Saturday, June 16, 2012

ခွေးမြီးကောက်များ

ကျောင်းခန်းထဲမှာ
ခရောင်းလမ်းတွေနဲ့ဟေ့

စာကြည့်တိုက်ထဲမှာ
သမာဓိအမိုက်အမဲတွေနဲ့ဟေ့

ရာဇဝင်မှန်ထဲမှာ
အညာဆင်ဥာဏ်တွေနဲ့ဟေ့

အမွေဆိုးအမှားထဲမှာ
အဖြေကိုးကားချက်တွေနဲ့ဟေ့

အမှားကိုင် ခရီးစခဲ့ ခလေးများ
တားမနိုင် ဆီးမရ ဆက်မွေးဖွားနေတယ်

ငါ့တို့ဟာ
အတိတ်ဆိုးအသိတရားကြောင့်
စိတ်ပိုးထိသွားပြီး
ပစ္စုပ္ပန်တည့်တည့်မှာ
အလစ်သုတ်ခံကွက်မျက်ခံရသော
အနာဂတ်ရဲ့တန်ဖိုးအားလုံး
စာမတတ်တဲ့ မာန်မျိုးဆက် အများဆုံးနဲ့ပေါ့

အဆိပ်ဆိုးသောက် ရှင်သန်မှုဆိုတာ
စိတ်တန်ခိုးကြောင့် အမြင်မှန် မှန်နိုင်ရင်တောင်မှ
အတိတ်ဆိုးကြောင့် အစဉ်ပြန် ပြန်သေရတယ် မဟုတ်လား
သခင်ဘုရား
အရှင်မှား၏။   ။

သုအိုင်စံ
၁၅.၀၆.၂၀၁၂

0 comments: