Thursday, September 20, 2012

ချိုးကူသံစစ်မှ ဒေါင်းတွန်သံကြားရမယ်

နယ်ချဲ့ ဖက်ဆစ်
စစ်အာဏာရှင်
ဆန့်ကျင် သမိုင်း
တိုက်ပွဲတိုင်း မှာ
ဓါးပါ ဓါးခုတ်
လှံထုတ် လှံထိုး
အရိုး တွန်သံ
ဒေါင်းတွန်သံများ
ရိုးမတလွှားမှ
လူထုကြားအထိ
သစ္စာသိသော
မော်ကွန်းရှိတယ်။ ။

ဘ၀ပေးအရ
လက်တွေ့ကျတဲ့
ဖေါ်ပြမှုကို
ရင်ဝနင်းထောက်
ဘယ်သူမြှောင့်ပစ်
သမိုင်းဖျက်ရန်
ချိုးသံဟန်လုပ်
ဒေါင်းဆုတ်သွားအောင်
ချောင်ရေးဗျူဟာ
ကြံရှာတွေးဆ
နိုင်ငံရေးယောင်
ခွေးဟောင်သံက
သခင်အားရ
ကျွန်ပါးဝ။ ။

ခွန်တာဇံ (မကဒတ)
စက်တင်ဘာ ၁၂၊ ၂၀၁၂။
လက်နက်ကိုင်တော်လှန်ရေးကို စက်ဆုတ်ရွှံရှာပါသည်ဟူသော ချိုးအတု များသို့

0 comments: