Tuesday, September 25, 2012

ဆုံးရှုံးချက်

ခေတ်ပေါ် စိတ်က
ဗိုင်းရပ်တွေ တဝုန်းဝုန်း ရှုပ် ယှက် လွင့်
ဒါပေမဲ့
ကျမ်းစာကို သီချင်းထဲ ထည့်ဆိုပစ်လိုက်တယ်ကွာ
ခေတ်ပေါ် ရုပ်က
အိုင်ဖုန်းတွေ တစ်လုံးပြီးတစ်လုံး ဟောင်း / သစ်
ဒါပေမဲ့
လူ့ယဉ်ကျေးမှု တစ်ခုလုံးကို Jailbreak နဲ့သုံးပစ်လိုက်တယ်ကွာ
အေး....ခက်တာက.....
Format ဆိုတဲ့ ကိစ္စ
လူ့ဖြစ်တည်မှုမှာ ပတ်သက်လို့ မရတာဟာ ငါတို့ရဲ့ညံ့ချက်ပဲ။   ။

သုအိုင်စံ
၂၂-၀၉-၂၀၁၂

0 comments: