Wednesday, May 30, 2012

ကျမ်းစာသစ် နှင့် ခြေလှမ်းများ

အိုမင်းလာတဲ့ တရားဒေသနာဟာ
ငိုချင်းနာနဲ့ ဖျားနေတာကြာပြီ

သူ့ခေတ်သဘောနဲ့ကိုက်ညီမဲ့ အတွေးသစ်
လူ့သစ်တောထွက်လိုက်ဖက်တဲ့ ဆေးမြစ်ကိုရှာတယ်

ယေဘူယျနဲ့သက်သေခိုင် စုစည်းတဲ့
အဖြေတူရမဲ့တွက်ခြေပိုင် ကုနည်းကိုရှာတယ်

ကမ္ဘာသစ် နေ့ရက်သစ် အလိုဆန္ဒအတိုင်း
ကာရန်သစ် ဖြည့်စွက်သင့်သလို ပြန်စပ်တယ်

အဲဒီလို
လူ့သမိုင်း ဆိုးယုတ်ချက် အတုသစ္စာများ
သူ့အတိုင်း မိုးချုပ်လျှက် ဥပေက္ခာထားခဲ့ပြီးပြီ

လူ့ယဉ်ကျေးမှုနဲ့လူရဲ့ နောက်ဆုံးပေါ်မာန်မာနအမှားများ
သူ့အထင်သေးမှုနဲ့သူ ပျောက်ဆုံးတော်လှန် ခွာချထားခဲ့ပြီးပြီ

တရားလောက ဝင်္ကဘာဆိုးရဲ့ မှန်ခြင်းမှားခြင်းများ
အများသဘောကျ အစဉ်အလာချိုးဖျက် အမြန်ရှင်းတရားခင်းခဲ့ပြီးပြီ

အဲဒီနောက်
သပ်ရပ်တင့်တယ်တဲ့ ဒဿနသစ်နယ်က
ကျမ်းစာသစ်ကြီး လမ်းမှာလွင့်နေတယ်
ဒါပေမဲ့
ခရီးရဲ့ ခေါ်ဆောင်ရာမှ ခွဲထွက်ခဲ့တယ်... ခြေလှမ်းများ။   ။

သုအိုင်စံ
၃၀.၀၅.၂၀၁၂

0 comments: