Friday, December 21, 2012

ABSDF နှင့် NLD တွေ့ဆုံ

ဆုံဆည်းရာ၊ ၂၁ ရက် ဒီဇင်ဘာလ ၂၀၁၂

ဒီဇင်ဘာ ၂၀ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)အဖွဲ့ နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့တို့  မြန်မာနိုင်ငံဧ။် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အကြောင်းများကို ဆွေးနွေးခဲ့ကြသည်။

ABSDF အနေနှင့် ဒုတိယ ပင်လုံညီလာခံ ကျင်းပနိုင်ရေးကို လိုလားပြီး၊ အမျီုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ကျောင်းသားတပ်ဦးကဲ့ သို့သောအဖွဲ့အစည်းများ ပါဝင်နိုင်သော အခင်းအကျင်းမျိုးကို ဖန်တီးပေးစေလိုကြောင်းနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအပေါ် ကျောင်းသားတပ်ဦးဧ။် အမြင်များကို ဆွေးနွေးခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် လျှောက်လှမ်းသည့် လမ်းခြင်းမတူသော်လည်း ရည်ရွယ်ချက်ပန်းတိုင်ချင်း အတူတူပင်ဖြစ်ကြောင်း၊ ထို့ ကြောင့် ၄င်းတို့ အဖွဲ့ အပြင် အခြားအဖွဲ့အစည်းများကိုလည်း ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ သတင်း - NLD Central

0 comments: