အလေး… ပြု
ဥက္ကဌလည်းပြန်ရောက်နေတဲ့တစ်ရက်
မနက်ပိုင်း ထုံးစံအတိုင်းကျနော်တို့ကိုယ်တိုင်
ထမ်းထားခဲ့ရတဲ့ အလံ တိုင်ရှေ့မှာ
တန်းစီကြတယ်။ တာဝန်မှူးက
ကိုထွန်းထွန်းအောင်။ ခရာမှုတ်ပြီးတန်းစီဖို့ခေါ်တယ်။
အားလုံး တန်းစီနေကြတဲ့အချိန်
ဗဟိုကော်မတီဝင်တွေက ရဲဘော်တွေတန်းစီတဲ့ရှေ့
ဘယ်ဘက်ဘေးနေရာမှာ တာဝန်မှူးဘက်ကိုမျက်နှာမူပြီး
အလံနဲ့ဘေးတိုက်နေရာယူလိုက်ကြတယ် ။
ဥက္ကဌဖြစ်သူ ကိုမိုးသီးဇွန်
ဆင်းလာတယ်။ သူ့ကို ကရင်အရာရှိတစ်ယောက်လက်ဆောင်ပေး ထားတဲ့
ခြောက်လုံးပြူးကို သူ့သေနတ်
ထက်ကြီးတဲ့ သေနတ်အိတ်နဲ့ရှေ့မှာချိတ်ဆွဲထား တယ်။
ကျနော်ကြည့်မိတော့ ကိုမိုးသီးကြီးက
စစ်သားပုံ မပေါက်ဘူး။ ၀တ်ထားတဲ့ယူနီဖောင်းရယ်အားလုံြး ခုံလိုက်ရင်
သူက စစ်ပုံထက်၊ ရဲပုံပိုထွက်နေသလိုဘဲ။
ထုံးစံအတိုင်းလူစီပြီး တာဝန်မှူးက
အလေးပြုသစ္စာအဓိဌာန်ဆိုဘို့မလုပ် ခင်
ဘာပြောစရာရှိသေးလဲလို့ မေးတယ်။
တစ်ယောက်က လက်ထောင်ပြီးရှိပါတယ်တဲ့။
တာဝန်မှူးနဲနဲစိတ်တိုသွားပုံ ရတယ်။
အသံလည်း ကျယ်လာပြီး “ဘာလဲ”
လို့မေးလိုက်တယ်။ ဟိုရဲဘော်က
“အလံတိုင်ရှေ့လည်းကြည့်ပါဦးတာ ၀န်မှူး
ရယ်” တဲ့။
အဲဗျာ.. ခွေးအောင်ဟိန်းက အလံတိုင်ရှေ့မှာ
အလေးပြုခံမယ့်ပုံနဲ့ ငုတ်တုတ်။
ရွှေဗန်းနီနီကလည်း အောက် က
လှမ်းကြည့်တဲ့လူတိုင်းကို
နောက်နေသလိုလို။ အဲဒါနဲ့တာဝန်မှူးလည်း
ခွေးမောင်းတဲ့အလုပ်ပိုတစ်ခု
ထပ်ရသွားတယ်။ ခဲကောက်ပြီး
ခွေးမသားအောင်ဟိန်းကိုလိုက်ထုေ တာ့
ခွေးလည်း တခြားဖက်ကိုထွက်
ပြေးသွားတယ်။ ကဲရှင်းပြီပေါ့။
အလေးပြုဘို့စတော့မယ်။ အဲဒါလည်းမပြီးသေးဘူး။
ဒါပေမယ့် တာဝန်မှူး လည်း ဒါတော့မတတ်နှိုင်ပြီ။
အလံတိုင်ဝန်းကျင်မှာရောက်နေတဲ့
ကြက်ဆင်ကြီးတွေက အသဲငယ်တတ်
တယ်။ အသံကျယ်ကျယ်ကြားရင်
သူတို့လည်းလန့်အော်တယ်လေ။
အဲဒီတော့ အဲဒီတာဝန်မှူးအသံနဲ့
ကြက်ဆင်သံ တပါတည်း ကြားရတာက..
“တပ်ဖွဲ့ ရှေ့ကြည့်”- “ကလွိကလွိကလွိ”…
“တပ်ဖွဲ့ သတိ”- “ကလွိကလွိ”
“မြန်မာနိုင်ငံလုံးဆိုင်ရာကျော င်းသားများဒီမိုကရက်တစ်တပ်ဦး
တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်အား
အလေး ပြု”- “ကလုကလုကလုကလု”
တန်းထဲက ရဲဘော်တွေကလည်း ရီချင်တာကိုအောင့်အီးပြီး
အလေးပြုအစီအစဉ်ကို အဲဒီကြက်ဆင်ကြီးတွေ
ကို ဥက္ကဌဆီမှာ ခွင့်တောင်းပြီး
ချက်စားခွင့်ရတဲ့နေ့အထိ ဒုက္ခခံပြီးလုပ်ကြရတယ်။
ပွဲမ၀င်ခင်
ကျနော်တို့ တောခိုစဉ်က ၁၃
ရက်လမ်းလျှောက်ခဲ့တဲ့နေရာတွေက
အရင်က ဖက်ဆစ်ဂျပန်တွေ ချွေးတပ်ဆွဲ
ဖောက်ခဲ့တဲ့ နာမည်ကြီး ထိုင်း-မြန်မာရထားလမ်းနေရာတွေေ လ။
လမ်းမှာ မကြာခဏ ရထားလမ်းပျက်
တွေကို ဟိုတစ်ပိုင်းဒီတစ်စတွေ့ခဲ့ကြတယ် ။
နာမည်ကြီးငှက်လည်း ကျနော်တို့နဲ့အတူပါလာတာပေါ့။
ဗဟို ရောက်ခါစက ကျနော်ဟိုကမိလာတဲ့
ဘုရားသုံးဆူငှက်ဖျားရယ်၊
အဲ.. ဌာနချုပ်က ဖာပွန်ငှက်ရယ်
နှစ်ခု ပေါင်းပြီးကျနော်
ခဏခဏဖျားပြီး လဲခွေနေတာများတယ်။
ငှက်ဖျားအတွေ့အကြုံမရှိတဲ့အပြင်
ရလာတဲ့ ငှက်ဖျားတွေကလည်းပြင်းတော့
အတော်ထိတယ်။ နောက် ဗမာ့တပ်မတော်ကအငြိမ်းစားယူထားတဲ့ 
ဒု-ဗိုလ်မှူးကြီးအေးမြင့်
(အဘ) ကျနော်တို့ဆီကိုရောက်ပြီး။
ဗဟိုမှာ မွန်းမံသင်တန်းပေးတယ်။
မနက်ပိုင်း ၅ နာရီခွဲလောက်
အားလုံးထတန်းစီ၊ မာနယ်ပလောကရွာတန်းတွေဘက်ကို
အုပ်စုလိုက်ပြေးကြတယ်။ သင်တန်းဆရာနဲ့ကျနော်တို့
စည်းဝါးညီအော်ပြေးကြတာပေါ့။
“ဘယ်ညာဘယ်ညာဘယ်ညာဘဲ” “ဘာလုပ်
နေလဲ” “လေ့ကျင့်နေတယ်” “ဘယ်သူ့အတွက်လဲ”
“ပြည်သူ့အတွက်ပဲ” “ဘာလုပ်ဖို့လဲ”
“တိုက်ပွဲဝင်ဖို့” “အမှတ်စဉ်၊
အမှတ်စဉ်၊ အမှတ်စဉ်.. ဆို”
“တစ်… နှစ်…. သုံး…. လေး၊ တစ်နှစ်သုံးလေး၊
တစ်နှစ်သုံးလေး” “လေ့ကျင့်ရေးမှာချွေးထွက်များမှ
စစ်မြေပြင်မှာသွေးထွက်နဲမည်။
ကျောင်းသားတပ်မတော်။ ကျောင်းသား
တပ်မတော်။ ကျောင်းသား တပ်မတော်”။
ကျနော်တို့အသံတွေနဲ့ စီနေခဲ့တာပေါ့။
အပြန်ကျတော့ လမ်းဘေးကရင်ရွာစုကအိမ်တွေထဲမှာ
သင်္ဘောသီးမှည့်တွေသွားတောင်းစာြး ကတယ်။
သူတို့က အဲဒီသင်္ဘောသီးမှည့်တွေမစားဘူး။
ဝက်ကြွေးပစ်တယ်။ ကျနော်တို့က
မနက်စောစော မောလာတဲ့ အချိန်
သင်္ဘောသီးမှည့်အေးအေးလေးတွေစားရေ တာ့
မောသမျှတွေပျောက်သွားပြီး
အင်ပြည့်အားပြည့်ပြန် ဖြစ်လာတယ်လေ။
အဲ.. နောက်ပိုင်းကျတော့ ကရင်ရွာသားတွေက
ကျနော်တို့လက်ချက်နဲ့ သူတို့ဝက်စာ
ကြွေးမယ့် သင်္ဘောသီးတွေကုန်လာတော့
တစ်လုံးကို ထိုင်းငွေ ၁ ဘတ်နဲ့ရောင်းတယ်။
သင်တန်းဆရာတွေ ၀ယ်ကြွေးရင်ကြွေး၊
သူတို့ ပိုက်ဆံမရှိလို့ မကြွေးနှိုင်ရင်လည်း
ပိုက်ဆံရှိတဲ့ရဲဘော်က ထုတ်ပေါ့။
အဲဒီနေ့က ကျနော်မနက်ကတည်းက
ဖျားချင်သလိုဖြစ်နေတယ်။ ဒါပေမယ့်
အဘက ကျနော်တို့ကို ရန်သူနဲ့
တွေ့ရင် မထိခိုက်အောင် စေတနာနဲ့အပင်ပန်းခံပြီး
သင်ပေးတဲ့သင်တန်းဖြစ်တာကြောင့်ေ ရာ၊
ကိုယ်တိုင် စိတ်ဝင်စားတာကြောင့်ပါ
ဆေးနားမယူဘဲ လိုက်သွားတယ်။
အဲဒီသင်တန်းအပတ်စဉ်မှာ ကျနော်တို့
နောက်ပိုင်း လက်တွေ့တောင်ကုန်းတွေပေါ်မှာတက်ြ ပီး
လက်တွေ့စမ်းသပ် တပ်စုတိုက်စစ်လေ့ကျင့်ခန်းတွေ
လေ့ကျင့်ရတယ်။ တပ်စုလိုက်
ရန်သူစခန်းသိမ်းတိုက်ပွဲလေ့ကျင့် ခန်းပေါ့။
နောက်ဆုံးအဆင့်က ပါးစပ်က
“ကျား” လို့အော်ပြီး လှံစွပ်ထိုးသိမ်းရတာ။
ရှေ့ကရဲဘော်တွေပြေးတက်သွားတဲ့ အတိုင်း
နောက်ကနေ ပြေးလိုက်တက်တယ်။
ခရာသံကြားရပြီ။ “ကျား…….အား..အား”။
အဲ… ကျနော်ဘယ်ရောက်နေပါလိမ့်။
“သတိရလာပြီ” “ဟေ့လူ သတိရပြီလား”။
ကျနော့ကို ရဲဘော်တွေ ၀ိုင်းကြည့်နေကြပါလား။
“ခင်ဗျား ဆေးရုံမှာရောက်နေတာလေ”
ခင်မောင်အေးရဲ့အသံ။ ဘေးမှာ
မင်္ဂလာဒုံ သားတွေဖြစ်တဲ့ ကိုခင်ထွန်းကြည်နဲ့
အောင်ငွေဦး။ “အင်… ဘယ်လောက်ကြာပြီလဲ”
ကျနော့အမေးကို ကိုခင်ထွန်းကြည်က
“မင်း ၃ ရက်တိတိမေ့နေတာကွ”
လို့ဖြေတယ်။ ငှက်ဖျားပိုးခေါင်းထဲရောက်ပြီး
ပထမ ဆုံး မေ့နေတာ။ သူတို့ပြန်ပြောပြတာက
အဲဒီနေ့က အားလုံးဇောနဲ့ စခန်းသိမ်းတိုက်ပွဲလေ့ကျင့်ြ ကတယ်။
အပေါ်ရောက်လို့ လူပြန်စစ်တော့
တစ်ယောက်ပျောက်နေပါလေရော။
အဲဒီတော့ အဘနဲ့ သင်တန်းဆရာ
တွေက “ကဲ… မင်းတို့ရဲဘော်တစ်ယောက်ပျောက်ေ နတယ်။
တိုက်ပွဲကျသွားပြီလား။ ပြန်ရှာကြ”
ဆိုလို့ သူတို့ပြန်ရှာတော့
ကျနော်က ခြုံပုတ်တစ်ခုထဲမှာအမြှုပ်တွေထွ က်ပြီးတက်နေတယ်တဲ့။
အဲ… ကျနော်တို့ ရဲဘော်တွေ
ကြားမှာ ဒီအကြောင်းကိုပြန်ပြောဖြစ်နြေ ကသလို။
လေ့ကျင့်တာတောင် ကျသွားတဲ့ရဲဘော်
ရှိသေးတဲ့အပြင်၊ အဲဒါကလည်းဘယ်သူမှမဟုတ်ဘူး။
ကျနော်ကိုယ်တိုင်ဘဲ။ ငှက်ဖျားခေါင်းထဲရောက်တဲ့သူ
တွေက သေရင်သေ၊ မသေရင်ရူးသွားတာမျိုးရှိတယ်။
ကျနော်က မသေလဲမသေ၊ အဲ.. ရူးလား၊
မရူးလား တော့ ကိုယ့်ကိုယ်ကိုယ်မကျိန်းသေသေးဘူး။
အဲဒီလောက်မဆိုးသေးဘူးလို့တော့
ထင်တာဘဲ။ အဲဒီအချိန် က မှတ်မိနေတာ
နောက်တစ်ခုရှိသေးတယ်။ ခဏခဏနှာစေးချောင်းဆိုးဖြစ်တဲ့
ရဲဘော်ကြီးတွေထဲက တစ်ယောက်နှစ်ယောက်
ဆေးရုံက ခပ်သွက်သွက်ဆေးမှူးဆရာမလေးတွေဆီ မှာ
ခဏခဏ ဆေးသွားပြီး တောင်းတာ။
0 comments:
Post a Comment