ဘဝအသက်လိုင်းပေးထားချက်ရဲ့မေးခွန်းနဲ့အချိန်ကို အပေါ်မှအောက်၊ အစမှအဆုံးထဲမှာတိုင်းဆချိန်ညှိပုံသွင်း
၁၀၉/၁၁၀ လမ်းသရဲပုဒ်မဆန်တဲ့ ဘဝတက္ကသိုလ်မှာ တခါတခါ သမိုင်းနဲ့ပထဝီလို နောက်ကြောင်းပြန်ရေးပြီး ဖြေဆိုရင်းနဲ့
ကမ်းပြို/သောင်ထွန်းတရားဆန်တဲ့ ဘဝတက္ကသိုလ်မှာ တခါတခါ မြန်မာစာနဲ့အင်္ဂလိပ်စာလို ရှေ့ကွန့်မြူးတွေးပြီး ဖြေဆိုရင်းနဲ့
ဒီမှာမြဲ ဟိုမှာမြဲ နေရာတကာလွဲဆန်တဲ့ ဘဝတက္ကသိုလ်မှာ တခါတခါ သချာင်္နဲ့ရူပလို ဘယ်သို့အယူမှန်ကန့်လန့်တွက်ပြီး ဖြေဆိုရင်းနဲ့
ဒါ..ပြီးသွားလေခြင်းပေမဲ့ ငါ..ခရီးသွားနေခြင်းဆန်တဲ့ ဘဝတက္ကသိုလ်မှာ
တခါတခါ ဓါတုနဲ့သိပ္ပံလို ညာသို့တယူသန်ကန့်လန့်တိုက်ပြီး ဖြေဆိုရင်းနဲ့
နောက်ဆုံးသေဒဏ် မရဏအမိန့်ဆန်တဲ့ဘာသာစုံစာမေးပွဲကို သံသရာစက်ဝိုင်းသဏ္ဍာန်ထက်ပတ်နင်းပြီး အပိုင်အခိုင် ဖြေဆိုအောင်နိုင်ရမယ်
စာမေးပွဲအောင်တယ်ဆိုတာ....လာမည့် နောက်အသစ်သို့ ဘုံစံစားဖို့ လက်ရှိမှ ပျောက်လွင့်လို့ ခုန်ပျံထွက်သွားတဲ့ ဘုံအပြောင်းအလဲပဲ
၃၁ဘုံမှာ ဘုံ၃၀လုံး ကျတဲ့ကောင်တွေဟာ ငါတို့လား၊ ကျန်တပုံကား
ဖြေဆိုခွင့်အဓိဌာန်ရှုံး၊ နိဗ္ဗာန်မုန်းမြဲ မနုဿငရဲ
မိစ္ဆာအသဲရိုင်းရိုင်းကောင်တွေ။
သုအိုင်စံ
၂၆-၁၂-၂၀၁၂
Wednesday, December 26, 2012
နိဗ္ဗာန်ရောက်ကြောင်းတရားမဲ့ နိဗ္ဗာန်ပျောက်ကျောင်းသားပျက်တွေ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment