Monday, December 3, 2012

လက်ပံတောင်းတောင်ကိစ္စမှာ မီးလောင်ဗုံးဒဏ် ခံရတဲ့ သံဃာများနှင့် ပြည်သူများ ဆေးဝါးဝယ်ယူကုသနေရ

ဆုံဆည်းရာ၊ ၃ ရက် ဒီဇင်ဘာလ ၂၀၁၂

ဓါတ်ပုံ - နေသီဟ
လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရမှုတွင် ထိခိုက်ဒဏ်ရာရပြီး မုံရွာပြည်သူ့ဆေးရုံကြီးတွင် ကုသခံနေရသူများအနက်မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသမှု ခံယူရသူမှာ သံဃာ ၇၀ ပါးနှင့် လူလေးဦး ဆေးဝါးများ ၀ယ်ယူကုသနေရပါတယ်။

အစိုးရက လက်ပံတောင်းတောင်ကိစ္စမှာ မီးလောင်ဗုံးဒဏ် ခံရတဲ့သူတွေကို ထောက်ပံ့ပေးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသော်လည်း ထောက်ပံပေးမှု တစုံတရာမရှိဘူးလို့ သိရပါတယ်။  

0 comments: