အချိန်က ၁၉၈၉ အာဏာသိမ်းပြီးစ လအနည်းငယ်အကြာ။
ကျနော်အပါအ၀င် ကျနော်တို့မြို့ပေါ်က
လအနည်းငယ်လောက် ပျောက်သွားကြတဲ့
ကျောင်းသားတွေ တစ်ဖွဲဖွဲရှေ့ဆင့်နောက်ဆင့်
ပုန်းနေကြတဲ့ နေရာတွေက ပြန်ထွက်လာကြတယ်။
ပြန်ပြီး စုစည်းမိကြတဲ့အခါ
အဓိကအနေနဲ့ ဆက်မလုပ်ချင်ကြတော့တဲ့
သူတွေကလွဲပြီး ကျန်ဆက်လုပ်ကြမယ့်သူတွေကို
အုပ်စုသုံးခုခွဲလိုက်တယ်။
၈၈ လှုပ်ရှားမှုထဲမှာ လူသိများ
နေတဲ့သူတွေက ပါတီအဖွဲ့ဝင်တွေအနေနဲ့
ပါတီရိပ်တွေအောက်မှာ ဆက်ပြီးလုပ်ကြဘို့။
အထူးသဖြင့် အလုံခြုံဆုံးက
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
NLD လို့ ရွေးချယ်ခဲ့ပြီး တစ်ချို့လည်း
၈၈ ကျောင်းသားခေါင်း ဆောင်တစ်ယောက်ဖြစ်တဲ့
ကိုမိုးသီးဇွန်ဦးဆောင်တဲ့
လူ့ဘောင်သစ်ပါတီကိုဝင်ခဲ့ကြတယ်။
အဲ သိပ်ပြီးလူသိ ထင်ရှားမဟုတ်တဲ့
အထူးသဖြင့် အလယ်တန်း၊ အထက်တန်းကျောင်းသားတွေလို
လူငယ်ကျောင်းသား ကျောင်းသူတွေကိုတော့
ဗကသ (မြေအောက်) အနေနဲ့ပြန်စုစည်းပြီး
ဖွဲ့စည်းပေးခဲ့ကြတယ်။
ကျနော်က အရင် မြို့နယ်ကျောင်းသားသမဂ္ဂ
ပြန်ကြားရေးဌာနမှာ အဖွဲ့ဝင်ဖြစ်ခဲ့တာရယ်၊
တခါတလေ လူကြားထဲမှာ တရားလှည့်ဟောခဲ့တာတွေရယ်ကြောင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လူငယ်) NLD (Youth) ကိုဝင်ခဲ့တယ်။
အဲဒီအချိန်က
စိတ်ဝင်စားစရာ ထူးထူးခြားခြားတွေအတော်ဖြစ်တယ်။
ပါတီတွေကို တရားဝင် စည်းရုံးရေး
လုပ်ဖို့ ခွင့်ပြုထားတဲ့
တစ်ချိန်တည်းမှာဘဲ ဘဏ်တွေမှာ
“မစုနိုင်ရင်ဆင်းရဲမည်” ဆိုတဲ့
စာတမ်းတွေ လိုက် ကပ်လာတယ်။
အဓိပ္ပါယ်က ဒေါ်အောင်ဆန်းစုကြည်
(မစု) ရွေးကောက်ပွဲမှာနိုင်ရင်
တစ်တိုင်းပြည်လုံး ဆင်းရဲတွင်းကျမယ်ပေါ့လေ။
အဲဒါ ကျနော်တို့ထဲကတစ်ယောက်က
လူအလစ်မှာ နောက်ပစ်ကို နောက်ခံ
ရောင်တူဆေးသုတ်ပြီး သွားဖျက်လိုက်တယ်။
အဲဒီတော့ “မစုနိုင်ရင်ဆင်းရမည်”
ဖြစ်သွားရော။ ဆိုးတာက နောက်တစ်နေ့အရာရှိနဲ့တူတဲ့
လူတစ်ယောက် အဲဒီစာတမ်းကို
လက်ညှိုးထိုးပြီး “ဘယ်မအေရိုး
က လာပြီး လက်ကမြင်းသွားတာလဲ။
ခုချက်ခြင်းဖြုတ်ပစ်” ဆိုပြီး
ဒေါသပေါက်ကွဲနေတာကို ကျနော်တို့
ခပ်လှမ်းလှမ်း က ကျိတ်ရီခဲ့ကြရတယ်။
မခံချင်လွန်းလို့
ကျနော်တို့ထဲမှာ
တင်ညွန့်သန်းဆိုတဲ့ ခပ်နွဲ့နွဲ့ပုံနဲ့
ကျောင်းသားတစ်ယောက်ရှိတယ်။
သူအဖမ်းခံရတော့ အတော်ထူးဆန်းတယ်။
အဲဒီနေ့က ကျနော် ပုသိမ်ဘက်ကိုရောက်နေတာ။
ကျန်တဲ့လူတွေပြန်ပြောပြလို့
သိရတော့ ငိုအားထက်ရယ်အားသန်။
ဖြစ်ပုံက အဲဒီနေ့က ၁၉၈၉ ခုနှစ်
မတ်လ (၁၂) ရက်နေ့။ ကျနော်တို့
မြို့က ကျောင်းသားတွေနောက်တစ်နေ့မှာ
ရှစ်ဆယ့်ရှစ်သူရဲကောင်း စက်မှုတက္ကသိုလ်ကျောင်းသား
ကိုဘုန်း မော်ကျဆုံးတဲ့အထိမ်းအမှတ်
မတိုင်ခင် အမှတ်တရ ကြေငြာချက်စာဝေမယ်ဆိုပြီး
မြို့နယ်သမ၀ါယမမန်နေ ဂျာဟောင်း
ဦးစံသိန်းအိမ်ကို အချိန်းအချက်လုပ်ပြီးသွားကြတယ်။
အဲဒီအိမ်မှာဘဲစုပြီး စာရေး၊
ဖယောင်း စက္ကူဖောက်၊ မီးချောင်းနဲ့လှိမ့်ပြီးမိတ္တူကူးရတဲ့
လက်ဖြစ်စာလှိမ့်နည်းနဲ့ လေးငါးယောက်
အလုပ်ရှုပ်နေကြ တာပေါ့။
တင်ညွန့်သန်းအမေကြီးက
အသက် ၆၀ ၀န်းကျင်။ အသက်ကြီးပြီ။
နောက်ပြီးသူ့အမေက တောသူရိုးရိုး
ကြီး။ အဲဒီအချိန်သူအိမ်မှာဆန်ပြာနေတု န်း
ရဲထောက်လှမ်းရေးတစ်ယောက်ရောက်လာ ပြီး
သူ့သားကို မေးပါလေရော။ အဲဒီတော့
အဖွားကြီးက ငါဘယ်သိမလဲပေါ့။
ရဲကလည်း အမျိုးမျိုးလှည့်မေးပြီးမရတော့၊
ထွက်သွားခါနီး “ဘယ်လိုအမေလဲမသိဘူး။
ကိုယ့်သားတောင် ကိုယ်.. ဘယ်ရောက်နေမှန်းမသိ..”
လို့ပြော ပြီး လှည့်ထွက်တဲ့အချိန်
အဖွားကြီးက “ဟဲ့။ နေဦး။ ငါနင့်ကို
မပြောချင်လို့မပြောတာပေါ့ဟဲ့။
ငါကအမေဘဲ။ ငါ့သားဘယ်မှာရှိတယ်ဆိုတာ
ငါသိတာပေါ့။ မနက်ကတည်းက ကိုစံသိန်းတို့အိမ်ကိုသွားမလို့ လို့ပြောပြီး
ထွက်သွားတာဘဲ” တဲ့။ အဲဒီတော့
ဟိုလူတွေ ဦးစံသိန်းအိမ်ကိုလိုက်သွားတော့
မီးချောင်းတွေ။ မှင်တွေ စာရွက်တွေနဲ့အလုပ်ရှုပ်နေတဲ့
တပြုံလုံးလက်ပူးလက်ကျပ်ကိုမိတော့ တာပေါ့။
အကုန်လုံး ထောင်ရှစ်လစီကျ
ကုန်တယ်။
ငါးလကျော်နေရပြီးတော့
သူတို့ပြန်လွတ်လာကြပါတယ်။
ထောင်အတွေ့အကြုံလေးတွေလည်း
ပါလာကြ တာပေါ့။
အချဉ်မဟုတ်
ထောင်ထဲမှာ ပစ်မှုကြီးကြီးတွေကျူးလွန်ပြီထော င်ကျလာတဲ့သူတွေရှိတယ်တဲ့။
တစ်ချို့က လူသတ်၊ မုဒိန်း
ကျင့်လိုမျိုးတွေ အပြင်မှာပက်ပက်စက်စက်တွေ
ကျူးလွန်ပြီး အဖမ်းခံရလို့
ရောက်လာကြတာ။ အဲဒီလူတွေ ထဲမှာ
တစ်ချို့က ထောင်ထဲရောက်မှ
ထောင်စေတီရှေ့မှာ ဘုရားတွေ
အကျယ်ကြီးအော်ရှိခိုး၊ ပုတီးတွေစိတ်
ပြီး သူတော်ကောင်းကြီးတွေလို
လုပ်နေကြတော့။ မျက်စေ့နောက်တဲ့တစ်ယောက်က
ဘုရားရှေ့နံရံမှာ ဟိုလူ တွေမသိခင်
စာသွားရေးထားတယ်တဲ့။ ဟိုလူတစ်ယောက်
ဘုရားရှိခိုး၊ ပုတီးစိတ်ပြီး
ထထချင်း အသံထွက် လာတယ်။ “ဘယ်..
မအေ..xxx… ငါ..xxx… မသားက လာရေးသွားတာလဲ။
ခွေးမသားတွေ….xxxx……” ဆဲသံတွေမိုးမွှန်လို့။
ကျန်တဲ့ထောင်သားတွေက
ဘယ်လိုဖြစ်တာပါလိမ့်ဆိုပြီးသွား ကြည့်ကြတော့
ဘုရားရှေ့နံရံက စာတမ်းကို
တွေ့လိုက်ရတော့တယ်။ အဲဒါက…
“ကိုယ်ဖြစ်ကိုယ်ခံ မတောင်းပန်နဲ့။
သုံးလူ့ထွဋ်ထား ငါဘုရားသည်။
မင်းတို့ထင်သလို အချဉ်မဟုတ်”
တဲ့။
ရဲဘော်မြတ်
0 comments:
Post a Comment