Tuesday, June 5, 2012

အချိန်

ဘယ်အချိန်ထဲက
ကြယ်တွေ ပွင့်နေခဲ့တာလဲ

တစ်လောကလုံး လင်းနေတယ်

ဘယ်အချိန်ထိ ကြယ်တွေ
ဆက်ပွင့်နေမှာလဲ
တစ်လောကလုံး မှောင်နေတယ်

ဘဝဆိုတာ
မသေချာမှုမှာ
နေရာလုရတဲ့ခေါင်းဆောင်ပဲ

ဘလက်ဟိုးတွေကို
ခိုးဝှက်ထားတဲ့ကောင်
မင်းကိုယ်မင်း ဘာသာတရားယောင်ဆောင်ခဲ့တယ်။ ။

သုအိုင်စံ
၀၂.၀၆.၂၀၁၂

0 comments: