ကိုယ့်ကျင်းကိုယ်တူးပြီးမှ
ကြီးပြင်းလာရတဲ့ကောင်ပါ
ငါသေတဲ့အခါ
သင်တို့အလုပ်ရှုပ်ရာမလိုဘူး။
ချစ်သူရေ...
ရေသောက်မြစ်ဖြစ်လာမှာတော့
မြေအောက်မှာနှစ်ရှည်လများ
နက်သထက်နက်
ငါ ဆက် ဆက် တူးသွားပါ့မယ်။
ကမ္ဘာမြေပေါ်က
ငါပို့ပေးလိုက်တဲ့ပန်းတွေ
လှပနေပါစေတော့
ငါပို့ပေးလိုက်တဲ့ကဗျာတွေ
ရသဝေဖြာစေတော့၊
အဲဒီရေသောက်မြစ်က
ရေတစ်ပေါက်လောက်
သောက်ခွင့်ရခဲ့ရင်ပဲ
သေပွဲရဲရဲဝင်ရဲပြီ။ ။
သုအိုင်စံ
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၀-၅-၂၀၁၃ - နံနက်ပိုင်း)
-
- လက်ပံတောင်းတောင် ရွာတွေမှာ ပြည်သူ့လယ်ယာမြေ ကာကွယ်ရေးကော်မတီ ဖွဲ့စည်း click
- တရုတ်ယူနန်အစိုးရ တာဝန်ခံနဲ့ ဒီမိုကရေစီမိတ်ဆွေပါတီတွေ တွေ့ click
- တရုတ်-မြန်...
4 hours ago

0 comments:
Post a Comment