Friday, December 21, 2012

ABSDF (ကျောင်းသားတပ်မတော်)နှင့် NLD တွေ့ဆုံပွဲ ဦးဥာဏ်ဝင်း ရှင်းလင်း

ဆုံဆည်းရာ၊ ၂၁ ရက် ဒီဇင်ဘာလ ၂၀၁၂

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ တွေ့ဆုံမူအပြီးတွင်၊ အတွင်းရေးမှူးဦးဥာဏ်ဝင်းက ပြည်တွင်းသတင်းထောက်များနှင့် တွေ့ ဆုံပြီး သတင်းစာရှင်းလင်းပွဲတရပ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် ဒီဇင်ဘာ ၂၀၊ ၂၀၁၂ တွင် ကျင်းပခဲ့သည်။

သတင်းထောက်များ- ABSDF နှင့် ဘာအကြောင်းကို အဓိက ဆွေးနွေးခဲ့ပါသလဲ။

ဦးဥာဏ်ဝင်း - နိုင်ငံရေးအပေါ်သူတို့ အမြင်၊ NLD ဘက်က အမြင်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အေဘီကလည်း သူတို့ ဖြတ်သန်းမူအတွေ့ အကြုံနှင့် အခက်အခဲတွေ အကြောင်းကို ပြောဆိုဆွေးနွေးခဲ့ပါတယ်။

သတင်းထောက်များ- NLD အနေနှင့် လက်နက်ကိုင် အဖွဲ့များနှင့် ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ။

ဦးဥာဏ်ဝင်း - ABSDF နဲ့  NLD က လက်နက်နဲ့ ငြိမ်းချမ်းရေးဆိုပြီး မူဝါဒ ကွဲလွဲနေသော်လည်း ဒီမိုကရေစီရရှိရေးဆိုသော ရည်ရွယ်ချက်ပန်းတိုင် တူပါတယ်။ မူမတူပေမယ့်၊ ပန်းတိုင်ခြင်း တူညီတဲ့ မည်သည့် အဖွဲ့ အစည်းမဆို အမြဲကြိုဆိုနေမှာပါ။

သတင်းထောက်များ- ABSDF အနေနဲ့ ကရော အဖွဲ့ချုပ်ကို ဘယ်အတိုင်းအတာထိ ယုံကြည်မယ်လို့ ထင်ပါသလဲ။

ဦးဥာဏ်ဝင်း- တစ်ဦးနှင့်တစ်ဦး ယုံကြည်ခြင်းမယုံကြည်ခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရှေ့ဆက်ပါမယ်။ ကိုးကား - NLD Central

0 comments: