Monday, December 3, 2012

မီးလောင်ဗုံးဒဏ် ခံစားနေရသော သံဃာတော်တပါး စိတ်ဝေဒနာ ခံစားနေရ

ဆုံဆည်းရာ၊ ၃ ရက် ဒီဇင်ဘာလ ၂၀၁၂ 

လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရမှုတွင် ထိခိုက်ဒဏ်ရာရပြီး မုံရွာပြည်သူ့ဆေးရုံကြီးမှ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသမှု ခံယူနေတဲ့ ဆရာတော်တစ်ပါးဟာ မျက်နှာပြင်မှာ ရှိတဲ့ မီးလောင်ဒဏ်ရာတွေအပြင် စိတ်ဝေဒနာပါ ခံစားနေရလို့ သိရပါတယ်။

''ဆရာတော် ခဗျာ ပုံမှန်ပြန်ဖြစ်ဖို့  အရမ်းခက်သွားပါပြီ။ ယခု မြင်ရသည့်အတိုင်း ဘောပင်ကို တံတွေးဆွတ်လိုက် စာရွက်မှာ အမှန်တွေ ခြစ်လိုက် လုပ်နေရှာပြီ။'' ဟု အောင်သီဟ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဆရာတော်ရဲ့ ကျန်းမာရေးအခြေအနေလည်း စိုးရွားနေတယ်လို့ သိရပါတယ်။ ဓါတ်ပုံ - အောင်သီဟ

0 comments: