Saturday, December 22, 2012

ကမ္ဘာမပျက်ပေမဲ့ အရာရာပျက်ခဲ့တယ်

အဲဒီနေ့က
ဘုရားသခင်အားလုံး သေခဲ့ပြီ
အတွေးအခေါ်အားလုံး သေခဲ့ပြီ
ယုံတမ်းစကားအားလုံး သေခဲ့ပြီ
ကြားဖူးနားဝအားလုံး သေခဲ့ပြီ
အရာရာအားလုံး သေခဲ့ပြီ
အဲဒီနေ့နောက်ပိုင်းမှာ
ဘုရားသခင်အားလုံး ရှင်နေသေးတယ် သံသယတွေနဲ့
အတွေးအခေါ်အားလုံး ရှင်နေသေးတယ် သံသယတွေနဲ့
ယုံတမ်းစကားအားလုံး ရှင်နေသေးတယ် သံသယတွေနဲ့
ကြားဖူးနားဝ အားလုံးရှင်နေသေးတယ် သံသယတွေနဲ့
အရာရာအားလုံး ရှင်နေသေးတယ် သံသယတွေနဲ့

မနက်ဖန်ဟာ
မသုံးချင်တော့တဲ့ လက်ကျန်လား
အသုံးဝင်သေးတဲ့ ဆက်ရန်လား
လူသားဟာ ဝေဝါးခဲ့ပြီ။ ။

(လူရဲ့တွေးခေါ်မှုပုံစံအသစ်တစ်ခုဆီသို့ ဦးတည်ရေးသားသည်...။)
သုအိုင်စံ
၂၂-၁၂-၂၀၁၂

0 comments: