Sunday, March 18, 2012

ဖောင်ဖျက်သွားသူများ

ဖိနပ်တစ်ဖက်က တောင်အတက်မှာ ပြတ်
တခြားတစ်ဖက်က တောင်တစ်ဝက်မှာ ရပ်
ဓါးအပဲ့က ဓါးအိမ်ထဲမှာ ရင်ကွဲနာကျ။

တောင်ခြေ မြစ်ထဲမှာတော့
ဖောင်တွေ ကစဥ့်ကရဲ နဲ့ပေါ့ကွာ။   ။

သုအိုင်စံ

(ဒီကဗျာလေးက ရေးခဲ့တာ ၁၆နှစ် ကြာခဲ့ပါပြီ...ပြန်ဖတ်တိုင်း ကိုယ့်သွေးကြောကိုယ် ဆွဲလိမ်သလို နာကျင်တယ်)

0 comments: