Monday, June 11, 2012

ရခိုင်ပြည်နယ် အခြေအနေ (၁၁ ရက် ဇွန် ၂၀၁၂ ခုနှစ်)

မသင်္ကာသူ နိုင်ငံတကာ အန်ဂျီအိုဝန်ထမ်းအိမ်မှ လက်နက်များသိမ်းဆည်းရမိ

မြန်မာစံတော်ချိန်- ည ၉နာရီ ၁၅မိနစ်၊

အယ်ကေးဒါး အဖွဲ့နှင့် ဆက်သွယ်မှုရှိသည်ဟု မသင်္ကာသူ AZG (နယ်သာလန် အခြေစိုက် နိုင်ငံတကာ အန်ဂျီအို) အဖွဲ့မှ ၀န်ထမ်းတဦး၏ အိမ်တွင် လက်နက်သေတ္တာ ၂ လုံး ယနေ့နံနက်ပိုင်းက ရှာဖွေတွေ့ရှိသည်ဟု စစ်တွေမြို့ လုံခြုံရေးအသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။ ရှာဖွေတွေ့ရှိသည့် အိမ်မှာ AZG ၀န်ထမ်း တဦးဖြစ်သူ ဦးကျော်လှအောင် ၏ နေအိမ်ဖြစ်၍ ယင်းနေအိမ်မှာ စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက် ဗလီအနီးတွင် တည်ရှိသည်ဟု စစ်တွေမှ လာသည့် သတင်းများ အရသိရသည်။

ဦးကျော်လှအောင်၏ လုပ်ဖေါ်ကိုင်ဖက် ၀န်ထမ်းနှစ်ဦးမှာလည်း တိမ်းရှောင်လျှက်ရှိပြီး ၎င်းတို့အမည်မှာ ကိုဇော်လင်းထွန်းနှင့် ကိုလှရွှေ တို့ဖြစ်သည်ဟု သိရှိရသည်။

ယင်းလက်နက် သေတ္တာ ၂ လုံးတွင် သေနတ်များ၊ ခဲယမ်းမီးကျောက်များ ပါဝင်ကာ အခြားသော စာရွက်စာတမ်းများပါ ပါဝင်သည်ဟု သိရှိရသည်။
စစ်တွေမြို့တွင် ယနေ့ဖြစ်ပျက်သည့် အဖြစ်အပျက်များတွင် အာရ်ပီဂျီ ပခုံးထမ်းလောင်ချာ လက်နက်များလည်း ဘင်္ဂါလီ အကြမ်းဖက်သူများထံမှ တွေ့ရှိရသည်ဟုလည်း မျက်မြင်သက်သေများက ဆိုသည်။ YIP

--------------------------------
အယ်လ်ကိုင်ဒါနှင့် ဆက်သွယ်သော ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦးကို သက်ဆိုင်ရာ ဖမ်းဆီး
ရန်ကုန်၊ ဇွန် ၁၁

ရခိုင်ပြည်နယ်တွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွားစေရန် လှုံ့ဆော်ဦးဆောင်ကြသူများတွင် ပါဝင်သည်ဟု ယူဆရသူ ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦးကို သက်ဆိုင်ရာက ယနေ့တွင် ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် ဒေါက်တာထွန်းအောင်ကို မောင်တောမြို့နယ် သုံးမိုင်တွင် သက်သေအထောက်အထားခိုင်လုံစွာဖြင့် ယနေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်တွေမှ ရန်ကုန်သို့ ထွက်ခွာမည့် Air Kanbawza လေယာဉ်၊ ထိုင်ခုံနံပါတ်-၆ တွင် လိုက်ပါစီးနင်းမည်ဟု လက်မှတ်ဝယ်ယူထားသော ၄င်း၏သမီးဖြစ်သူကိုမူ အယ်လ်ကိုင်ဒါနှင့်ဆက်သွယ်သော စာရွက်စာတမ်းများနှင့်အတူ သက်သေအထောက်အထားခိုင်လုံစွာဖြင့် ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာထံမှ သိရှိရသည်။
The Voice 
----------------------------------------
 စစ်တွေတွင် အကြမ်းဖက်သူများဘက်မှ လောင်ချာဖြင့် ပစ်ခတ်မှုရှိ

စစ်တွေမြို့ပြင်တွင် ဖြစ်ပွားသည့် အဖြစ်အပျက်၌ အကြမ်းဖက်သူများဘက်မှ RPG ပခုံးထမ်းလောင်ချာ ဖြင့်ပစ်ခတ်မှုရှိခဲ့သည်ဟု စစ်တွေမြို့ခံ များက ပြောသည်။

ယနေ့တနေ့လုံး စစ်တွေမြို့ ဓည၀တီရပ်ကွက်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကာ ဘုန်းတော်ကြီးကျောင်း မီးရှို့ခံရမှုနှင့် အပြန်အလှန်ပစ်ခတ်မှုများ အတွင်း အရပ်သားသေဆုံးမှုများ ရှိခဲ့သည်။

စစ်တွေ အပါအ၀င် မြို့နယ်၎ ခုတွင် ယမန်နေ့မွန်းလွဲပိုင်းက ပုဒ်မ (၁၄၄) အရ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး ရခိုင်ပြည်နယ် တခုလုံးကိုမူ အရေးပေါ် အခြေအနေကြေညာထားသည်။ ။YIP
----------------------------------------
စစ်တွေ၌ ဘင်္ဂါလီများက အကွက်ချ လုပ်ဆောင်နေသည်ဟု ထင်မြင်မှုများရှိနေ

စစ်တွေမြို့တွင်း လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများအရ ဘင်္ဂါလီများက အကွက်ချ လုပ်ဆောင်နေသည်ဟု ထင်မြင်ကြောင်း စစ်တွေ ဒေသခံများက ပြောကြားခဲ့ပါသည်။

"အခု သူတို့လုပ်နေပုံတွေ ကြည့်ရင် အကွက်ချပြီး လုပ်နေတယ်လို့ ထင်တယ်။ မနေ့က မင်းဂံရပ်ကွက်တွေကို ၀င်ဖို့ ကြိုးစားတယ်။ မီးရှို့တယ်။ သူတို့ အိမ်တွေကိုလည်း သူတို့ မီးရှို့ပြီး ရခိုင် အိမ်တွေ ကူးအောင်၊ ရခိုင်တွေ ရှို့တယ်လို့ ပြောလို့ရအောင် လုပ်တယ်။ ဒီနေ့တော့ မင်းဂံဘက်မှာ လုံခြုံရေးက လုံထိန်းရော၊ တပ်ရော ချထားတယ်။ အဲဒီအချိန်မှာ မနက်ပိုင်းတစ်ပိုင်းလုံး ငြိမ်နေတယ်။ မွန်းလွဲပိုင်းက စပြီး ဓည၀တီ၊ နာဇီ၊ သံတော်လီ၊ ဗျိုင်းဖြူ၊ မကျည်းမြိုင် နေရာတွေကို မီးရှို့တယ်။ အဲဒီနေရာတွေမှာက လုံခြုံရေး အားနည်းနေတယ်။ အဲတာကို သိတဲ့အတွက် ဒါကို အခွင့်ကောင်းယူပြီး မီးရှို့မှုတွေ လုပ်တယ်”ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောပါသည်။

ယနေ့(ဇွန်လ ၁၁ ရက်) တွင် နာဇီကျေးရွာဘက်မှ ဘင်္ဂါလီအုပ်စု၊ သံတော်လီကျေးရွာမှ ဘင်္ဂါလီအုပ်စု ထိုအုပ်စုနှစ်စု အဓိက ထကြွခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့ကမူ ဘုမင်ရွာရှိ ဘင်္ဂါလီအုပ်စုက ထကြွခဲ့ခြင်း ဖြစ်ပါသည်။

“စစ်တွေမြို့ထဲမှာသာ ဘဂါင်္လီက အင်အားက နည်းတယ်။ အမ်ဘာရီအုပ်စု၊ နာဇီအုပ်စု၊ ဘုမေ အုပ်စုကတော့ ဘင်္ဂါလီတွေများတယ်။ ဒါတွေက စစ်တွေမြို့နဲ့ နီးတယ်။ သူတို့က မြို့ကို ပတ်ဝိုင်းပြီး နေတဲ့ သဘောရှိတယ်။ မြို့တွင်းမှာ နေတဲ့ ဘင်္ဂါလီတွေကတော့ သူတို့ရဲ့ နေအိမ်တွေကို စွန့်သွားပါပြီ။ ဒီရက်ပိုင်းမှာ ဖြစ်နေတာက စစ်တွေမြို့ပတ်လည်မှာ ၀ိုင်းနေတဲ့ ဘင်္ဂါလီအုပ်စုတွေက အလှည့်ကျ ထကြွနေတဲ့ သဘောရှိတယ်။ လုံခြုံရေးက တစ်ဖက်မှာ အားစိုက်နေရင် ကျန်တဲ့တစ်ဖက် ထကြွတဲ့ သဘော ဖြစ်နေတယ်။ လုံခြုံရေး အင်အားကလည်း တစ်မြို့လုံး အတိုင်းအတာအရ လုံလောက်မှု
မရှိသေးဘူး။ အဲဒီတော့ စစ်တွေဒေသခံတွေကပဲ ကိုယ်လက်နက် ကိုယ်ရှာပြီး ကာကွယ်နေရတဲ့ သဘော ရှိနေတယ်။ စစ်တွေ မြို့ပြင် ကမ်းနားပတ်လည် တစ်ကြောမှာလည်း ဘင်္ဂါလီ ရွာတွေ များတယ်။ သူတို့တွေနဲ့ နီးနေတဲ့ ဥပမာ ဗျိုင်းဖြူ လို ရွာမျိုးဆိုရင် စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ လုံခြုံရေးကလည်း အဲဒီအထိ မရောက်သေးဘူး။ ထင်ထားတဲ့ အတိုင်းပဲ ဒီနေ့မှာတော့ ဗျိုင်းဖြူရွာနားက သံတော်လီ ဘင်္ဂါလီအုပ်စုက ထကြွတယ်။ လုံခြုံရေးက တော်တော်လေး နောက်ကျပြီးမှ ရောက်တယ်” ဟု စစ်တွေ ဒေသခံက ပြောပါသည်။

စစ်တွေ၌ ဘင်္ဂါလီများ ထကြွမှု ဆက်တိုက်ဖြစ်နေခြင်းမှာထွက်ပြေးလိုသည့် အတွက် ယခုကဲ့သို့ အကွက်ချ လုပ်ဆောင်မှုများ ဖြစ်နိုင်သည်ဟူသော ယူဆမှုများလည်း ရှိပါသည်။

“ကျွန်တော်ထင်တာကတော့ စစ်တွေမှာ ရှိနေတဲ့ ဘင်္ဂါလီတွေက သူတို့ စခဲ့တဲ့ ဇာတ်လမ်းမှာပဲ သူတို့ ထွက်ပေါက် ပိတ်နေတယ်။ သူတို့က ရခိုင်တိုင်းရင်းသားတွေ အိမ်ကို မီးစရှို့၊ ရခိုင်တွေကို စပြီး ရန်စတယ်။ ဒီမတိုင်ခင် အချိန်က သူလည်း သူ့ဟာသူနေ၊ ကိုယ်လည်း ကိုယ့်ဖာသာ နေ နေတဲ့ အချိန်မှာကတည်း သူတို့ဘက်က ရန်စမှုတွေ ရှိခဲ့တယ်။ အခုတော့ သူတို့က ရခိုင်တိုင်းရင်းသားတွေ နေတဲ့ နေရာကို မီးရှို့တော့ ဒီဘက်က လုံခြုံရေးအရ ကာကွယ်ရတာတွေ ရှိလာတယ်။ ဒီအခါမှာ ရခိုင် တိုင်းရင်းသားတွေလည်း ဘာအလုပ်မှ မလုပ်နိုင်ပဲ သူတို့ရန်ကို ကာကွယ်နေရတယ်။ သူတို့လည်း ရွာပြင် ထွက်လို့ မရနိုင်ဘူး ဖြစ်တယ်။ ဒီအခါမှာ ရခိုင်တိုင်းရင်းသား အိမ်တွေနဲ့နီးတဲ့ သူတို့အိမ်တွေကို ကိုယ်တိုင် မီးပြန်ရှို့တယ်။ နောက်တော့ ရခိုင်အိမ်တွေကို မီးကူးအောင်လုပ်တယ်။ ရခိုင်တွေက မီးဝိုင်းသတ်တဲ့ အချိန်မှာ ထွက်ပြေးမယ်ဆိုတဲ့ အကြံနဲ့ လုပ်ပုံရတယ်။ အခု ဖြစ်နေတာတွေကို ကြည့်ရင် ဒီလို ပြေးနိုင်ဖို့ အကွက်ချ လုပ်နေတယ်လို့ မြင်တယ်” ဟု စစ်တွေ ဒေသခံက ပြောပြခဲ့သည်။

"သူတို့ ပြေးနိုင်တာ ပင်လယ်ထွက်ပေါက်ဘက်ပဲ ရှိတယ်။ သူတို့ကရေကို ရခိုင်တိုင်းရင်းသားတွေ ထက် ကျွမ်းကျင်မှုရှိတယ်။ ပင်လယ်ဝကိုစီးတဲ့ ချောင်းတွေက တစ်ဆင့် သူတို့ ထွက်ပြေးဖို့ ကြံပုံရတယ်။
စစ်တွေမြို့ ဆိုတာကလည်း ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းစု သဘောဖြစ်နေတယ်။ ဘုမေဘက်ကနေ ဆိုရင် တောက်လျှောက် ဘင်္ဂါလီရွာတွေချည်းပဲ ဖြစ်တဲ့ အပြင် ပင်လယ်ဝနဲ့ နီးတဲ့အတွက် သူတို့ ၀င်ထွက်ဖို့ ပိုလွယ်တယ်။ တစ်ကယ်တန်း တွေးကြည့်မယ်ဆိုရင် စစ်တွေမြို့ထဲက ဘင်္ဂါလီတွေက ပြေးဖို့ မလွယ်ဘူး။ မြို့ပြင်က ဘင်္ဂါလီတွေကတော့ ပြေးလို့ ရတယ်။ ဒါပေမဲ့ မြို့တွင်းနဲ့ နီးတဲ့ ဘင်္ဂါလီအုပ်စုတွေကို ငဲ့ပြီး မြို့ပြင်က ဘင်္ဂါလီတွေက ထကြွနေတဲ့ သဘောရှိတယ်။ အခုချိန်မှာ သူတို့ ဆုပ်လည်းစူး၊ စားလည်း ရူးဖြစ်နေပြီ။ သူတို့ အဲလိုဖြစ်တာနဲ့ပဲ ရခိုင်တိုင်းရင်းသားတွေ ပျက်စီးရာ၊ ပျက်စီးကြောင်း ကြံနေတယ်လို့ ထင်တယ်” ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိအနေအထားတွင် ဘင်္ဂါလီများ၏ ထကြွမှုမှာ ဆက်လက်ဖြစ်ပေါ်နေပါသည်။

“ပစ်မိန့်လည်း ပေးထားပြီးပြီ။ မပစ်သေးပါဘူး။ မိုးပေါ်ထောင်ခြောက်လှန့် ပစ်ခတ်တာတွေပဲ ရှိနေတာပါ။ ဒီနေ့ကြားနေတဲ့ အသံတွေက ရွာတွေမှာ မီးလောင်လို့ ၀ါးပိုးဝါးတွေ ကွဲတဲ့အသံက ပိုများနေပါတယ်။ မီးရှိုတဲ့ ဘင်္ဂါလီတစ်ချို့ကို ဖမ်းမိထားတယ်တော့ ကြားတယ်။ ဘယ်လောက် ဖမ်းမိထားတယ် ဆိုတာတော
မသိသေးဘူး။ လုံခြုံရေးအင်အားအတွက် တပ်တွေတော့ ရောက်နေပါပြီ။ 
ကျွန်တော်တွေ့ရသလောက်တော့ ထောက်ပို့၊ ဒကစ ၊ BEMP ၊ GE၊ ခမရ ၃၅၄ တပ်တွေ ရောက်နေပါပြီ။ အတိအကျတော့ မသိရသေးပါဘူး။ လုံခြုံရေးအင်အားက မလောက်တော့ ဘင်္ဂါလီရန်က ကာကွယ်ဖို့ ရခိုင်တိုင်းရင်းသားတွေက ရရာလက်နက်တွေ ကိုင်ပြီ ကိုယ့်ဒေသ ကိုယ်လုံခြုံအောင် လုပ်နေရတာပေါ့။ သူတို့ကလည်း တပ်လာမှ ကြောက်တယ် ထင်တယ်။ တပ်တို့၊ လုံထိန်းတို့ မရှိဘူးဆိုရင် ရခိုင်တိုင်းရင်းသားရွာတွေကို မီးရှို့ဖို့ ကြိုးစားပြီး တပ်လာရင်တော့ နောက်ပြန်ဆုတ်သွားတယ်။ တပ်မရှိတော့ ပြန်ထွက်လာတယ်။ အဲဒီတော့ ရခိုင်တိုင်းရင်းသားတွေက ကိုယ့်ရပ်ကွက် အပိုင်းအလိုက် လုံခြုံရေးကို ဂရုစိုက်နေရတယ်” ဟု ရခိုင်တိုင်းရင်းသား လူငယ်တစ်ဦးက ပြောပါသည်။

လက်ရှိအချိန်တွင် ဘင်္ဂါလီများက စစ်တွေမြို့ပတ်လည်ရှိ ရခိုင်းတိုင်းရင်းသားများ၏ ရပ်ကွက်များအပါအ၀င် ၄င်းတို့၏ နေအိမ်များကို မီးရှို့ထားခဲ့ပြီး ဖြစ်ပါသည်။ ရွှေပြားရပ်ကွက်ရှိ ဘင်္ဂါလီနေအိမ်အချို့မှာမူ ရခိုင်တိုင်းရင်းသားများ၏ မီးရှို့ဖျက်ဆီးမှုကို ခံထားရပါသည်။ ရခိုင်တိုင်းရင်းသားများ မီးရှို့ဖျက်ဆီးခဲ့သည့် ဘဂါင်္နေအိမ်များမှာ စွန့်ခွာထွက်ပြေးသွားပြီး ဖြစ်သော လူမနေသည့် အိမ်များကို မီးရှို့ခဲ့ခြင်းသာ ဖြစ်ပြီး ဘင်္ဂါလီတို့ ထပ်မံလာရောက် နေထိုင်နိုင်ခြင်း မရှိစေရန် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ထကြွသော နာဇီ ဘင်္ဂါလီ အုပ်စုသည် နာဇီရွာအတွင်း၌ ရှိနေသော မြန်မာဘုန်းတော်ကြီးကျောင်းများကို မီးရှို့ဖျက်ဆီးခဲ့သည်သာ မကဘဲ အာကျိတ်တော်ကုန်း အနီးတွင် ရှိနေသော ရွှေဗိမာန်တောရကျောင်း၊ သောင်ဒရာကျောင်းနှင့် ယသဓမ္မကျောင်း အစရှိသည့် ဘုန်းတော်ကြီးကျောင်းများကို စီးနင်းထားပါသည်။ စီးနင်းခံခဲ့ရသည့် ဘုန်းတော်ကြီး ကျောင်းများမှာ သံဃာတော်များမှာမူ အာကျိတ်တော် ကုန်းဘက်သို့ ထွက်ပြေး လွတ်မြောက်ခဲ့ပါသည်။ ထိုဘုန်းတော်ကြီး ကျောင်းများမှာ နာဇီရွာနှင့် ကပ်လျက်တွင်
ရှိနေသော ကျောင်းများ ဖြစ်ပါသည်။ ထို့အပြင် အာကျိတ်တော်ကုန်းဘက်ရှိ မြန်မာဘုန်းကြီးကျောင်းများကို စီးနင်းရန်အတွက် လူအင်အား ရာဂဏန်းကျော်ရှိသော ဘင်္ဂါလီများက ယနေ့မွန်းလွဲပိုင်းတွင် ကြိုးပမ်းခဲ့သဖြင့် ရဟန်းတော်များနှင့် အနီးအနားကျေးရွာများမှ ရခိုင်တိုင်းရင်းသားများက စုပေါင်း ကာကွယ်ခဲ့ပါသည်။

အလားတူပင် ယနေ့ မွန်းလွဲပိုင်းတွင် သံတော်လီ ဘင်္ဂါလီအုပ်စုနှင့် ဗျိုင်းဖြူရွာမှာ ရခိုင်တိုင်းရင်းသားတို့ ထိပ်တိုက်တွေ့မှု ဖြစ်ပါသည်။ ထိုထိပ်တိုက်တွေ့မှုသည် သံတော်လီရွာမှ ဘင်္ဂါလီများက ဗျိုင်းဖြူရွာအတွင်း ၀င်ရောက်ဖျက်ဆီးရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ထိပ်တိုက် တွေ့ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ အဆိုပါ ထိပ်တိုက်တွေ့မှုတွင် ရခိုင်တိုင်းရင်းသား ၄ ဦး သေဆုံးခဲ့ပြီး မူလက သေနတ်ဒဏ်ရာဖြင့် သေဆုံးသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း အလောင်းကို မြင်တွေ့ရချိန်တွင် ဓားဒဏ်ရာဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း သိရပါသည်။
သို့သော် သေဆုံးသူ ၄ ဦးအနက် နှစ်ဦး၏ အလောင်းကို ဘင်္ဂါလီများက ၄င်းတို့ရွာအတွင်း ယူဆောင်သွားသဖြင့် ရခိုင်တိုင်းရင်းသားများက သံတော်လီရွာအတွင်း ၀င်ရောက်ပြီး အလောင်းပြန်ယူရန် ကြိုးပမ်းမှု ဖြစ်ခဲ့ပါသည်။ သို့ရာတွင် စစ်တပ်နှင့် လုံထိန်းများ ရောက်ရှိလာခဲ့ပြီး နောက် အဆိုပါ တပ်ဖွဲ့ဝင်များမှ သံတော်လီရွာသို့ ၀င်ရောက်ပြီး အလောင်းပြန်တောင်း သဖြင့် ပြန်လည် ရရှိခဲ့ကြောင်း သိရပါသည်။

"စစ်တွေက ဘင်္ဂါလီတွေရဲ့ ဒီလုပ်ရပ်တွေက ဘယ်လိုရည်ရွယ်ချက်နဲ့ ဘာကို လိုချင်လို့ ဒီလို လုပ်နေသလဲဆိုတာ အခုထိ စဉ်းစားလို့ မရသေးဘူး။ သူတို့ ဘက်က အေးအေးချမ်းချမ်းနေရင် ကျွန်တော်တို့ကလည်း အေးအေးချမ်းချမ်းပဲ ဆက်ဆံမှာပါ။ အခုတော့ သူတို့လည်း ချောင်ပိတ်နေတယ်။ ကျွန်တော်တို့လည်း အလုပ်ပျက်၊ အကိုင်ပျက်နဲ့ ရရာလက်နက်စွဲပြီး ကိုယ့်နေရပ် ကိုယ့် လုံခြုံရေး ကိုယ်လုပ်နေရတယ်။ ဒီအတိုင်းဆက်သွားနေရင် သူတို့လည်း ရိက္ခာပြတ်တော့မယ်။ ကျွန်တော်တို့ ဘက်မှာလည်း အခက်အခဲ ရှိလာနိုင်တယ်။ အခုတောင် ကယ်ဆယ်ရေးစခန်းတွေမှာ ရိက္ခာမလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရ
တယ်။ ဘာလို့များ ပြဿနာတွေ ဖြစ်စေနိုင်မယ့် ဖန်တီးမှုတွေကို ဘင်္ဂလီတွေ လုပ်နေကြတာလဲ" ဟု စစ်တွေ မြို့ခံလူငယ်တစ်ဦးက ပြောပါသည်။

ယနေ့နံနက်ပိုင်းတွင် မီးလောင်ကျွမ်းထားသော ဘင်္ဂါလီ အလောင်း ၅ လောင်းခန့်ကို စစ်တွေမြို့ မြို့သူကြီး ရပ်ကွက် ပင်လယ်ကမ်းစပ်တွင် တွေ့ရှိခဲ့/သည်ဟု သိရပါသည်။ ယနေ့ ညနေက ဖြစ်ပွားခဲ့သော ဗျိုင်းဖြူရွာမှ ရခိုင်တိုင်းရင်းသားများနှင့် သံတော်လီရွာ ဘင်္ဂလီအုပ်စုများ ထိပ်တိုက်တွေ့မှုတွင် လူ ၆ ဦးသေဆုံးခဲ့ပြီး ၄ ဦးမှာ ရခိုင်တိုင်းရင်းသားများ ဖြစ်ကာ ၂ ဦးမှာ ဘင်္ဂလီများ ဖြစ်ပါသည်။ Eleven Media Group
-----------------------------------
စစ်တွေမြို့ပေါ်တွင် လုံခြုံရေးအခြေအနေ နည်းပါးနေသောကြောင့် ဒေသခံ အမျိုးသားများနှင့် အမျိုးသမီးများမှာ စိုးရိမ်ကြောင့်ကြနေကြပြီး ဒုတ်၊ ဓားများ ကိုင်ဆောင်ကာ လမ်းမပေါ်သို့ စုဝေးရောက်ရှိနေကြကြောင်း ဒေသခံများက ပြောကြားသည်။

“ လုံခြုံရေးအင်အားမလုံလောက်တော့ ဒီဘက်က လိုက်ပြီးထိန်းရင် ဟိုဘက်က ဘင်္ဂါလီတွေ ထွက်လာတယ်။ ဟိုဘက်က လိုက်ရင် ဒီဘက်က ပြန်ထွက်လာတယ်။ အဲ့လိုဖြစ်နေတော့ ရခိုင်တွေလည်း ဒုတ်၊ ဓားဆွဲပြီး လမ်းပေါ်ထွက်လာကြတယ်”ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင် တစ်ဦးက ဆိုသည်။

စစ်တွေမြို့ပေါ်တွင် ဆူပူအကြမ်းဖက်မှုများကြောင့် တပ်မှ ကားတစ်စီး ရောက်ရှိလာသည်ကို တွေ့ရကြောင်း ၄င်းက ပြောကြားသည်။
The Voice 
------------------------------
ရခိုင်ပြည်နယ် ဆူပူအကြမ်းဖက်မှုကြောင့် ဒုက္ခသည် တစ်သောင်းကျော်ရှိဟုဆို

လူမျိုးရေးအသွင်ဆောင်သော ဆူပူအကြမ်းဖက်ပဋိပက္ခမှု များ ဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု၊ နေအိမ်များ မီးရှို့ခံရမှုတို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြသော ဒုက္ခသည် ၁၂၀၇၄ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ၂ နာရီအထိ စာရင်းအရ မောင်တောမြို့နယ်တွင် ဒုက္ခသည် ၃၈၇၄ဦး၊ ဘူးသီးသောင်းမြို့နယ်တွင် ဒုက္ခသည် ၁၃၀၀ဦး၊ စစ်တွေမြို့တွင် ဒုက္ခသည် ၄၉၀၀ဦးနှင့် ရသေ့တောင်တွင် ဒုက္ခသည် ၂၀၀၀ဦး စုစုပေါင်း ၁၂၀၇၄ ဦးရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။
The Voice 
--------------------------------
ဓည၀တီရပ်ကွက်တွင် မီးရှို့ရန် ကြိုးစားခဲ့သူ ဘင်္ဂါလီလူမျိုး ငါးဦးခန့်ကို ဓာတ်ဆီပုံးများနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ The Voice 
---------------------------------
စစ်တွေမြို့ပေါ် ရပ်ကွက်အချို့ မီးလောင်မှုဖြစ်ပွား

ဆူပူအကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ ဓည၀တီရပ်ကွက်၊ မကျည်းမြိုင် (၅) ရပ်ကွက်နှင့် နာဇီရွာတို့တွင် မီးလောင်မှုများဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓည၀တီရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားနေပြီး စစ်တွေမြို့တွင်းသို့ ဘဂါင်္လီလူမျိုးအများအပြားဝင်ရောက် လာမှုကြောင့် ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်နေကြောင်း၊ ယင်းသို့ သေနတ်များဖြင့် ပစ်ခတ်သော်လည်း ဘဂါင်္လီလူမျိုးများမှာ ဆုတ်ခွာမသွားဘဲ ရှေ့ဆက်တိုးလာကြကြောင်း၊ ယခုအခါ စစ်တွေမြို့ပေါ်တွင် ဆူပူအကြမ်းဖက်မှုများ ပိုများလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly က ဒေသခံများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းစဉ် ဖုန်းထဲမှ သေနတ်သံများကို ကြားနေရသည်။
ကိုးကား - The Voice 


စစ်တွေမြို့အနီး မကျည်းမြိုင် ရပ်ကွက်(၅)တွင်မီးလောင်မှုဓါတ်ပုံများ
------------------------------------------------------------
စစ်တွေမြို့ ဓည၀တီ ရပ်ကွက်အနီး မီးလောင်ကျွမ်းနေသည်ကို ယနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ အချိန်က တွေ့ရစဉ်။


-----------------------------
စစ်တွေမြို့ ဗျိုင်းဖြူရွာတွင် လူသုံးဦး သေဆုံး

ဆူပူအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသော စစ်တွေမြို့ မြောက်ဘက်ရှိ ဗျိုင်းဖြူရွာတွင် ယနေ့ နံနက်ပိုင်းတွင် ဘင်္ဂါလီများက နေအိမ်များအား မီးရှို့ကာ ဒေသခံများကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရခိုင်တိုင်းရင်းသားသုံးဦးသေဆုံးပြီး ဆယ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် စုံစမ်းသိရှိရသည်။

အဆိုပါကျေးရွာသို့ ယခုအချိန်ထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ မရောက်ရှိသေးကြောင်း ၄င်းတို့က ဆိုသည်။

“ဘင်္ဂါလီတွေက သေနတ်ပစ်ပြီးတော့ ရွာကို မီးရှို့ဖို့ ၀င်လာတဲ့အခါ ရခိုင်တွေက ဓားနဲ့ ပြန်ခုတ်တယ်။ အဲ့ဒီမှာ ဘဂါင်္လီဘက်က လူအင်အားအတော်များတော့ ဒဏ်ရာရတဲ့သူတွေမှာ ရခိုင်တွေ ပိုများတယ်” ဟု ဗျိုင်းဖြူရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောကြားသည်။ ကိုးကား - The Voice
-----------------------
စ⁠စ်တွေမြို့၊ နာဇီကျေးရွာအနီးရှိ ဗုဒဘာသာ ဘုန်းတော်ကြီးကျောင်းသုံးခုကို ဘင်္ဂါလီလူမျိုးများက ယနေ့နံနက် ၁၁ နာရီခန့်က မီးရှို့ခဲ့ပြီး ယခုအခါ မီးငြိမ်းသွားပြီဖြစ်သော်လည်း မီးခိုးများ ထွက်ပေါ်နေဆဲဖြစ်ကြောင်းစ⁠စ်တွေမြို့ ရှိ သတင်းထောက်က ပေးပို့သည်။ ဘုန်းတော်ကြီးကျောင်းများမှာ ဇေယျမင်္ဂလာ၊ စန္ဒာလောက၊ ရတနာ့ဗိမာန်ကျောင်းများဖြစ်သည်ဟု သိရသည်။ အဆိုပါ နာဇီကျေးရွာအနီးရှိ ရွာသာယာကျေးရွာကို ဘင်္ဂါလီလူမျိုးများက မီးရှို့မည်ဟူသည့် သတင်းများလည်း လွန်ခဲ့သည့် တစ်နာရီခန့်က ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ ကိုးကား - The Voice

----------------------------
ရန်ကုန်လေဆိပ်တွင် အထူးစစ်ဆေးမှုများပြုလုပ်ရန် ညွှန်ကြား
ရန်ကုန်- ဇွန် ၁၁
စစ်တွေမြို့နှင့် သံတွဲမြို့များမှ ပြန်လာသည့် ခရီးသည်များကို ရန်ကုန်လေဆိပ်တွင် စနစ်တကျစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရန်ကုန်လေဆိပ်မှ အဓိက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“လူဝင်မှုကြီးကြပ်ရေး (လ၀က)ကို စစ်ခိုင်းထားတာပါ။ မှတ်ပုံတင်နဲ့လူ နဲ့ တိုက်စစ်ဖို့။ နိုင်ငံကူးလက်မှတ်နဲ့ လူနဲ့တိုက်စစ်ဖို့၊ နောက်ပြီးသတင်းကြားထားတဲ့ လူတွေပါလာ မလာစစ်ဖို့ ညွှန်ကြား ထားတာပါ”ဟု လေဆိပ်မှ အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။ ကိုးကား - The Voice

-----------------------------------
ရခိုင်ပြည်နယ်ကျောက်တော်မြိုနယ် ကုလားတန်အထက်ပိုင်း ရခိုင် ခေါင်းတုတ်ကျေးရွာအား ဘင်္ဂလီကုလားများက အခုနောက်ဆုံးရသတင်းအရ လိုက်လံမီးချို့ဖျက်စီနေပြီဖြစ်ကြောင်းသိရှိရသည်။ 
------------------------
မောင်တောမြို့ ဗိုလ်မှူးရွာကို ဘင်္ဂါလီ ရိုဟင်ဂျာများက ဇွန်လ ၁၁ ရက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် မီးရှို့နေကြောင်း သိရသည်။ ကိုးကား- Elven Media Group

1 comments:

Anonymous said...

ကောင်းတာ်