Tuesday, December 11, 2012

လဒတိုင်းလှကြပါစေ


လဒလို အရည်အချင်းနဲ့
ဘဝကို ဖြေရှင်းကြမည် ဆိုပါစို့.....

(၁) လောကမာယာ အပုပ်အပွကို
လောဘတဏှာနဲ့ စားမြုံ့ထအောင်စားနိုင်ရမယ်။

(၂)ပင်ကိုယ် တစ်စ နှစ်စ ဘဝပေး တောင်ပံနဲ့
အလျင်ကို မရ ရအောင် ထပြေး ပျံနိုင်ရမယ်။

(၃) ဟိမဝန္တာမှာ တစ်ကောင်ထဲနေရဲပြီး
ပစိပိတ်သမုဒ္ဒရာမှာ တစ်ကောင်ထဲ သေရဲရမယ်။

(၄) သေလုမျောပါးအစာကို စောင့်ကြည့် သွားရေကျ
ဗြမ္မာစိုရ်တရားကို ဆာလောင်မှုနဲ့ အသေသတ်နိုင်ရမယ်။

(၅) တခြား ငှက်တွေကို +ီးထင်ပြီး
ဘဝအတွက် အရင် ခရီးနှင်နိုင်ရမယ်။

(၆)အို သူသူ ငါငါ သင်တို့ မလတ်ဆတ်ကြလေနဲ့
ငါတို့ ဘဝအတွက်ပဲ ငါတို့ သပ်ရပ်နေလိုက်မယ်။

(၇) ငှက်တိုင်းလို လဒ မလှပေမဲ့
လဒတိုင်းလို ငှက်တွေ ငတ်ရဲခဲ့ကြလို့လား။

(၈)တစ်ဘဝလုံး ရွာရဲ့အပြင်ထုတ်ခံထားရတယ်
ရွာရဲ့မစင်အပုပ်အပွတွေကို ဘယ်သူရှင်းခဲ့ပါသလဲ။

(၉)အတောင်ပံမှန်သမျှ
ကောင်းကင်မှာ ပျံသန်းရရေး...လဒအရေး...လဒအရေး။

(၁၀)လှဖို့ အရေးမကြီးဘူး
ဝဖို့အရေးကြီးတယ်
လဒတို့ သွေးစည်းမယ်ဟေ့။

လဒ အလှနဲ့ ဘဝ ခဏကို ရခဲ့တယ်ဆိုပါစို့...
ရှေးကံကြောင့် အဆွေးစံရတာလား
ရှေးကံမွဲလို့ အမွှေးအဆံနည်းရတာလား
ရှေးသရုပ်အားကြောင့် အဆွေးအပုတ်စားရတာလား
................................................
ဒါဆို အခုဘဝမှာ ပြုရမှာက ဘာလဲ... မိတ်ဆွေ....။

သုအိုင်စံ
၁၂-၁၂-၁၂

0 comments: