Friday, June 22, 2012

သံစဉ်

(ဒို) မိန်းတခုထဲကို ဘလော့လည်သူ တစ်ယောက်လို မတော်တဆ ရောက်လာတယ်
(ရေ) လျှံငွေလျှံ ဒုက္ခတရားတွေကို လူပါးဝအောင်စား သောက် ပြီး စားမြုံ့ပြန် အန်
(မိ) ရိုးဖလာ အသိရိုးရာတွေကို အလွတ်ရအောင်ကျက်ပြီးတော့ မှီခို စော်ကား
(ဖာ) ရုံရောက်လိုက် ဘုန်းကြီးကျောင်းရောက်လိုက် ကိလေသာလေတိုက်နှုန်းအတိုင်း
(ဆို) နေကြတေးဟာ ဘယ်သူကြားဖို့မှ မဟုတ်သလို ဘယ်နားကိုမှမစော်ကားခဲ့ပါဘူး
(လာ) လိုက်သွားလိုက် ဆိုးလိုက်မိုက်လိုက် အမှိုက်တွေအမှိုက်ပုံးထဲသောင်းကျန်းသလိုမျိုး
(တီ) ကောင်တကောင်လို... ငါးမျှားခြင်းမှာ စွန့်လွှတ်ခဲ့သမျှ ကိုယ့်အတွက် ဘာမှမကျန်
(ဒို) မိန်းတခုထဲမှာ ဗိုင်းရပ်တကောင်လို အသတ်ခံရတယ်...ဒါဘုရားသခင်ရဲ့ တီးလုံးတီးကွက်ပဲ။ ။

ကေသာဦးခိုက်

1 comments:

Anonymous said...

လူသားဟာ ဘုရားသခင် ကိုယ်တိုင်ပြုလုပ်ထားပြီး သူ့ပယောဂနဲ့သူ ကြိုးတစ်ချောင်းထက်မက ပြတ်နေတဲ့ ဂစ်တာပါ....သူကိုယ်တိုင် ကောက်ကိုင် မတီးတော့တာ ကြာလို့ အပစ်ပယ်ခံ ငါတို့တွေ...။