ယနေ့ (ဇွန်လ ၁၃) နံနက် ၄ နာရီခန့်အချိန်တွင် ကသဲရွာကို မီးရှို့ရန် ချဉ်းကပ်လာသော ဘင်္ဂါလီ ၂ ဦးကို ရခိုင်တိုင်းရင်းသားများက ၀ိုင်းဝန်းဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
ယနေ့ (ဇွန်လ ၁၃) နံနက်ပိုင်းတွင် စစ်တွေမြို့ကမ်းနားလမ်းရှိ မိဇံရပ်ကွက်အတွင်း မီးလောင်မှုအနည်းငယ် ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုမှာ ၀ါယာရှော့ခ်ကြောင့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယမန်နေ့က ဘင်္ဂါလီများအတွက် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့ အမျိုးသမီးများနှင့် ကလေးငယ်များ ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။သို့သော် ဘင်္ဂါလီအမျိုးသားများမှာမူ မူလက ၄င်းတို့နေထိုင်ရာ အရပ်၌ပင် ရှိနေဆဲဖြစ်ကြောင်း စစ်တွေဒေသခံများက ပြောပါသည်။
UN မှ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ စစ်တွေမြို့သို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိလာနေပြီဟု သိရသည်။
လတ်တလော အချိန်၌ စစ်တွေမြို့တွင် မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် ဘင်္ဂါလီများ၏ မီးရှို့ထွက်ပြေးမှုများ လျော့နည်းသွားလိမ့်မည်ဟု ခန့်မှန်းကြောင်း စစ်တွေဒေသခံများက ပြောပါသည်။ Eleven Media Group
Wednesday, June 13, 2012
ရခိုင်ပြည်နယ်အခြေအနေ (၁၃ ရက် ဇွန်လ ၂၀၁၂ ခုနှစ်)
Posted by
ကိုဈာန်
at
10:33 AM
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment