Monday, August 13, 2012

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တတိယအကြိမ်မြောက် တွေ့ဆုံ

၁၃ ရက် သြဂုတ်လ ၂၀၁၂ ခုနှစ်
ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် တွေ့ဆုံစဉ်က
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ဒီနေ့မနက် ၉ နာရီလောက်မှာ တွေ့ဆုံခဲ့တယ်လို့ ပါတီရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

တွေ့ဆုံပွဲမှာ ဆွေးနွေးတာတွေနဲ့ပတ်သက်ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုခြင်းမရှိခဲ့ပါဘူး။ ဒါဟာ ပြည်ထောင်စု သမ္မတနဲ့ တတိယအကြိမ် တွေ့ဆုံတာလို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်အပြီး ပြီးခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်း ဦးသိန်းစိန်နဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံအပြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီ သက်တမ်း မှတ်ပုံတင်ခဲ့ပြီး ဧပြီလမှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။
လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ ကျမ်းသစ္စာ ကျိန်ဆိုဖို့ အငြင်းပွားနေစဉ်မှာ ဒုတိယအကြိမ် တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်တက်ခဲ့ပါတယ်။

အခု တတိယအကြိမ်တွေ့ဆုံအပြီး မြန်မာပြည်နိုင်ငံရေးမှာ ဘာတွေ တိုးတက်ဖြစ်ထွန်းလာမလဲဆိုတာတော့ အများက စောင့်ကြည့်နေကြပါတယ်။ သတင်း - DVB


0 comments: