုင်ယာယီလေးထဲမှာ အဖေ့ကိုတောင်
ကျနော့ဘက်က မခံနှိုင်တဲ့ဒေါသနဲ့
ရေးထားတာတွေတောင် ရှိတယ်။
ဒီဒိုင်ယာယီလေးက ကျနော့အတွက်
တန်ဖိုးမဖြတ်နှိုင်တဲ့ မိဘအမွေအနစ်ပါ။
မြန်မာနိုင်ငံရဲ့ အတ္တတွေ၊ မာနတွေလွှမ်းနေတဲ့
နိုင်ငံရေးပဋိပက္ခနဲ့ ပြည်တွင်းစစ်ကြီးက
ကျွန်တော်တို့ နိုင်ငံနဲ့
လူမျိုးကို ဘာကောင်းကျိုးမှ
မပေးပါဘူး။ မြန်မာနိုင်ငံသားတွေဟာ
ကမ္ဘာ့အဆင့်မပြောနဲ့ ကိုယ့်ဒေသတွင်း
မှာတောင် မျက်နှာငယ်ငယ်နဲ့
အနိမ့်ကျဆုံး အဆင့်ကိုရောက်နေရပြီ။
နှစ်ပေါင်းများစွာ မြန်မာပြည်သူတရပ်
လုံးခံစားနေ ရတဲ့ တိုင်းရင်းသားအချင်းချင်းတိုက်ေ န
တဲ့ ပြည်တွင်းစစ်ပွဲတွေ၊
မတရားမှုတွေ၊ မိတကွဲဖတကွဲ
ဖြစ်ကြတဲ့ အဖြစ်ဆိုးတွေ အခုလိုအချိန်မျိုးမှာ
ချုပ်ငြိမ်းသင့်ပြီထင်ပါတယ်။
ကျနော်တို့ သားအမိထက်ဆိုးရွား
တဲ့ အဖြစ်အပျက်တွေအများကြီး
အရင်က ရှိခဲ့သလို အခုအထိ မြန်မာပြည်နေရာအနှံ့မှာ
ပုံစံမျိုးစုံနဲ့ ဆက်ရှိ
နေဆဲပါ။ အမေ့လိုအမေများနဲ့
ကျနော့လိုသားတွေကို ဖန်တည်းဖြစ်ပေါ်စေခဲ့တဲ့
အဖြစ်မျိုးတွေက မျိုးဆက်
အားလုံး အမြန်ဆုံး ကင်းဝေးကြပါစေ၊
လွတ်လပ်ကြပါစေလို့ ဆုတောင်းရပါတယ်။
အမေ့ဒိုင်ယာယီ
ဒီဒိုင်ယာယီဟာ
ကျနော်စိတ်အလှုပ်ရှားရဆုံးနဲ့၊
အခံစားရဆုံး စာတွေချည့်ပဲ။
အမေကိုယ်တိုင် ချရေးခဲ့တယ်။
အမေက သူ့ရင်ထဲက ပြောချင်တာတွေကို
ကျနော့ကို အသိပေးသွားတယ်။
ဒိုင်ယာယီအပိုင်းအစလေးတွေ
တစ်ချို့ကို သူ့ရဲ လက်ရေးမူရင်းအတိုင်း
ဖော်ပြပေးလိုက်ပါတယ်။ ပြီးပြည့်စုံတဲ့မိခင်မေတ္တာနဲ့
သူသက်ရှိထင် ရှား ရှိနေခဲ့တဲ့အချိန်မှာ
နှလုံးသားနဲ့ထုဆစ်ထားခဲ့တဲ့သက် မဲ့အရာဝတ္ထုဆိုပေမယ့်
မိဘကျေးဇူးဘယ်လောက် ထိ ကြီးမားတယ်ဆိုတာရဲ့
မှတ်တိုင်တစ်ခုအဖြစ် စကားတွေအများကြီးပြောနေတဲ့
သက်ဝင် ဒိုင်ယာယီပါဘဲ။
0 comments:
Post a Comment