Wednesday, May 9, 2012

မနုဿတေး

ဖြစ်တည်မဲ့တန်ဖိုးနဲ့
အရောင်စပ်ထားတယ်
ဖြစ်တည်ချက်ဒဏ်ဆိုးနဲ့
ဘောင်ခပ်ထားတယ်။

ဖြတ်သန်းသွားရမဲ့ ဘဝပေး ခရီးတစ်ခုအနေနဲ့
အတောင်တပ်ထားတယ်
ပြဌာန်းထားတဲ့ ခဏလေး နည်းဥပဒေနဲ့
ထောင်ချထားတယ်။

အူဝဲဆိုတဲ့ ခြေဆင်းအော်သံနဲ့
လူထဲမှာ တီးခတ်တယ်
အတူတူပဲဆိုတဲ့ သေမင်းခေါ်သံနဲ့
လူထဲမှာ ပြီးရတယ်။

သံစဉ်ဟာ ပြန်ပြင်မရလို့
ဂီတဟာ ပီသစွာ တိတ်ဆိတ်နေရန်
လူသံတွေ ဆူညံနေ...ဆွံ့အစွာ ဝဋ်ကျနာဆဲ။   ။

သုအိုင်စံ
၀၉.၀၅.၂၀၁၂

0 comments: