Sunday, June 10, 2012

ရခိုင်ပြည်နယ်အခြေအနေများ (၁၀ ရက် ဇွန်လ ၂၀၁၂ ခုနှစ်)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၂(က) တွင် တိုင်းဒေသကြီး တစ်ခုတွင် ဖြစ်စေ၊ ပြည်နယ် တစ်နယ်တွင် ဖြစ်စေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု တစ်စုတွင် ဖြစ်စေ၊ ယင်းတို့၏ တစ်စိတ် တစ်ဒေသတွင် ဖြစ်စေ ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်ကို ထိပါး အန္တရာယ်ပြုမည့် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ထိုသို့ ပေါ်ပေါက်ရန် လုံလောက်သော အကြောင်း ရှိကြောင်း သက်ဆိုင်ရာ ဒေသ အာဏာပိုင် အဖွဲ့အစည်းများက တင်ပြလျှင်သော် လည်းကောင်း နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာ တည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်သည်။

ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် (၁/၂၀၁၂) ဖြင့် ရခိုင်ပြည်နယ်အား အရေးပေါ် အခြေအနေ ကြေညာလိုက်သည်။ တည်ငြိမ်မှု ပြန်လည်ရရှိရေးအတွက် တပ်မတော်၏ အကူအညီ ရယူ ဆောင်ရွက်ရမည်။ ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေမှာ ဥပဒေအရ ဆောင်ရွက်သွားမှာ ဖြစ်သလို အလားတူ ကိစ္စရပ်များ ထပ်မံ မပေါ်ပေါက်ရန် ဥပဒေနှင့် အညီ အလေးထား ဆောင်ရွက်သွားမှာပါ။ (နိုင်ငံတော် သမ္မတဦးသိန်းစိန်) ကိုးကား - Eleven Media Group

ဇွန်လ ၁၀ ရက် ၂၀၁၂ ခုနှစ်၊ မြန်မာ့ရုပ်မြင်သံကြား ည ၈ နာရီ  သမတ မိန့်ခွန်း 


 
 -------------------------------------
ကျောက်ဖြူခရိုင် ရမ်းမြို့ အမှတ်(၂)ရပ်ကွက်တွင် ယနေ့ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်က အများပြည်သူ သောက်သုံးနေသော (ဘန်းတောင်) ရေကန်ကို ဘင်္ဂါလီအမျိုးသမီး နှစ်ဦးလာရောက်ပြီး လူအများသေစေနိုင်သည့် အက်ဆစ်များကို ရေကန်ထဲသို့ ပစ်ချရန် ပြုလုပ်နေစဉ် လုံခြုံရေးများက အလျှင်အမြန် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါသည်။ ကိုးကား - Eleven Media Group

---------------------------

0 comments: