Tuesday, April 3, 2012

ကိုယ်တော်ရှင် ဖန်ဆင်းတဲ့ မိုးစက်သံသရာ

အကြောင်းတမင်ဆုံ

ကောင်းကင်ဘုံက
ကြွေကျလာခဲ့
မြေခမဲ့မိုးစက်...
မြေအတတ်ကိုမသိ
မြေအကကိုမကျွမ်း
အရမ်းခုန်ချ
ဆုံရပ်ကမြေပြင်
ဝေဟင်ကိုလမ်းခွဲ
လှမ်းရဲဘဝ...စ။

တချို့မိုးစက်ဟာ
ကြွေစမှာသေ
လေထဲအငွေ့ဖြစ်
လှစ်ကနဲပျယ်
ဝိညာဉ်ငယ်ငယ်။

တချို့မိုးစက်ဟာ
ကန္တာရထဲကျ
ခဏမှာပျောက်ဆုံး
နောက်ဆုံးလိုအစ။

တချို့မိုးစက်ဟာ
တောတောင်မှာကျ
ဖော်ပြလို့ရတဲ့ဘဝပဲ။

တချို့မိုးစက်ဟာ
စမ်းချောင်းမှာဆင်း
စီးဆင်းရမဲ့ဘဝပဲ။

တချို့မိုးစက်ဟာ
မြစ်လွှာဆီနင်း
ခရီးပြင်းနဲ့ဘဝပဲ။

တချို့မိုးစက်ဟာ
ပင်လယ်မှာကျဆင်း
ချက်ချင်းထရပ်ရတဲ့ဘဝပဲ။

တချို့မိုးစက်ဟာ
သမုဒ္ဒရာပေါ်နင်း
မွေးမွေးချင်းကြီးတဲ့ဘဝပဲ။

မိုးစက်များက
ပျိုးသွားကြတဲ့
အကျိုးဆက်တွေ
မကျိုးပဲ့တဲ့ရေ။

ရေဟာသေချာ
ရေဟာရေရာ
ရေဟာရေရှာ
ရေဟာအနေကြာ
ရေဟာနေရာတကာ။

မြင့်ရာမှသည်
နိမ့်ရာဆီသို့
တိမ်းလို့စီးဆင်း
ရေမင်းသဘာဝ။

မေတ္တာဓါတ်သည်
စိတ်ဖျာညီလို့
စိမ်းညို့စီးနင်း
မြေမင်းသဘာဝ။

သစ္စာမြတ်သည်
စိတ်သာကြည်လို့
ထိန်းညှို့ချည်းနင်း
လေမင်းသဘာဝ။

ရေ မြေ လေ မှန်
ရေသံသရာပတ်
ဝဋ်သံသရာပတ်
ကျွတ်ရန်ရှာဖတ်ရမယ်။

အကြောင်းအရင်ဆုံ
ကောင်းကင်ဘုံသို့
ပြန်ဆုံဖို့ရာ
တခါကမိုးစက်များ
ထိုးတက်အားဆင်
ဘုရားသခင်အလိုတော်အရ
တောင်ပေါ်မှာစိုက်စိုက်
တောင်အောက်မှာစိုက်စိုက်
ရိတ်သိမ်းလိုက်ပြီ
အာမင်။   ။

သုအိုင်စံ
၀၃.၀၄.၂၀၁၂

0 comments: