Wednesday, December 26, 2012

အူမ တောင့်၍ သီလ စောင့်သည် ခွေးရေးတဲ့ပန်းချီ

ရဒက်လွန် လူတန်းကြီးထဲက လူတွေဟာ
ရက်လွန် အစာအိပ်တွေလို ပိန်လှီလို့
ရက်လွန် အစာအိပ်တွေ ပိန်လှီစွာ ရောက်လာမှာကို
ရက်လွန်စွာ ပိန်လှီကာ စောင့်နေကြတာ ၄ ရက်လွန်ပြီ
အမိုးပါးပါး အကာနဲ့နဲ့ ဒီရွက်ဖျင်တဲသားတွေဟာ
မဟားဒယားဗုံးဆံကြားက ကချင်ရွာတွေကို ပစ်ပြေးခဲ့...စစ်ခွေးတွေနဲ့ဝေးရာ

၎ရက်ကြာ စစ်ပွဲပြင်းထဲမှာ ၄ရက်ကြာ လေးနင့်စွာ မောင်းနှင်လာတဲ့
အစာအိပ်တွေ အပြည့်သိပ်ထဲ့ထားတဲ့ ထရပ်ကားကြီးဟာ
ဒေါသယမ်းစိမ်းတွေ အပြည့်သိပ်ထဲ့ထားတဲ့ မိုင်းဗုံးကို တက်ကြိတ်ရုန်းဆွဲ
(ဝုန်းကနဲ..ပေါက်ကွဲ)
အားလုံးသော ရိက္ခာအစာအဟာရတွေ လွင့်စင်ပျက်စီးသွားတယ်
အားလုံးသော စိတ်မှာဆာရသမျှတွေ အသစ်ပြင် ဆက်မီးပွားတယ်

ပူပန်သိပ်ဆာတဲ့နေအစာအိမ်နဲ့ ယူအန်ရိက္ခာဆက်အစာထုပ် ကြား
လူမဆန်တဲ့ အနိဌာရုံသက်သက် ခြားသွားတဲ့ ဒီ ဖြစ်ရပ်ဆိုး
ငတ်နေတဲ့ ပြည်သူကို တိုက်ရိုက် အချိုးညီပတ်သက်သွားပေမဲ့
နှစ်ဖက်စစ်သားတွေဟာ
ညစာအဝစားပြီးတာနဲ့ ပစ်ခတ်မှုကို မီးကုန်ယမ်းကုန် ပြန်စတင်တော့တာပဲ

၎ ရက်လုံးမှာ အလေးနက်ဆုံးတွေးမိတယ်
ဒါဟာ...ခွေးအူမ တောင့်လို့ ခွေးသီလ စောင့်တာပဲ
ရဲဘော်တို့ရဲ့လက်ခုပ် ၂ဖက်ကြားက လူထုဘဝပျက်စီးလုံးပါး
မရဏတီးလုံးများနဲ့သချိုင်းကုန်းစာသား ဘယ်သူသံစဉ်ဖွဲ့သွင်းထားတာလဲကွာ။  ။

(ကချင်ပြည်နယ်က စစ်ကို အခုရပ်ပေးပါ)
သုအိုင်စံ
၂၆-၁၂-၂၀၁၂

0 comments: