Tuesday, August 14, 2012

အကြပ်ကိုင် နည်းဖြင့် ငြိမ်းချမ်းရေး ရစေသည့် နည်းကို KIA လက်ခံမည်မဟုတ်

၁၄ ရက် သြဂုတ်လ ၂၀၁၂ ခုနှစ် 

K_63_oo0ppiအစိုးရသည် ရွှေပြည်သာ စစ်ဆင်ရေးနည်းဖြင့် KIA အား အကြပ်ကိုင်ပြီးမှ ၄င်းတို့၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အား လက်ခံ စေသည့်နည်း အသုံးပြု နေခြင်းကို KIA က လက်ခံမည် မဟုတ်ဟု ပြောရေးဆိုခွင့် ရှိသူ ဦးလာနန်းက ဆိုပါသည်။
“ လိုင်ဇာကို မသိမ်းပါဘူးလို့ ဦးအောင်မင်း၊ ဦးအောင်သောင်းတို့ ပြောနေတာက သံတမန်စကားပါ။ လက်တွေ့မှာတော့ အဲဒီလိုမဟုတ်ပါဘူး။ စစ်တပ် အင်အား အလုံးအရင်းနဲ့ လိုင်ဇာကို ၀ိုင်းဝန်း ပိတ်ဆို့ထားမယ်။  အဲဒီနည်းဟာ လိုင်ဇာကို မ သိမ်းပေမဲ့ သိမ်းထားသလိုဘဲပေါ့။ အဲဒီလို လှုပ်လို့မရအောင် အပေါ်စီးနဲ့ အကြပ်ကိုင်ထားပြီးတော့မှ KIA ကိုငြိမ်းချမ်းရေး ထပ်ကမ်းလှမ်းမယ် ဆိုတဲ့ အကြံဖြစ်နေတယ်။ အဲဒီ နည်းနဲ့တော့ KIA က လက်ခံမှာ မဟုတ်ဘူး။ ဒီတော့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဟာလည်းေ၀၀ါး သွားတော့မှာ ဖြစ်တယ်” ဟု ဆိုပါသည်။

KIA စစ်ဆင်ရေးကို ရွှေပြည်သာ စစ်ဆင်ရေးဟု နာမည် ပေးထားပါသည်။ ဤစစ်ဆင်ရေး၌ အစိုးရ တပ်ဖွဲ့များသည်၊ လမ်း ကြောင်း (၃) ခုမှ နေ၍ လိုင်ဇာဖက်ကို စစ်ဆင်နေပါသည်။ မြောက်ပိုင်းတိုင်း တပ်ဖွဲ့များ၊ တပ်မ(၈၈)နှင့် (၉၉) တပ်ဖွဲ့များသည် မြစ်ကြီးနား လမ်းကြောင်းမှ ချီတက် တိုက်ခိုက်နေပါသည်။ နောက်လမ်းကြောင်း တခုမှာ မြောက်ပိုင်း တိုင်းစစ်ဌာန ချုပ်တပ် များ၊ တပ်မ (၄၄) နှင့် (၈၈) တပ်ဖွဲ့တချို့ ပူးပေါင်းပြီး၊ ဗန်းမော်ဖက်မှ ချီတက်နေပါသည်။ တတိယလမ်း ကြောင်းမှာ အရှေ့ မြောက် တိုင်းစစ်ဌာနချုပ် တပ်များနှင့် တပ်မ (၃၃) မှ တပ်ဖွဲ့များသည်၊ ရှမ်ပြည် မြောက်ပိုင်း ဖက်မှ စစ်ဆင်နေပါသည်။

 ဤတပ် များသည်၊ လိုင်ဇာကို ဝန်းရံ ထားသော KIA တပ်ဖွဲ့ နေရာ (၅) ခုအား တိုက်ခိုက်ရန် ဖြစ်သည်။ နေရာ(၅)ခုမှာ  (၁) ကချင် အရှေ့မြောက်ပိုင်းမှ KIA တပ်ရင်း (၃) နယ်မြေနှင့် တပ်မဟာ (၁)နယ်မြေများ (ပန်းဝါဒေသ)။ (၂) KIA တပ်မ ဟာ(၃) ဌာနချုပ်နယ်မြေ (လွယ်ဂျယ်- မိုင်ဂျာယန် ဒေသ)။ (၃)KIA ဗဟိုယာယီဌာနချုပ် လိုင်ဇာဒေသ။ (၄)KIA တပ်မဟာ (၅) ဌာန ချုပ်နယ်မြေ တာပိန်-ဘွမ်ဆင်ဒေသ။ (၅) KIA တပ်မဟာ (၄) တပ်ရင်း (၈) နယ်မြေ ရှမ်းပြည်မြောက်ပိုင်းဒေသ တို့ကို ထိမ်း ချုပ်ရန် စစ်ဆင်နေခြင်း ဖြစ်ပါသည်။ နေ့တိုင်းလည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါသည်။
အထက်ပါ နေရာများကို အစိုးရတပ်များ ထိမ်းချုပ် ထားနိုင်ပါက လိုင်ဇာကို မသိမ်းထားရင်တောင် ၀ိုင်းထားသလို ချုပ်ကိုင် ထားနိုင်ပါသည်။ ဤအခြေအနေသို့ ရောက်ရှိ လာပါက အစိုးရသည် ၄င်း၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် အစီစဉ်ကို KIA အား လက်ခံစေသည့်နည်း ထိုအချိန်ကျမှ ကျင့်သုံးနေသည်ဟု KIA ကဆိုပါသည်။ သို့သော် အစိုးရထင်သလို KIA က လက်ခံမည် မဟုတ်ဟု ဦးလာနန်းက ဆိုပါသည်။
KIA_military_mnbolကချင်ပြည် လွတ်မြောက်ရေးတပ်မတော် (ဓါတ်ပုံ KIA)
အစိုးရသည် ဤရည်ရွယ်ချက်ကို ရရှိရန်  မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်ရင်း (၄၆) ရင်း၊ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်မှတပ်ရင်း (၄၂)ရင်း၊ တပ်မ(၈၈)မှ (၈) ရင်း၊ တပ်မ (၉၉)မှ (၆)ရင်း၊ တပ်မ (၄၄) မှ (၄) ရင်း၊ အမြောက်တပ်များ၊ ဆက်သွယ်ရေး တပ်များ၊ ထောက်ပို့တပ်များ ဆေးတပ်များနှင့်  လေကြောင်း ပစ်ကူ တပ်များ အပါဝင် အင်အား တသောင်းကျော် စစ်ဆင်နေသည်ဟု KIA ဖက်မှ ခန့်မှန်း ထားပါသည်။

ထို့အပြင် တပ်မ (၆၆)၊ တပ်မ (၇၇) နှင့် တပ်မ (၁၀၁) တပ်များကိုလည်း အရန်အဖြစ် မြစ်ကြီးနားနှင့် ဗန်းမော်မြို့များတွင် နေရာချထားပါသည်။ အစိုးရသည် မြစ်ကြီးနားနှင့် ဗန်းမော်မြို့ကြီးပေါ်ရှိ ကချင် လူငယ်များကို ဖမ်းဆီးပြီး အဓမ္မစစ်သား စုဆောင်းမှု များလည်း ရှိသည်ဟု KIA ကဆိုပါသည်။
ငြိမ်းချမ်းရေး ရရှိမှုသည် နှစ်ဖက် အပြန်အလှန်ညှိနှိုင်းပြီး အဆင်ပြေမှုရှိမှ ရရှိမည်ဖြစ်သည်ဟု KIA ဖက်က ယူဆထားပါ သည်။ ဤသို့ကြောင့် KIA သည် ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်းတွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေး ကြရန် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု အဖွဲ့အား အဆိုပြု ထားပါသည်။  အစိုးရသည် မူဆယ်မြို့၌ အဆိုပြုထားပြီး KIA အဆိုပြုထားမှုကို ပယ် ချထားပါသည်။ သို့သော် ပယ်ချထားမှုကို KIA အား ယနေ့တိုင် တရားဝင် အကြောင်းကြားခြင်း မရှိခဲ့ပေ။
လက်ရှိ ရွှေပြည်သာ ထိုးစစ်ဖြင့် KIA အား အကြပ်ကိုင်ပြီးမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ အပေါ်စီး ရမည်ဟု အစိုးရ၏ နည်းဗျူဟာ သည် စစ်မှန်သော ငြိမ်းချမ်းရေးကို ရှေ့ရှုခြင်း မဟုတ်ဘဲ တိုင်းရင်းသား ချေမှုန်းရေးသာ ဖြစ်ကြောင်း ယမန်နေ့က ပြောကြားခဲ့ သော ဒုတိယ သမ္မတ၏ မိန့်ခွန်းအရ သိသာ ထင်ရှားလှသည်ဟု ဦးလာနန်းက ဆိုပါသည်။

မြန်မာ့ ငြိမ်းချမ်းရေးသည်  KIA အပေါ် အစိုးရ၏ ကိုင်တွယ်မှု သဘောထား အပေါ်မှာသာ မူတည်သည်ဟု ငြိမ်းချမ်းရေး ဖြစ် စဉ်ကို အကူအညီ ပေးနေသော နော်ဝေးနိုင်ငံမှ Myanmar Peace Support Initiative (MPSI) က ဆိုပါသည်။ သို့သော် KIA နှင့် အစိုးရ တို့သည် ပြီးခဲ့သည့် ၂၀၁၁ခုနှစ် နိုဝင်ဘာလမှ ယခုထိ တရားဝင် ဆွေးနွေးမှု (၃)ကြိမ်နှင့် အလွတ်သဘော ဆွေးနွေးမှု နှစ်ကြိမ် ကျင်းပ ခဲ့ပြီး ဖြစ်သော်လည်း အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရခဲ့သေးပေ။ သတင်း၊ ဓါတ်ပုံ -  ရွှေဟင်္သာသတင်းဌာန

0 comments: