Saturday, October 6, 2012

ကြေးနီနဲ့ ရှင်သန်ခွင့် တိုက်ပွဲ

• သဘာဝ
ငြိမ်းအေးခြင်းရသ
ရိုးသားဖြူစင်တဲ့အလှ
ဒါတွေ အားလုံးနဲ့
ငါတို့ရဲ့ ရှင်သန်ခွင့်ကို
နွယ်ယှက် ပေါင်းဖက်
ဘိုးစဉ် ဘောင်ဆက်မှသည်
သားစဉ် မြေးဆက်အထိ။
...


• ရမ္မက်မီးကြောင့်
သဘာဝတွေ ပျက်စီးရင်
ငါတို့ဆက်ပြီး
ရှင်သန်ဖို့ မဖြစ်နိုင်။

• ငြိမ်းအေးခြင်းရသ
ခဏလေးတောင်
ဝေးလို့မဖြစ်
မျိုးဆက်သွေးတသက်
စတေး ထားရတယ်။

• ရောတု၍ မရ
သွန်းထုမှ လှတဲ့
ရိုးသားဖြူစင်မှု ကို
ဖြစ်လိုရာအတိုင်း
စေခိုင်းခံလည်း မဟုတ်ပါ။

• လက်ပံတောင်းတောင်မှာ
ကြေးနီ ကြေးဝါမကလို့
တတောင်လုံး ရတနာ
ပေါက္ခရ၀ဿန်မိုးပဲ့ ရွာရွာ
ပဒေသာပင်ပဲ့ ထွက်ထွက်
ငါတို့အတွက် အကျိုးမဖြစ်။

• ဒီတော့ ရှင်သန်ခွင့် အတွက်
လောဘရမ္မက်တွေကို
ဖယ်ရှင်းပစ်ဖို့
သွဲ့သွဲ့ဝင်းနဲ့ ရောင်းရင်းတို့ရေ
စစ်တလင်း ထောင်နုပ်ခမ်း ဆိုလည်း
လက်ချင်းဆက်၍ အောင်ပန်းအတွက်
စစ်ခင်းပြီး ထောင်နန်းကို
လှမ်းကြတာပေါ့။

ခွန်တာဇံ (မကဒတ)
အောက်တိုဘာ ၂၊ ၂၀၁၂။

0 comments: